slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၉)နှစ်မြောက်၊တပ်မတော်နေ့အထိမ်းအမှတ် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးပွဲနှင့်ပြပွဲအခမ်းအနား တက် ရောက်

မုံရွာ၊ မတ် ၂၈

(၇၉)နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးပွဲနှင့် ပြပွဲအခမ်းအနားကို မတ်လ ၂၇ ရက်၊ နံနက် ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး သင်တန်းခန်းမတွင် ကျင်းပ ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးသည် ရေသယံဇာတ၊ မြေသယံဇာတ ပေါကြွယ်ဝပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကောင်းများ တည်ရှိနေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ပြည်နယ်နှင့် တိုင်းအားလုံး တွင် ဒုတိယအကျယ်ဆုံး တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အနေဖြင့် လည်း သီးနှံမျိုးစုံဖြစ်ထွန်းရာ တိုင်းဒေသကြီးတစ်ခုဖြစ်တာကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် လည်း အားထားရသည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကစိုက်ပျိုး ထုတ်လုပ်လျှက်ရှိသည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး ကြိုးစားဆောင် ရွက်နေသကဲ့သို့ မြန်မာနိုင်ငံ၏ အဓိကသီးနှံ(၁၀)မျိုးတွင် ပါဝင်သည့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကိုလည်း အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း သီးနှံမျိုးစုံစိုက်ပျိုးနိုင်ရေးအတွက် ရေလိုအပ်ချက်အား လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး ဆည်မြောင်းတာတမံများ တည် ဆောက်ပေးခြင်း၊ ယခင်သမားရိုးကျ စိုက်ပျိုးနေသည့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်ပြောင်းလဲနိုင်ရေး ခေတ်မီစက်ကိရိယာများ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ သီးနှံအလိုက် မျိုးကောင်း၊မျိုးသန့်များ အသုံးပြုစိုက်ပျိုး နိုင်ရေးအထွက်နှုန်းကောင်းမွန်သည့် မျိုးများဖြန့် ဖြူးခြင်း၊ တောင်သူများလိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ လွယ်ကူစွာရရှိသုံးစွဲနိုင်ရေး ကူညီပေးခြင်း၊ ယခင်တစ်သီးစား မှသည် ယခုအခါနှစ်သီးစား၊ သုံးသီးစားအထိ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးခြင်းစသည့် ကဏ္ဍများကိုလည်း စွမ်းအားရှိသ၍ ဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးစွမ်းအားမြှင့်တင်ရေးနှင့် စားရေရိက္ခာဖူလုံရေး အတွက် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ဧကလျာထားချက်များ ပြည့်မီရေးအတွက် တက်ရောက်လာသည့်ဌာနများမှ ဟန်ချက်ညီညီဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အဓိကသီးနှံ များပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးပွဲ၊ ပြပွဲအခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက Drum Seeder များ ထောက်ပံ့ပေးအပ်ရခြင်းအား လည်းကောင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက မြန်မာ့ဆန်ပို့ကုန်ပိုမိုတိုးမြှင့် တင်ပို့နိုင်ရေးအား လည်းကောင်း၊ ကော လင်းခရိုင်၊ စိုက်ပျိုရေးဦးစီးမှူးက ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအား လည်းကောင်း၊ စိုက်ပျိုးရေးပညာရှင် ဦးအေးပိုက ပဲမျိုးစုံပန်းတိုင်အထွက်နှုန်းရရှိရေး အခြေခံလိုအပ်ချက်များ အားလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက တောင်သူနည်းပြပညာပေးမှုမြှင့်တင်ရေး မီဒီယာ၏အခန်းကဏ္ဍအား လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်း အတွင်း ကျင်းပပြုလုပ်သော မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်သို့ Drum Seeder များ ထောက်ပံ့ပေး အပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ Drum Seeder ၄၀ လက်အား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ဘုတလင် မြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ Drum Seeder ၂၀ လက်အား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက အရာတော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ Drum Seeder ၂၀ လက် အားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးမှူးထံ Drum Seeder ၂၀ လက်အား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ် ရေးဝန်ကြီးက ယင်းမာပင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ Drum Seeder ၄၀ လက်အား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ပုလဲမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ Drum Seeder ၂၀ လက်အား လည်းကောင်း၊ တိုင်းဒေသကြီး ဉပဒေချုပ်က ဆားလင်းကြီး မြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ Drum Seeder ၂၀ လက်အား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက ကနီမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ Drum Seeder ၂၀ လက် အားလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် Drum Seeder အလက် ၂၀၀၀ (နှစ်ထောင်)ထောက်ပံ့ပေးအပ်သွားမည် ဖြစ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကြက်သွန်နီအထူး ဇုန်နှင့် စံပြစိုက်ခင်းစိုက်ပျိုးတောင်သူများအား ပံ့ပိုးပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဒေသခံ တောင်များထံ ရွက်ဖျန်းမြေဩဇာ၊ ဝါမျိုးစေ့၊ နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဒေသ ခံတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခြွရေးဦးစီးဌာန ပြခန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာန ပြခန်းများ၊ တိုင်းဒေသကြီး စက်မှု လယ်ယာဦးစီးဌာနမှ လက်တွန်းထွန်စက်၊ လက်တွန်းမြေဖွစက်များနှင့် မြေလွှာမဲ့စိုက်ပျိုးနည်း စနစ် (Hydroponic)၊ ပျိုးဥယျာဉ် (Nursery Farm)၊ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် စားဖို ဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20240328 12

