slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကြီးမှူး၍ စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

မုံရွာ၊ မတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကြီးမှူး၍ စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို မတ်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူဝိပဿနာအကယ်ဒမီကျောင်းတိုက်ကြီးအတွင်း ကျင်းပရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ ပင့်သံဃာဆရာတော်/သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဆရာတော်/သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ၊ မြို့မိ မြို့ဖများနှင့် အလှူရှင်များက ဝတ္ထုငွေနှင့်ဆွမ်းဆန်စိမ်းများ လောင်းလှူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဆွမ်းဆန်စိမ်းများ လောင်းလှူနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် အဆိုပါကျောင်းတိုက်ကြီးအတွင်းရှိ သီတဂူသံဝေဇနိယဓမ္မဗိမာန်တော်ကြီး ၌ စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကိုကျင်းပရာ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက နမောတဿ ၃ ကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်း အနားအား ဖွင့်လှစ်ကြသည်။

ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့် ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ဆရာတော်ကြီးမှ ဩဝါဒကထာမိန့်ကြားချီးမြင့်တော်မှုပြီး ဆရာတော်ကြီးထံ တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များက ဒါတပ္ပဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။

ယင်းနောက် သီတဂူဆရာတော်ကြီးမှ မေတ္တာပို့အမျှဝေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတောင်ရိုးရှိ ကျောင်းတိုက်များ၊ ချောင်များ၊ သီလရှင်ကျောင်းများနှင့် ပြည်သူများ သန့်ရှင်းသောသောက်သုံးရေကို ရာသီမရွေး ဧရာဝတီမြစ်မှရရှိရေးအတွက် မြစ်အတွင်း၌ အလျား- ၂၈၅၀ မီတာ၊ အကျယ်- ၃၅ မီတာ၊ အနက် ၂.၅ မီတာ ရေကြောင်းရရှိရန် ဆောင်ရွက်နေသည့် သောင်တူး၍ရေလမ်းဖောက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသ ကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ လုပ်ငန်းများဆောင်ရွက် ပြီးစီးမှုများ အား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဧရာဝတီမြစ်အတွင်း အလျား- ၂၈၀၀ မီတာ၊ အကျယ် ၃၅ မီတာ၊ အနက် ၂.၅ မီတာ သောင်တူး၍ ရေလမ်းဖောက်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအား ရေလမ်းကြောင်းတစ်လျောက်အားရေယာဉ်ဖြင့် လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

