၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
လဟယ်မြို့တွင်နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
လဟယ်၊ မတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲ(၁၄)နာရီအချိန် နာဂဒေသစီမံအုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးဦးလင်းကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင်ဌာနအလုိက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဘဏ္ဍာနှစ်ကုန်တော့မှာဖြစ်တဲ့အတွက် သတ်မှတ်ဘဏ္ဍာနှစ်အတွင်းအချိန်မှီ အပြီးသတ်ဆောင်ရွက်နိုင်ရေး၊ သတ်မှတ်အရည်အသွေးပြည့်မှီရေး ဌာနဆိုင်ရာတာ၀န်ရှိသူများကကြပ်မှတ်ဆောင်ရွက် သွားကြရန် မှာကြားပါသည်။
ထို့နောက် တက်ရောက်လာကြသောဒေသအဆင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ က မိမိဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် မည့်အခြေအနေများအားဆွေးနွေးတင်ပြကြရာ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး နှင့် အဖွဲ့၀င်များ က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကျေးလက်ဒေသ နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး (ဒုတိယအ ကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
မုံရွာ၊ မတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည် သူများအတွက် အခြေခံစာတက်မြောက်ရေး (ဒုတိယအကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးတို့ တက် ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း အခြေခံ စာတက်မြောက်ရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်း များမှ တာဝန်ရှိသူများအားလုံးအနေဖြင့် မိမိတို့ဒေသရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်း သားပြည်သူ စာမတက်သူများ စာတတ်မြောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် စာသင်သားစာရင်းကောက်ယူခြင်း လုပ်ငန်းများနှင့် စာသင်ဝိုင်းများ ခွဲဝေသက်မှတ်ခြင်းလုပ်ငန်းများအား စနစ်တကျစီမံဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာစာသင်ဝိုင်းများတွင် စာသင်ကြားပေးမည့် ဆရာ/ဆရာများအား ပြန်လည်သင်ကြားပို့ချပေးမည့်နည်းပြများကို ဗဟိုသို့အချိန်မီ သင်တန်း တက်ရောက်နိုင်စေရေး တာဝန်ရှိသူများမှ စီစစ်ရွေးချယ်စေလွှတ်ရေးတို့ကို အလေးထားဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ Video Conferencing စနစ်ဖြင့် တက်ရောက်နေကြသည့် ခရိုင်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဌများမှလည်း မိမိတို့ခရိုင်/မြို့နယ်များအတွင်း အခြေခံစာတတ် မြောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဖြည့်ဆည်းပေးရန်လိုအပ်မှုများအား တင်ပြသွားကြရန်နှင့်လုပ်ငန်းများအောင်မြင်စွာ ပြီးမြောက်စေရေးအတွက် တာဝန်ရှိသူများအားလုံးမှ ပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ကျေးလက်ဒေသနေပြည် သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင် ရွက်ထားရှိမှုများအား လည်းကောင်း၊ မုံရွာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက ခရိုင်အတွင်း ကျေး လက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက်လာသူ များက တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