20240328 12

20240328 12

20240328 12

20240328 12

20240328 12

20240328 12

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များသို့ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မုံရွာ၊ မတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များသို့ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲအခမ်းအနားကို မတ်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတိုင်းဒေသကြီးအနေဖြင့် နှစ်စဉ် မိုးစပါးဧက ၁၈ သိန်းကျော်နှင့် နွေစပါးဧက ၂ သိန်းကျော် စိုက်ပျိုးနေသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ စပါးပန်းတိုင်အထွက်နှုန်း တစ်ဧတင်း(၁၀၀) ထွက်ရှိရေးအတွက် မျိုး ကောင်းမျိုးသန့်များသုံးစွဲသွားကြရန် လိုအပ်သကဲ့သို့ စိုက်ပျိုးနည်းစနစ် မှန်ကန်မှုသည်လည်း အဓိကအရေးကြီးသည့် အချက်တစ်ခုဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းအား လျော့ကျစေမည့် တိုက် ရိုက်အစေ့ချစိုက်ပျိုးခြင်းနှင့် ကြဲပက်စိုက်ပျိုးခြင်းများထက် လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder များအား အသုံးပြုစိုက်ပျိုးနိုင်ရန်အတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခုလို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊လက်ဆွဲမျိုးစေ့ချကိရိယာများအား အသုံးပြုစိုက်ပျိုးခြင်းဖြင့် မျိုးစေ့ကုန်ကျမှုသက်သာ ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ လုပ်ငန်းပြီးစီးမှုမြန်ဆန်လာမှာဖြစ်ပြီး စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တာဝန်ရှိသူအားလုံးအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် မိမိ ကောင်းကျိုး၊ ရပ်ရွာကောင်းကျိုး၊ ဒေသကောင်းကျိုးများအတွက် ပူးပေါင်းဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စက်မှု လယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက စစ်ကိုင်း ခရိုင်အတွင်းရှိ မြို့နယ်များသို့ လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)ပေးအပ်ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အတွင်းဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)အား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန် ကြီးက မြင်းမူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)အား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်ဆက်သွယ်ရေးဝန်ကြီးက မြောင်မြို့နယ်၊ စိုက်ပျိုးရေးဦး စီးမှူးထံ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)အားလည်းကောင်း အသီးသီး ထောက်ပံ့ ပေးအပ်ကြသည်။

ထို့နောက် ဒေသခံတောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ Blue Bird သံနှင့်ပလပ်စတစ် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း လူသုံးကုန်သံပစ္စည်း ၁၆ မျိုးကျော်နှင့် ပလပ်စတစ်ပစ္စည်းမျိုးစုံ ၂၀၀ ကျော် ထုတ်လုပ်နေမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီပြီး ပြည်သူများ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူအသုံး ပြုနိုင်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အား အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး သံနှင့်ပလပ်စတစ် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်ကုန်များ ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကောင်းကြိုက် အဆင့် မြင့် ကြက်ဥဂျူံခေါက်ဆွဲ စက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ဂျူံခေါက်ဆွဲ ထုတ်လုပ်နေမှုများ နှင့် ထုပ်ပိုးနေမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

20240328 01

20240328 01

20240328 01

20240328 01

20240328 01

20240328 01

20240328 01

20240328 01

20240328 01

20240328 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.