slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

ရွှေတောင်ဦးတိပိဋကဓရ မဟာဝိဟာရကျောင်း တိုက်ကြီးသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

မုံရွာ၊ ဧပြီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တိပိဋကဓရ မဟာဝိဟာရ ကျောင်းတိုက်ကြီးရှိ ဆရာတော်၊သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရန်ကင်းကျောင်းကြီးရှိ ဓမ္မာရုံကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ “ နမောတဿသုံးကြိမ် ”ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြ ပြီး ရန်ကင်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး ရန်ကင်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ တိပိဋကဓရ၊ တိပိ ဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ ရွှေတောင်ဦး တိပိဋကဓရ မဟာဝိဟာရကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာ တော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဆွမ်းဆန်တော် ၅၀ အိတ်၊ ဆီ ၄၂ ပိဿာ၊ ဆား ၁၇ ပိဿာ၊ ပဲ ၄၂ ပိဿာ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၇၀ ကျော်အား ဆက်ကပ်လှူဒါန်းခဲ့သည်။

၂၀၂၄-ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကြီးအား မုံရွာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ဖေဖော်ဝါရီလ ၂၈ ရက်မှစတင်၍ ဖြေဆိုလျက်ရှိရာ သြဝါဒါစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင် ဆရာတော်ကြီးများနှင့် ကြီးကြပ်ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမျှော်ကြသည်။

ယင်းနောက် သြဝါဒါစရိယဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ၊ အကျိုး တော်ဆောင်ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄-ခုနှစ်၊ အစိုးရဓမ္မာစရိယ နှင့် ပါဠိပထမပြန်စာမေးပွဲကြီး၌ ဖြေဆိုတော်မူနေကြသည့် စာဖြေသံဃာတော်၊ သီလရှင်များ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေး ကျန်းမာရေးစောင့်ရှောက်မှုနှင့် လျှပ်စစ်မီးပျက်တောက်မှု မရှိစေရေး၊ ကျောင်းအတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားမှုများအား ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အလှူငွေကျပ်- ၂၇၄၅၄၀၅၀ (နှစ်ရာခုနှစ်ဆယ့် လေးသိန်းငါးသောင်း လေးထောင့်ငါးဆယ်)အား ဆက်ကပ်လှူဒါန်းပြီး သံဃာတော်၊ သီလရှင်များ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေမှုများအား လိုက်လံဖူးမျှော် ကြည်ညိုခဲ့ကြသည်။

အဆိုပါ ၂၀၂၄-ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခရိုင် မြို့နယ် ၂၀ မြို့နယ်တို့တွင် သံဃာတော်၊သီလရှင် စုစုပေါင်း  ၄၅၂၇ ပါး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

20240405 01

20240405 01

20240405 01

20240405 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ လုပ်ပိုင်ခွင့်အပ်နှင်းထားသည့် ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားခြင်း အခမ်းအနား တက်ရောက်

မုံရွာ၊ ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေအရ လုပ်ပိုင်ခွင့်အပ်နှင်းထားသည့် ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ရှင်းလင်း မှာကြားခြင်း အခမ်းအနားကို ဧပြီလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာကိစ္စရပ်များအား အဆင်ပြေချောမွေ့စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အတည်ပြုပြဋ္ဌာန်းထားသည့် အတိုင်း ရငွေများအားရည်မှန်းထားသည့်ထက် လျော့နည်းခြင်းမရှိစေရုံသာမက ပိုမိုရရှိရန် စီမံ စည်းကြပ်ကောက်ခံသွားရန်နှင့် သုံးငွေများအား ရည်မှန်းသည်ထက် ပိုမိုသုံးစွဲခြင်းမပြုကြဘဲ ခြိုးခြံချွေတာသုံးစွဲကြရန် လိုအပ်ပါကြောင်း၊ ရငွေ၊သုံးငွေများအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေ များ၊ နည်းဥပဒေများ၊ စည်းမျည်း၊ စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ အညီ တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူ လူထုအား တိုက်ရိုက်အကျိုးပြုသည့် လမ်း၊တံတားတည်ဆောက်ခြင်း၊ လျှပ်စစ်မီး ရရှိရေးတို့အတွက် ပိုမိုလျာထားဆောင်ရွက်နိုင်ရန်အတွက် ရငွေများအားပိုမို ရရှိစေရန် ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် အသုံးစရိတ်အား ခြိုးခြံချွေတာသုံးစွဲခြင်းဖြင့် အမှန်အခြေအနေတွင် ပြည်ထောင်စုမှထောက်ပံ့ရသည့် လိုငွေဖြည့်ဆည်းမှု လျော့နည်းသွားမည် ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေအရ ခွင့်ပြုထား သည့် လုပ်ငန်းစီမံကိန်းနှင့်လုပ်ငန်းများအား အောင်မြင်စွာအကောင်အထည်ဖော်ခြင်းဖြင့် တိုင်း ဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာစေပြီး လူတစ်ဦးချင်းဝင်ငွေများ တိုးတက်ရရှိကာ ဒေသစီးပွားရေးအခြေအနေအား အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် တာဝန်ရှိသည့်ဌာနဆိုင်ရာများအားလုံးက ဝိုင်းဝန်းကြိုးပမ်းသွား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်၊ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေအရ လုပ်ပိုင်ခွင့်အပ်နှင်းထားသည့် ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ရငွေများအား စီမံစည်းကြပ်ကောက်ခံသွားမည့် အခြေအနေများနှင့် ရငွေ၊သုံးငွေများအား ပြဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့် အညီစနစ်တကျစီမံ ဆောင်ရွက်ထားရှိမှု လုပ်ငန်းအခြေအနေများအား Power Point ဖြင့် အသီးသီးရှင်း လင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက မိမိတို့သက်ဆိုင်ရာဝန်ကြီးဌာနများ အောက်ရှိ ဌာနဆိုင်ရာများ၏ ရငွေများရည်မှန်းထားသည့်ထက် လျော့နည်းမသွားအောင် ဆောင်ရွက်သွားရေးနှင့် အသုံးစရိတ်များအား စနစ်တကျစီမံဆောင်ရွက်ကာ ခြိုးခြံချွေတာသုံးစွဲ သွားရေးနှင့် ဆောင်ရွက်မည့်အစီအမံများကို အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240404 01

20240404 01

20240404 01

20240404 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.