slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ရှိ ကျောင်းသား/ ကျောင်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လေ့ကျင့်သင်ကြားနေမှုများအား ကြည့်ရှုစစ် ဆေး

မုံရွာ၊ မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ရှိ ကျောင်းသား/ကျောင်း သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို မတ်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့် နည်းပြများ၊ သင်တန်းသား၊သင်တန်းသူများ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူများအနေဖြင့် အားက စားနှင့်ပညာရေးသာမက ဗလငါးတန်ဘက်စုံထောင့်စုံဖွံ့ ဖြိုးတိုးတက်စေရန်အတွက် စာပေများ ဖတ်ရှုလေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ အားလုံးမှ လည်း ကျောင်းသား၊ကျောင်းသူများအတွက် အဘက်ဘက်မှလိုအပ်ချက်မရှိ အောင်ဝိုင်းဝန်းကူ ညီကြိုးပမ်း ဆောင်ရွက်သွားကြရန်မှာ ကြားလိုပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများမှလည်း နောင်အနာဂတ်တွင် ထူးချွန်ထက်မြက်ပြီး အရည်အချင်းပြည့်ဝသည့် နိုင်ငံ့ဂုဏ်ဆောင် အားက စားသမားကောင်းများဖြစ်အောင် ကြိုးစားသင်ယူသွား ကြရန်လိုအပ်ပါကြောင်း၊ ကျောင်းမှချ မှတ်ထားသည့် စည်းကမ်းများ၊ အိပ်ဆောင်စည်းကမ်းများနှင့် လေ့ကျင့်ရေးစည်းကမ်းများကို လည်း စနစ်တကျလိုက်နာသွားကြရန်နှင့် ကျန်းမာရေးကိုလည်း အထူးဂရုပြုသွားကြပြီး ကျန်းမာ သန်စွမ်းသည့် အားကစားသမားများအဖြစ် လေ့လာသင်ယူကြိုးစားသွားကြရန် လိုအပ်ပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း ကျောင်း၏လိုအပ်သည်များကို ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်းအုပ်ကြီးထံ ငွေကျပ် – ၁၀ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝနှ်ရှိသူများသည် အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)ရှိ ကျောင်းသား/ကျောင်းသူများ၏ ဘောလုံး၊ ပြေးခုန်ပစ်၊ အလေးမ၊ လက်ဝှေ့၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း အားကစားနည်းများ လေ့ကျင့်နေမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်း၏လေ့ကျင့်သင်ကြားရေးအတွက် လိုအပ်သည်များကို တာဝနှ်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ စားရိပ် သာဆောင်၌ ကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူရင်းရင်းနှီးနှီး အထူးနေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရ သည်။

new 20240301 04

new 20240301 04

ပြည်ထဲရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများချပြရှင်းလင်းပွဲနှင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်
၁။ (၁-၃-၂၀၂၄)ရက်နေ့ (၀၉၃၀)အချိန်၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ချင်းတွင်း ခန်းမတွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများချပြရှင်းလင်းပွဲအခမ်းအနား နှင့်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနားတွင် ပထမပိုင်းအစီအစဉ်အနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာများအား ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမှ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်၊ နိုင်ငံတကာမှ ကျင့်သုံးဆောင်ရွက်နေသည့် စစ်မှုမထမ်း မနေရစနစ်များ၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည့်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရသူများ၊ ပြည်သူ့ စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းနိုင်သည့်ပုဂ္ဂိုလ်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းမှ ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်စပ်လျဉ်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သော အသက်အပိုင်းအခြား၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသူများနှင့်ပတ်သက်၍ ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၂။ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အနေဖြင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနား အား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်းဆန်းမှ ဝန်ထမ်း များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ သက်သာချောင်ချိရေးနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှုများအား မှာကြားဆောင်ရွက်ခဲ့ပြီး ဌာနခွဲ၊ ဌာနစုအလိုက်ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ပြီး အဆိုပါအခမ်းအနား သို့ အရာထမ်း၊ အမှုထမ်း (၂၅၀)ဦး တက်ရောက်ခဲ့ပြီး (၁၁၀၅)အချိန် အခမ်းအနားပြီးမြောက် ခဲ့ပါသည်။

new 20240301 01

new 20240301 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.