၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်၏ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ မတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးထားမှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို မတ်လ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက် ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်း ခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုအား အထောက်အကူပြုရန် နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေမှငွေကျပ် ၁၀ ဘီလီယံ ထုတ်ချေးပေးထားပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းလုပ်ဆောင်နိုင်မှု ပမာဏအပေါ်မူတည်၍ ချေးငွေများအား အမှန်တကယ်လုပ်ငန်းလို အပ်ချက်အပေါ် အဆင့်ဆင့်စီစစ်၍ ထုတ်ချေးကာလုပ်ငန်းများဆောင်ရွက်စေလျက် ရှိပါ ကြောင်း၊ ထုတ်ချေးထားငွေများကို အကျိူးရှိစွာအသုံးပြုရေး၊ ထုတ်ပေးငွေများမဆုံးရှုံးစေရေးနှင့် အတိုးငွေများ မှန်မှန်ကန်ကန်ပေးဆပ်ရေးတို့ကို တာဝန်ရှိသူများမှ အမြဲကြီးကြပ်နေရန် လိုအပ် ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်ရှိသူများမှလည်း လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို အချီန်မီဖြည့်ဆည်းပံ့ပိုး ပေးခြင်းဖြင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ပုံမှန်လည်ပတ်နိုင်အောင် ကူညီဆောင်ရွက်ပေး သွားကာ လိုအပ်ချက်များရှိပါကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြည့်ဆည်းပံ့ပိုးပေး သွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးထားမှုအခြေအနေများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေး နွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးထား မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးထားမှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက် လာ သူများက တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးထားမှုနှင့် အသေး စား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့် စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ ၏အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေး ကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင် ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄) ကျင်းပ
မုံရွာ၊ မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနိုင်းအစည်းအဝေး (၂/၂၀၂၄)ကို မတ်လ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြို့နယ်၊ရပ်ကွက်ကျေးရွာများအလိုက် လုံခြုံရေးအထောက်အကူ ပြုနိုင်ရန်အတွက် ပြည်သူ့စစ်များဖွဲ့စည်းနိုင်ရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ဆန့်ကျင်ဖက် အဖွဲ့အစည်းများမှ ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ကောလာဟလများ ထုတ်လွင့်နေခြင်း ကြောင့်ဝန်ထမ်းများ၊ပြည်သူများ သတင်းမှန်သိရှိနိုင်စေရေး ရှင်းလင်းဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့၊ အစိုးရ၊ ဌာနဆိုင်ရာနှင့် ပြည် သူလူထုတို့ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးတွင် အဓိကသီးနှံများ စိုက်ဧကပြည့်မီအောင်စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လယ်ယာလုပ်ငန်းများအတွက် အရေးပါသည့် မြေယာပြုပြင်ခြင်း၊ ရိတ်သိမ်းချွေလှေ့ခြင်းလုပ်ငန်းများတွင် လယ်ယာသုံးစက် ကိရိယာများအား အပြည့်အဝအသုံးချကာ စက်မှုလယ်ယာစနစ်သို့ကူးပြောင်းနိုင်ရေး ဆောင်ရွက် ပေးလျှက်ရှိပါကြောင်း၊ ဓာတ်မြေဩဇာများအား စေျးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးကာ သီးနှံအထွက် နှုန်းတိုးမြှင့်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ လျာထားအခွန်အခများ ပြည့်ဝစွာကောက်ခံရရှိရန် လိုအပ်သ ကဲ့သို့ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီပြီးစီးရေးတို့အား တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူ ရေးအဖွဲ့များမှလည်း အဆောက်အဦးစာရင်းများအား ကောက်ခံလျှက်ရှိရာတွင် သတ်မှတ်ကာလ အတွင်း ရာနှုန်းပြည့်ပြီးစီးရေးအတွက် သက်ဆိုင်ရာဌာနအလိုက် ကြပ်မတ်ဆောင်ရွက်သွားကြရန် နှင့် တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပတော့မည်ဖြစ်၍ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် လုံခြုံ အေးချမ်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပညာ ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာ ယာလှပရေးနှင့် မြို့နယ်များအတွင်း အခြေခံစားသောက်ကုန်၊စားသုံးဆီနှင့် စက်သုံးဆီဖြန့်ဖြူး ရောင်းချပေးနေမှု၊ အငြိမ်းစားဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေးစောင့် ရှောက်ပေးနေမှုအခြေအနေများ၊ ပေးအပ်ထားသည့်တာဝန်များအပေါ် ကျေပွန်စွာဆောင်ရွက် နေမှုအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြ ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေး နှင့်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက် လာ သူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်
ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့် စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ ၏အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေး ကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



