slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ၊ မတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ် ကွက်ရှိ ဗန္ဓုလ‌ ဈေး တွင် အလျား – ၆၀ ပေ၊ အနံ – ၄၀ ပေ၊ ဈေးရုံ ၄ ရုံနှင့် အလျား – ၄၀ ပေ၊ အနံ -၂၄ ပေရှိ စားသောက်ရုံသစ် ၁ ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည် ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ဗန္ဓုလ ဈေး မြေနိမ့်ပိုင်းများအားမြေဖို့ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ၊ ဈေးရုံတည်ဆောက်ရေးလုပ်ငန်းများနှင့် အရှေ့ဘက်ကန်သာယာကန် ရှိကွန်ကရစ်ရေပေါ်စင် တည်ဆောက် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ သက်မှတ်ကာလတွင် တည်ဆောက်ပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တ ရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ဈေးရုံအဆောက်အဦများ တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နေပြည် သူများ နွေရာသီတွင်သောက်သုံးရေဖူလုံရေးနှင့် ငါးစားသုံးမှုလုံလောက်စေရေးတို့အတွက် ကွေ့ ကြီးရပ်ကွက်ရှိ ရေစုကန်အမှတ်(၁၈) ၂.၉၆ ဧက၊ တူးဖော်နေမှုနှင့် ရေစုကန်အမှတ်(၁၇) ၁.၇ ဧက၊ တူးဖော်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မုံ ရွာမြို့ရှိ ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ လမ်းများ သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ် ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေ ရေးတို့အတွက် မြို့သစ် ရပ်ကွက်၊ စွယ်တော်လမ်းဘေးဝဲ/ယာအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ရပ်ကွက်နေပြည်သူများအား တန်ဖိုးသင့်စားသောက် ကုန်များ၊ စားသုံးဆီများအား ဈေးနှုန်းချိုသာစွာရောင်းချပေး နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

စနေနေ့ စုပေါင်းသန့်ရှင်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၀ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၀၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

20240309 01
20240309 02
 
20240309 03
20240309 04

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မုံရွာ၊ မတ် ၈

၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်လ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်း အတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီး ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မျက်မှောက်ခေတ်ကမ္ဘာကြီးတွင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်နေသကဲ့သို့ စိန်ခေါ်မှုပေါင်းများစွာနှင့်လည်း ရင်ဆိုင်ကြုံတွေ့ နေရပါကြောင်း၊ မြန်မာ့ရာဇဝင်သမိုင်းကြောင်းအား ပြန်ပြောင်းလေ့လာကြမည်ဆိုပါက ကိုလိုနီ ခေတ်လွတ်လပ်ရေး ကြိုးပမ်းမှုကာလတစ်လျှောက်တွင် အမျိုးသားများနှင့်တန်းတူ လွတ်လပ် ရေးကြိုးပမ်းမှုတွင် ဦးဆောင်ပါဝင်ခဲ့ကြသည့် အမျိုးသမီးခေါင်းဆောင်များအပြင် စာပေ၊ အနု ပညာနယ်ပယ်၊ ဥပဒေရေးရာနယ်ပယ်၊ ဆေးပညာနယ်ပယ်နှင့် အခြားလူမှုရေးနယ်ပယ်များတွင် အမျိုးသမီးခေါင်းဆောင်များပေါ်ထွန်းခဲ့သည်မှာ မြန်မာအမျိုးသမီးထုတစ်ရပ်လုံး ဂုဏ်ယူမဆုံး ဖြစ်သည့် သမိုင်းမှတ်ကျောက်များ ဖြစ်ပါကြောင်း၊ အမျိုးသမီးများနိုင်ငံရေးတွင် တန်းတူညီမျှ ပါဝင်နိုင်ရေးအပြင် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများတွင် တန်း တူညီမျှရရှိရေးအား ကြိုးစားဆောင်ရွက် သွားကြရမှာ ဖြစ်ပါကြောင်း၊

ယနေ့လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွင်လည်း ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်း ဆောင်နေသည့် အမျိုးသမီးများ၊ ဒုတိယဝန်ကြီးများ၊ အကြံပေးပုဂ္ဂိုလ်များ၊ အဆင့်မြင့်အရာ ရှိကြီးများသည် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမူများတွင် ဦးဆောင်လုပ်ကိုင်နေကြပြီ ဖြစ်သ လို ဥပဒေပြုရေးဘက်တွင်လည်း အမျိုးသမီးများတက်တက်ကြွကြွ ပါဝင်ဆွေးနွေးနေကြသည်ကို တွေ့မြင်ကြရမှာဖြစ်ပါကြောင်း၊ ခေတ်သစ်ဒီမိုကရေစီ နိုင်ငံတော်အား တည်ဆောက်နေဆဲ အသွင်ကူးပြောင်းစ ကာလအတွင်းမှာပင် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍအား တစ်ဆင့်ထက်တစ်ဆင့် မြင့်မားတိုးတက်စေရန်၊ ရသင့်ရထိုက်သည့် အခွင့်အရေးများ တန်းတူညီမျှရရှိစေရန်အတွက် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဦးတည်ချက် ဆောင်ပုဒ်နှင့်အညီ “ အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး ”ဟူသော နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်နေကြသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအားလုံးကို ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာနှင့် မြန်မာနိုင်ငံ၏ အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များ၏ Video Clip အား ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန် ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုး သမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက် လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်။

20240308 01
20240308 02
20240308 03
20240308 04
 
20240308 05
20240308 06
20240308 07

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.