၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ စည်သူလမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ
မုံရွာ၊ မတ် ၁၉
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ စည်သူလမ်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါလမ်းသစ်မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုဖွင့်လှစ်သည့်လမ်းသည် ကျောက္ကာလမ်း၏ ယာဉ်ကြောရှုပ်ထွေးမှုအား လျှော့ချနိုင်သကဲ့သို့ နန္ဒဝန်ရပ်ကွက်အတွင်းရှိ ဌာန ဆိုင်ရာရုံးများ၊ လူနေအိမ်များနှင့် အများပြည်သူတို့အတွက် များစွာအကျိုးရှိသည့် လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်း ချက်(၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားပြည်သူလူထုတို့နှင့်အတူ ကျရာအခန်းကဏ္ဍများမှ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဒို့တာဝန်အရေး(၃)ပါးအား အမျိုးသားရေးမူဝါဒအဖြစ် အမြဲဦးထိပ် ပန်ဆင်ပြီး နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးစီးပွားများကို ဦးတည်ကြိုးပမ်း ဆောင်ရွက် လျှက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မုံရွာမြို့ကြီးအား ခေတ်နှင့်အညီ အမြန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးထား ဆောင်ရွက်ပေးလျှက်ရှိပါကြောင်းနှင့် ဒေသတွင်းနေ ပြည်သူလူထုအနေဖြင့်လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ ပူးပေါင်းလက်တွဲ ကူညီဆောင် ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာမြို့နယ်၊ စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယ ညွန်ကြားရေးမှူး ဦးထွန်းထွန်းက စည်သူလမ်း နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူးတို့က စည်သူလမ်း နိုင်လွန်ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့် အတူ အဆိုပါလမ်းသစ်မုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ အားလည်းကောင်း ပေးအပ်ချီးမြင့်ခဲ့ကြပြီး စည်သူလမ်း နိုင်လွန်ကတ္တရာလမ်းသစ်အား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ စည်သူလမ်း နိုင်လွန်ကတ္တရာလမ်းသစ်သည် အရှည် – ၉၇၁၀ ပေ၊ အကျယ် – ၁၆ ပေ၊ ၃ လက်မခွဲထုဖြစ်ပြီး မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တံတားအထူး အဖွဲ့(၂)မှ တာဝန်ယူတည်ဆောက်နေသည့် မုံရွာမြို့၊ အရှေ့ဘက် ကန်သာယာကန် ပတ်လမ်းပေါ် ရှိ ဗိုလ်ချုပ်လမ်းနှင့်အပြိုင် အရှည် (၅၀) ပေ၊ အကျယ်(၂၀)ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိကြသည်။
ဦးစွာ တံတားအထူးအဖွဲ့(၂)မှ အင်ဂျင်နီယာမှူးမှ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တံတားတည်ဆောက်ရေးလုပ်ငန်းများ စံချိန် စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ သက်မှတ်ကာလတွင် တည်ဆောက်ပြီးစီးရေးနှင့် လုပ်ငန်း ခွင်အန္တရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တံတားတည်ဆောက်ရေး လုပ် ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးအဖွဲ့(ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
မုံရွာ၊ မတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင် စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူ့စစ်မှုထမ်းဥပဒေအား ပြဌာန်းကျင့်သုံးလာမှုအပေါ် ပြည်ပမီဒီယာများမှ ကောလာဟလသတင်းမျိုးစုံထုတ်လွှင့်ကာ ပြည်သူနှင့်တပ်မတော်အစိုးရအပေါ် အထင်မြင်လွဲမှားသည့် လုပ်ဆောင်လာမှုများအား တွေ့ရှိရ ပါ၍ နိုင်ငံတော်အနေဖြင့် ပြည်သူလူထုအား အခြေအနေမှန်များသိရှိအောင် နည်းလမ်းမျိုးစုံဖြင့် ချပြရှင်းလင်းခဲ့ပြီး အနီးစပ်ဆုံးပြည်သူ့ဝန်ထမ်းများနှင့် နီးစပ်ရာမိသားစု အသိုင်းအဝိုင်းများကို လည်းရှင်းလင်းအသိပေးဆောင်ရွက်လျှက်ရှိပါကြောင်း၊ မြေပြင်တွင်အမှန်တစ်ကယ် လုပ်ဆောင် ကြရမည့် ခရိုင်/မြို့နယ်အဖွဲ့များအနေဖြင့် လုပ်ဆောင်ရမည့်တာဝန်အား သိရှိနားလည်ကာ ရည် မှန်းချက်အောင်မြင်အောင် အစီအမံများစနစ်တကျရေးဆွဲ လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူ အားလုံးအနေဖြင့် မြို့နယ်/ရပ်ကွက်/ကျေးရွာများရှိ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အကျူံးဝင်သည့် သူများ၏ စာရင်းကောက်ယူရေးလုပ်ငန်းများအား သက်မှတ်ထားသည့်ကာလတွင် အချိန်မီ ကောက်ယူပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ Working Group များအနေဖြင့်လည်း ပေးအပ်ထားသည့်တာဝန်များအား ကြိုးစားဆောင်ရွက်သွားရန်နှင့် ဆက်စပ်ဌာနများတစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်/မြို့နယ်များအတွင်းရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စာရင်း ကောက်ယူရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများအား လည်းကောင်း၊ မုံရွာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက ခရိုင်အတွင်း ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး/ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များက တိုင်းဒေ သကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ မိမိတို့ဌာနများအလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက်လာသူ များမှ တိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်များဆောင်ရွက်နေမှု အခြေ အနေများနှင့် ပတ်သက်၍ အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့ တက်ရောက် လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



