slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ၊ မတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အားသစ်လမ်းနိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အရှည် ၂၅၀၀ ပေ၊ အကျယ် ၁၈ ပေ၊ ၃ လက်မခွဲထု နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းနေမှုနှင့် မုံရွာမြို့အတွင်းရှိ ရပ်ကွက်လမ်းများ၌ နိုင်လွန်ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းများဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာမြို့အတွင်းရှိ ရပ်ကွက်လမ်းများ၌ နိုင် လွန်ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့သစ်ရပ်ကွက်ရှိ ထင်းရှူးလမ်း အရှည် ၂၅၀၀ ပေ၊ အကျယ် ၁၈ ပေ၊ ၃ လက်မခွဲထု နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းပြီးစီးမှုအား တာဝန်ရှိသူများနှင့်အတူ ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ ရပ်ကွက် နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ ရပ်ကွက်များအတွင်းရှိ လမ်းများအား သန့်ရှင်းသပ်ရပ်စေရေးနှင့် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်း ခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်း မွန်စေရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ မဂ်လာလမ်း လမ်းဘေးဝဲ/ယာများအား တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ များနှင့် လူမူရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား စားသုံးဆီများနှင့် တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများနှင့် ရပ်ကွက်နေ ပြည်သူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၂ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၃၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

20240401 06

20240401 07

20240401 06

20240401 06

20240401 07

20240401 06

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ် ငန်းကော်မတီ (၃/၂၀၂၄) အစည်းအဝေး တက်ရောက်

မုံရွာ၊ မတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၃/၂၀၂၄) အစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခို ရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မ တီဝင်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အခုလိုလစဉ်အစည်းအဝေးများ ပြုလုပ်ရ ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းများအား လေ့လာသုံးသပ် ကြည့်သည့် အခါ စစ်ကိုင်းခရီးသွားဇုန်သည် ပြည်တွင်းခရီးသွားနှင့် နိုင်ငံခြားသားပြည်ပဧည့်သည်များပါ အဆက်မပြတ် ဝင်ရောက်သည်ကို တွေ့ရှိရသည့်အတွက် အဆင်ပြေအချော မွေ့ဆုံးအအောင် မြင်ဆုံး ခရီးသွားဇုန်တစ်ခု ဖြစ်ပါကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ လိုင်စင်ရရှိပြီး ဟိုတယ်၊တည်းခို ရိပ်သာများအားလုံး ဖွင့်လှစ်ထားနိုင်သကဲ့သို့ လုပ်ငန်းလိုင်စင်အသစ်အ တွက်လျှောက်ထားလာ သည်ကိုလည်း တွေ့ရပါကြောင်း၊ လျှောက်ထားလာသည့် လိုင်စင်များအတွက် လိုအပ်ချက်များ အား လွယ်ကူချောမောအောင် ဟိုတယ်ခရီးနှင့်ထောက်ခံရမည့် ဌာနဆိုင်ရာများအနေဖြင့် အမြန် ကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့်လည်း ဟိုတယ်၊တည်းခိုရိပ်သာများ၏ ဝန်ဆောင်မှု ကောင်းမွန်ရေး၊ ခရီးစဉ်ဒေသအလိုက် လိုအပ်ချက်များအား ဖြည့်ဆည်းပေးကာ ရေရှည်တည် တံ့သည့် ခရီးသွားလုပ်ငန်းများ ဖြစ်စေရေးအတွက် အကောင်အထည်ဖော် ဆောင် ရွက်ပေး လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဘုရားဖူးခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုအခြေခံ ခရီး သွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများနှင့် အခြားခရီးသွားလုပ် ငန်းအမျိုးအစား များစွာ ဖော်ဆောင်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်တွင်းခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး
အတွက် အားထည့်ဆောင်ရွက်နေသကဲ့သို့ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည် ပတ်ရေးအတွက်လည်း ဈေးကွက်မြှင့်တင်ကြော်ငြာခြင်း လုပ်ငန်းများအား အွန်လိုင်းမီဒီယာများ မှတစ်ဆင့် ကျယ်ပြန့်စွာဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ တည်းခိုနေထိုင်ရေးတို့ အတွက် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာ များမှလုပ်ငန်းရှင်များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၂/၂၀၂၄ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည် ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများပတ်ဝန်းကျင်များတွင် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ လမ်းပန်း ဆက်သွယ်ရေး၊ လုံခြုံရေး အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240401 01

20240401 01

20240401 01

20240401 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.