20240325 17 

20240325 17 

20240325 17 

20240325 17 

20240325 17 

20240325 17 

20240325 17 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ မတ် ၂၂

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော် ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပြ/အုပ်ချုပ်သူ များနှင့် ဆုရပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အားကစားအဆင့်အတန်း မြင့်မားရေးအတွက် ဘက်ပေါင်းစုံကနေ မြှင့်တင်ပေးလျှက်ရှိပြီး အဆင့်မြင့်အားကစားကွင်း/အားကစားရုံများအနေဖြင့် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် Synthetic ပြေးလမ်း(၁)ခု၊ တောင်ဘက်ပွဲကြည့်စင် ၁ ခုနှင့် ဖူဆယ် ၁ ရုံ၊ စစ်ကိုင်းမြို့ နှစ်(၇၀၀)ကွင်းတို့တွင် Synthetic ပြေးလမ်း(၁)ခု၊ ဖူဆယ်ရုံနှင့် လက်ဝှေ့ရုံ ၁ ရုံစီတို့အား ထပ်မံ တည်ဆောက်ပေးထားခဲ့ပြီး ထူးချွန်သော အားကစားသမားများ ပေါ်ပေါက်လာရေးအတွက် အား ကစားပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပပေးခဲ့ကာ ပြိုင်ပွဲများမှအရည်အချင်းရှိသည့် ထူးချွန် သောအားကစားသမားများအား ရွေးချယ်စုဖွဲ့စခန်းသွင်းလေ့ကျင့်ယှဉ် ပြိုင်ခဲ့ပါကြောင်း၊ အားက စားကို နိုင်ငံတော်အဆင့်မှနေပြီး ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများကို ကျင်းပပေးပြီး ချီးမြှှင့်မြောက်စားနေတာကို အားလုံး အသိဘဲဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ တာဝန်ရှိသူများအနေနှင့် လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးလျှက်ရှိပြီး အားကစားဆပ်ကော်မတီများနှင့် အားကစားသမားများ မှလည်း စိတ်ရောကိုယ်ပါအားထုတ်ပြီး ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး ၏ဂုဏ်ကို အားကစားစွမ်းဆောင်မှုဖြင့် မြှင့်တင်ပေးခဲ့ကြသည့် အားကစားသမားများ၊ နည်းပြ၊ အုပ်ချုပ်သူများအား မှတ်တမ်းတင်ဂုဏ်ပြုပါကြာင်းနှင့် ယခုရရှိထားသည့် အောင်မြင်မှုအဆင့် တွင် ရပ်တန့်မနေဘဲ လာမည့်ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်နှင့် နောင်နှစ် များအတွက် ယခုထက်ပိုမိုအောင်မြင်အောင် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားပြီး စစ်ကိုင်းတိုင်းဒေ သကြီး၏ဂုဏ်ကို အားကစားဖြင့် ဆထက်ထမ်းပိုး မြှင့်တင်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ဆုရပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်များက ပိုက်ကျော်ခြင်း (ကျား/မ) တံခွန်စိုက်၊ U 25 (ကျား) ပြေးခုန်ပစ် တံခွန် စိုက်၊ ဘက်စကက်ဘော (မ) 3×3 တံခွန်စိုက်၊ ဘက်ကက်ဘော (ကျား) 5×5 တံခွန်စိုက်၊ ဖိတ်ခေါ်ဘက်စကက်ဘော (မ)ရန်ကုန် တံခွန်စိုက်နှင့် ဖိတ်ခေါ်ဘက်စကက်ဘော (မ)မန္တလေး တံခွန်စိုက်ဆုများအား အပ်နှံကြပြီး ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည့် အုပ်ချုပ်/ နည်းပြ(၅၆)ဦးအတွက် ကိုယ်စားလှယ် ၂ ဦးနှင့် တံခွန်စိုက်ဆုရရှိခဲ့ကြသည် အားကစားအသင်းများထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ်- ၄၅၃ သိန်း (လေးရာငါးဆယ်သုံးသိန်း)အား ပေးအပ်ချီးမြှင့် ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ရွှေ/ငွေ/ကြေးဆုတံဆိပ်များရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြင့်ငွေများ အသီး သီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဆုများရရှိခဲ့သည့် အုပ်ချုပ်/နည်းပြ/အားကစားသမားများကိုယ်စား ပြိုင်ပွဲဝင် အားကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာကြသည့် ပြိုင်ပွဲအားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ တွင် စစ်ကိုင်းဒေသကြီးအနေဖြင့် ၂၀၂၃-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ တွင် ရွှေ(၂၀)၊ ငွေ(၃၇)၊ ကြေး(၃၉) ပြေးခုန်ပစ်အမျိုးသား တံခွန်စိုက်ဖလား(၁)ခု၊ ပိုက်ကျော်ခြင်း
အားကစားနည်းတွင် အမျိုးသားတံခွန်စိုက်(၁)ခုနှင့် အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက် ဖလား(၁)ခု၊ ဘတ်စကက်ဘော အမျိုးသမီးတံခွန်စိုက်ဖလား(၂)ခု၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ များတွင် ကျင်းပခဲ့သည့်ဖိတ်ခေါ် ဘတ်စကက်ဘောပြိုင်ပွဲများတွင် တံခွန်စိုက်ဆု(၂)ခု ပြည်နယ် နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲများတွင် (၃)ဦးတွဲနှင့်(၅)ဦးတွဲတွင် တံခွန်စိုက်ဆုများ ရရှိခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားသမားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြင့်ငွေ ကျပ် သိန်း- ၁၀၄၃ (တစ်ထောင်လေးဆယ်သုံးသိန်း)အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

20240325 09

20240325 09

20240325 09

20240325 09

20240325 09

20240325 09

20240325 09

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.