slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မုံရွာ၊ မတ် ၁၆
မုံရွာမြို့ရှိ နိုင်ငံ့တာဝန်များထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ စိတ်အေး ချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ ဝန်းထမ်းနေအိမ်များနှင့်လမ်းများ သန့်ရှင်းသပ်ရပ် စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် မတ်လ ၁၆ ရက်နေ့၊ နံနက်ပိုင်း တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ နန္ဒဝန်စုပေါင်းအိမ်ရာအနီးရှိ လမ်းဘေး ဝဲ/ယာများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှှင့် စားသုံးဆီများအား စေျးနှုန်း သက်သာစွာဖြင့်ရောင်းချပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများ အားစားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၁ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၂၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

20240318 01

20240318 01

20240318 01

20240318 01

မုံရွာမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မုံရွာ၊ မတ် ၁၅
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို မတ်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ် ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စားသုံးသူအခွင့်အရေးဆိုသည် လူတိုင်းနှင့်သက်ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ မိမိတို့နေ့စဉ်စားသုံးမည့်၊ အသုံးပြုမည့် အစား အသောက်များ၊ ကုန်စည်များ၊ ဝန်ဆောင်မှုများအားလုံးကို ဝယ်ယူသုံးစွဲသူများဖြစ်၍ မိမိတို့အား လုံးသည် စားသုံးသူများဖြစ်ကြပါကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏ စားသုံးသူ အခွင့်အရေးများ ချိူးဖောက်ခံရပါက အရေးဆိုတိုင်ကြားရန် လိုအပ်ပြီး တိုင်ကြားမှုများဖြစ်ပေါ် ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းဖြင့် စားသုံးသူများ အတွက် အကာအကွယ်ရမှာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ စားသုံးသူပြည်သူများ အား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များဖြန့်ဝေရေးနှင့် ထုတ်လုပ်သူများမှစားသုံးသူများအတွက် ကျန်းမာရေးနှင့်ညီတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် အာမခံချက်ပေးနိုင်မည့်ကုန်စည်၊ ဝန်ဆောင်မှုများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ကြပ် မတ်ဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ ဥပဒေနှင့်မညီညွတ်မှုများကိုလည်း ထိရောက်စွာ အရေး ယူဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့်လည်း နစ်နာမှုများ ကြုံလာရပါက သက်ဆိုင်ရာဌာနသို့ တိုင်ကြားခြင်းဖြင့် မိမိတို့နစ်နာမှုအား ပြန် လည်ကုစားခွင့်တောင်းဆိုခွင့်များ ရရှိလာမှာဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့်လည်း မျှတသည့် စီးပွားရေးပတ်ဝန်း ကျင်ကောင်း တည်ဆောက်ရာ ရောက်မှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်း အမှတ် ဆောင်းပါးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရေးသားပေးပို့ပြိုင်ပွဲဝင်ခဲ့သည့် ပြိုင်ပွဲဝင် (၃)ဦးကိုယ်စား ပြိုင်ပွဲဝင်(၁)ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ကော်မတီ၏ ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေ သကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့နှင့် စားသုံးသူကာကွယ်ရေး ဆောင်ရွက်မှုများအား Power Point ဖြင့် ရှင်း လင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်)မှပေးပို့သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်း အမှတ် Video Clip အား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက် ကူးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စားသုံးသူရေးရာဦးစီး ဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ခင်းကျင်းပြသထား ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

20240315 10

20240315 10

20240315 10

20240315 10

20240315 10

20240315 10

20240315 10

20240315 10

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.