slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်း(၁၄)မျိုးဖွင့်လှစ်သင်ကြား

မုံရွာ၊ မတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပြများ၊ သင်တန်းသား၊သင်တန်းသူများနှင့် မိဘများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လူငယ်လူရွယ်များစာရိတ္တနှင့် စိတ် ဓါတ်ကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် အားကစားသမား လူတော်လူကောင်းများပေါ်ထွက် လာစေရေး၊ လူငယ်များအားကစားနည်းအလိုက် နည်းစနစ်များ၊ ဥပဒေများ ကျွမ်းကျင်လိုက်နာ မှုရှိစေရေး၊ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်(၃)ရပ်ဖြင့် အားကစားနည်း (၁၄)မျိုးအား ဖွင့်လှစ်သင် ကြားပေးခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများ အနေဖြင့် ယခုသင်တန်းမှသင် ကြားပို့ချချက်များအား ကြိုးစားသင်ယူလေ့ကျင့်ပြီး ရပ်ကွက်၊ကျေးရွာ၊မြို့နယ်အဆင့်မှနေပြီး နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များ အဆင့်အထိရောက် ရှိအောင် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝနှ်ရှိသူများသည် အားကစားနှင့်ကာယ ပညာသိပ္ပံ(မုံရွာ)မှ သင်တန်းသား၊သင် တန်းသူများမှ အားကစားနည်း(၆)မျိုးနှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားသမားများက မြန်မာ့သိုင်း၊ ကရာတေး၊ Fitness Dance တို့ဖြင့် သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သရုပ်ပြသဖျော်ဖြေ ခဲ့ကြသည့် သင်တန်းသား၊သင်တန်းသူများနင့် အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့်သင်ထောက်ကူအားကစားပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ နွေရာသီအားကစားသင်တန်းတွင် ဘောလုံး၊ Fitness Dance၊ ဖူဆယ်၊ ကရာ တေး၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ မြန်မာ့ သိုင်း၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ကြက်တောင်၊ ကာယဗလနှင့်ကာယအလှ အားကစား(၁၄)မျိုး၌ သင်တန်းသား၊သင်တန်းသူ ၄၅၀ ဦး တက်ရောက်ပြီး သင်တန်းကာလ ၁ လကြာ ဖွင့်လှစ် သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

20240305 01

20240305 01

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အမှတ် စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မုံရွာ၊ မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အမှတ် စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်း သား/သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှုနှင့် အညီ စက်ရုံ၊အလုပ်ရုံများဖွံ့ဖြိုး တိုးတက်လာပြီး စက်ရုံ၊အလုပ်ရုံများမှ အခိုးအငွေ့များထုတ်လွှတ်မှု၊ လူများအသုံးပြုနေသည့် စက်တပ်ယာဉ်များမှ အခိုးအငွေ့ထုတ်လွှတ်မှုများကြောင့် လေထု အတွင်းတွင်ရှိသည့် ဖန်လုံအိမ်ဓာတ်ငွေ့များသည် ပုံမှန်ရှိသင့်သည့် ပမာဏထက် ပိုမိုများပြားလာ ရပါကြောင်း၊ လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့များ များပြားလာခြင်းမှတစ်ဆင့် ရာသီဉတု ဖောက်ပြန်ပြောင်းလဲမှုများအား ဖြစ်ပေါ်စေပါကြောင်း၊ ယနေ့ခေတ်တွင် နိုင်ငံများ၏စီးပွားရေး များဖွံ့ဖြိုးလာမှုနှင့်အညီ လူနေမှုအဆင့်အတန်းမြင့်မားလာခြင်း၊ လူဦးရေတိုးပွားလာမှုများ ကြောင့် ဇိမ်ခံပစ္စည်းအသုံးပြုမှုများပြားလာခြင်း၊ သယံဇာတအရင်းအမြစ် ထုတ်ယူသုံးစွဲမှုမြင့်မား လာခြင်းနှင့် အသုံးပြုပြီးပစ္စည်းများအား စနစ်တကျစွန့်ပစ်မှုမရှိခြင်းကြောင့် ပတ်ဝန်းကျင်ညစ် ညမ်းမှု ပြဿနာများနှင့် ရင်ဆိုင်နေကြရပါကြောင်း၊
တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် စီမံကိန်းများအား အကောင်အ ထည်ဖော်ဆောင်ရွက်သည့်နေရာများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများအား ထည့်သွင်းစဉ်းစားရန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ မျိုးတုန်းပျောက်ကွယ်မှုများမှကာကွယ်ရန် ဇီဝမျိုး စုံမျိုးကွဲများ၏ ပေါက်ဖွားရှင်သန်ရာ နေရာဒေသများအား မထိခိုက်စေသည့် နည်းလမ်းများအား အသုံးပြုပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်း ဆင်းပွဲနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က စာတမ်းပြုစု ခြင်းထူးချွန်ဆုရရှိကြသည့် အဖွဲ့များအား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းဒေ သကြီး သယံဇာတရေးရာဝန်ကြီးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူ များအား ရင်းရင်းလိုက်လံနှုတ်ဆက်ခဲ့ကြပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

20240304 08

20240304 08

20240304 08

20240304 08

20240304 08

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.