slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ၊ ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ကျေးလက် ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ရည်ရွယ်ချက်များအတိုင်း အောင်မြင်စေရေးအတွက် ကော်မတီအဖွဲ့ဝင်အားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စာသင်ဝိုင်းများသို့ အခါအားလျော်စွာ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခြင်းများဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စာသင်ဝိုင်းများတွင်အသုံးပြုမည့် စာရေးကိရိ ယာများ၊ ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများအား သက်ဆိုင်ရာ မြို့နယ်များသို့ အချိန်မီရောက်ရှိရေး တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပညာခေတ်တွင် ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့် မားရေးအား ဦးစားပေးဆောင်ရွက်သွားရန်လိုအပ်ပြီး ရပ်ကွက်အတွင်းရှိ စာမတက်သူများ၊ ကျောင်းမနေဖူးသူများအား စာသင်ကြားနိုင်ရေးအတွက် စာသင်သားများစာရင်းနှင့် စာသင်ဝိုင်းစု ဖွဲ့စာရင်းများ ကောက်ယူ၍ စေတနာ့လုပ်အားပေး နည်းပြစာရင်းများ ကောက်ယူခြင်းတို့အား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားကြရန်လိုအပ်ပြီး သင်ကြားရေးအစီအစဉ်များ အဆင်ပြေ ချောမွေ့စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့်ကျရာ အခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများအား ရှင်းလင်း ဆွေးနွေး တင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည် သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက မိမိတို့ကဏ္ဍ များအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများအားလည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အတွင်း ကျေး လက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြ သည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက်လာသူ များက တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့ တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240402 news 01
20240402 news 02
 
20240402 news 03
20240402 news 04

စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မုံရွာ၊ ဧပြီ ၁

စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တတိယအကြိမ်) လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဝင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင် စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များမှ တာဝန်ရှိသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကြုံးဝင်သည့် အချက် အလက်နှင့်ကိုက်ညီသော အင်အားများအတိုင်း သင်တန်းတက်ရောက်မည့်သူများအား ရွေးချယ် စေလွှတ်ပေးနိုင်ရေးအား Time Frame အတိုင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဝင်များမှလည်း လုပ်ငန်းတာဝန်များအား အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်အောင် ကြိုးပမ်းဆောင်ရွက်ကာ ပြည်သူ့စစ်မှုထမ်းများအား သက်မှတ်အရေအတွက်အတိုင်း အချိန်မီစုဆောင်းရရှိရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် သင်တန်းတက်ရောက်ရာတွင်လည်း နွေးထွေးပျူဌာစွာဖြင့် ကြိုဆို လက်ခံကာ နေထိုင်စားသောက်ရေးမှအစ လိုအပ်ချက်များမရှိအောင် တာဝန်ရှိသူများမှ ဆောင် ရွက်ပေးသွားကြရန် ပြောကြားခဲ့သည်။

ယင်းနောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင်၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးညွှန့်ဝင်းအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများဖြစ်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခြင်း၊ ယာယီရွေ့ ဆိုင်းနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်/မြို့နယ်များအတွင်းရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စာရင်း ကောက်ယူရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများအား လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အတွင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး/ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ မိမိတို့ဌာနများအလိုက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက်လာသူ များမှ တိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်များဆောင်ရွက်နေမှု အခြေ အနေများနှင့် ပတ်သက်၍ အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

20240402 01

20240402 01

20240402 01

20240402 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.