၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများ ကြည့်ရှု
မုံရွာ၊ ဇွန် ၈
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် ဇွန်လ ၈ ရက်နေ့၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (အလုံ)ကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များ ပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားမိဘများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများ စားဖိုဆောင်သီးနှံများ စိုက်ပျိုးနေမှုများ အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့နှင့် ဆီကုန်သည်ကြီးများအသင်းမှ တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များ နှင့်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များဆောင်ရွက်နေကြသူများနှင့်အတူတကွ နံနက်စာသုံးဆောင်ခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၅ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၉၀၀ ကျော်ဖြင့် ကျောင်းများဉပဓိရုပ်ကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်း များကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း(အလုံ) ကျောင်းဝန်းအတွင်းရှိ စိုက်ပျိုး၊မွေးမြူရေးအထက်တန်း ကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူ အိပ်ဆောင်အားသွား ရောက်ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်မီးရရှိရေးနှင့် သောက်သုံးရေရရှိရေးတို့အား တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ်၊ စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည့် မုံရွာလေဆိပ်အဝင်လမ်းနှင့် လေဆိပ်ပင်မ ဆောင်ဝန်းအတွင်း အခြေခံအလွှာပြုပြင်ခြင်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းခွင်သို့ ရောက် ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အကျယ် – ၆၀၇၁၀ စတုရန်းပေ ထု ၃ လက်မခွဲထု နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေ မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လေဆိပ်အားတိုင်းဒေသကြီး၏ မြို့တော် အဆင့်နှင့် ကိုက်ညီအောင် အဆင့်မြှင့်တင်သွားရန်၊ ခရီးသွားပြည်သူများစိတ်အေးချမ်းသာစွာ ဖြင့်ဝင်/ထွက်သွားလာနိုင်အောင် စီမံဆောင်ရွက်ရန်၊ လေဆိပ်ဝန်းကျင်အား အမြဲသန့်ရှင်းသပ် ရပ်စွာ ဆောင်ရွက်ထားရေး၊ အရိပ်ရပင်နှင့်အလှပန်းပင်များအား စနစ်တကျစိုက်ပျိုးထားရန်နှင့် နိုင်လွန်ကတ္တရာခင်းခြင်း ဆောင်ရွက်မှုလုပ်ငန်းများကို အရည်အသွေးပြည့်မီစွာဖြင့် ရေရှည် အသုံးပြုနိုင်ရေး စေတနာထားဆောင်ရွက်သွားရန် မှာကြားကာ နိုင်လွန်ကတ္တရာခင်းခြင်း လုပ် ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး လေဆိပ်အတွင်းနိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။









စစ်ကိုင်းတိုင်းဒေသကြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေး ညှိနှိုင်းအစည်း အဝေး(၄/၂၀၂၄) ကျင်းပ
မုံရွာ၊ ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄)ကို ဇွန်လ ၇ ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်၊ ကန့်ဘလူခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်များ၊စစ်ကိုင်းခရိုင်၊ ရေဦး ခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌများမှ VideoConferencingစနစ်ဖြင့်တက်ရောက်ကြသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ များ၏လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိရန် တာဝန်ရှိသူများ အနေဖြင့်ပူးပေါင်းဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ပညာရေး၊ကျန်းမာရေး၊ လူမှု စီးပွားဘဝမြင့်မား တိုးတက်လာမှာ ဖြစ်ပါကြောင်း၊ စားရေရိက္ခာပေါများရေးအတွက် ဝယ်လိုအားထက်ရောင်းလိုအားများရန်အတွက် ကုန်ပစ္စည်းပေါပေါ များများဖြင့်ဈေးနှုန်းသက်သာကာ အရေအသွေးမြင့်မားမှုရှိသည့် ထုတ်ကုန်များထုတ်လုပ်ရေး၊ စိုက် ပျိုးရေး၊မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စီမံအုပ် ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပံ့ပိုးဖြည့်ဆည်းပေးသွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများအားမြေပြင်အထိကွင်းဆင်း၍ကြပ်မတ်ဆောင် ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် လည်းတာဝန်ရှိသူမျာအားလုံး မှ ဝိုင်းဝန်းကူညီဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း၊ မိမိတို့ လုပ်ဆောင်နေသည့်လုပ်ငန်းများအပေါ် စေတနာထားကာ တာဝန်ကျေပွန်လိုစိတ်ဖြင့် ဆောင် ရွက်သွားကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာ တွင်လုံခြုံရေးအသိ၊သတိတို့ဖြင့် လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းက (၃/၂၀၂၄) အစည်းအဝေး၌ လမ်းညွှန်မှာကြားချက်များအပေါ် ဌာနဆိုင်ရာများမှ လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့်စီမံရေးရာဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာလှပရေးနှင့်မြို့နယ်များ အတွင်း အခြေခံ စားသောက်ကုန်များ ရောင်းချပေးနေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး ရေး၊မွေးမြူရေးနှင့်MSMEsလုပ်ငန်းများဆောင် ရွက်နေမှု အခြေအနေများ၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်မှုနှင့် ကျောင်အပ်နှံမှုအခြေအနေများအား Power Point ဖြင့် အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊စစ်ကိုင်းခရိုင်၊ရေဦးခရိုင်၊ရွှေဘိုခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌများကVideo Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့်အကောင်အထည် ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ခရိုင်အတွင်းဒေသတည်ငြိမ်အေးချမ်းရေး နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာ သူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့် စွက်ဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



