slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကျော် ကလေးမြို့ မဟာစည်သာသနာ့ ရိပ်သာကျောင်းတိုက်ရှိ ဆရာတော်ကြီးများထံ ဆွမ်းဆန်တော် နှင့် လှူဖွယ်ပ္စည်းများ ဆက်ကပ်လှူဒါန်း

မုံရွာ၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ကလေးမြို့ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ရှိ မြို့နယ် သံဃနာယကအဖွဲ့(သုဓမ္မာ) ဥက္ကဌ ၊ ကံသာယာသာသနာပြုဗဟိုကျောင်းတိုက် ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုဆရာတော်ဘဒ္ဒန္တဇဝန နှင့်မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်(သုဓမ္မာ)မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၊မဟာကမ္မဌာနာစရိယဆရာတော်ဘဒ္ဒန္တဓမ္မာနန္ဒ တို့အားသွားရောက်ဖူးမြှော်ကြည်ညို၍ သာသနာရေးဆိုင်ရာများကိုလျှောက်ထားတင်ပြခဲ့ပြီးဆရာတော်ကြီးများထံသို့ ဆွမ်းဆန်တော် နှင့်လှူဖွယ်ပစ္စည်းများအားဆက်ကပ်လှူဒါန်းခဲ့ပြီး ရှေးဟောင်းသမိုင်းဝင်ရွှေဘုံသာစေတီတော်၊ ရာဇမုနိရှစ်မျက်နှာ စေတီတော်နှင့် ဓမ္မာရုံတို့ ရေရှည်တည်တန့်ရေးအတွက်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရေးလုပ်ငန်းများအားတာဝန်ရှိသူများနှင့်လှ့ည်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်း နှင့် အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း တို့သို့ရောက်ရှိကာ ခရိုင်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ(Grade 5)၊ (Grade 9)ကျောင်းသားကျောင်းသူများ တန်းစဉ်ကူးပြောင်းမှု နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် တန်းစဉ်ကူးပြောင်းမှုနှစ်ဆုံးစာမေးပွဲတွင် ကလေးမြို့နယ် စာစစ်ဌာန (၅၀)ခု၌(Grade 5)ကျောင်းသား/သူ ( ၂၃၃၄ )ဦး နှင့်(Grade 9) ကျောင်းသား/သူ ( ၂၄၂၁ )ဦး စုစုပေါင်း ကျောင်းသား/သူ (၄၇၅၅) ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်။

20240221-news-01
20240221-news-02
20240221-news-03
 
20240221-news-04
20240221-news-05
20240221-news-06

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်် ကလေးမြို့ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများ အားစားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မုံရွာ၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ ၂၀ ရက် နေ့၊ညနေပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သော ယာယီတိုက်ပွဲရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယာယီတိုက်ပွဲရှောင်ပြည်သူများ၏ စားဝတ်နေရေး၊ ပညာရေးနှင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင် ပေးနေမှုများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ကျေးရွာ ၁၁ ရွာမှ တိုက်ပွဲရှောင်ပြည်သူ ၅၂၉ ဦးအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများအား ထောက်ပံ့ ပေးအပ်ခဲ့ပြီး ယာယီတိုက်ပွဲရှောင်ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ ကုတင် ၃၀၀ ဆံ့၊ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းနိုင်ထွဋ်မှ ဆေးရုံတိုးချဲ့ဆောင် တည်ဆောက်နေမှု လုပ်ငန်းများရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ကျန်းမာရေးဝန်ထမ်းများအတွက် ဆေးရုံအုပ်ကြီးထံ ထောက်ပံ့ငွေကျပ် – ၁၀ သိန်းနှင့် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသော ဒေသခံပြည် သူများအတွက် အဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အင်ဒိုင်းလေးကျေး ရွာသို့သွားရောက်၍ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဖောက်လုပ်ပေးခဲ့သည့် အင်ဒိုင်းလေး – အင်ဒိုင်းကြီး – သက္ကယ်ကျင်း ကျေးလက် ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးနေမှုနှင့် အင်ဒိုင်းကြီးကျေးရွာအုပ်စု ကွင်းအမှတ် ၈၄၁၊ တောင်သူ ဦးစံဗျူး၏ နေကြာစိုက်ခင်းတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံရာ ကလေးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်က ခရိုင်အတွင်းဆောင်းသီးနှံနှင့် နေကြာစိုက်ပျိုး ပြီးစီးမှု၊ ရေဆင်းစပ်မျိုး ၁ နေကြာစံပြစိုက်ကွက် စိုက်ပျိုးထားရှိမှုများအား ရှင်းလင်းတင်ပြမှုနှင့် တောင်သူများ၏တင်ပြမှုအပေါ် သီးနှံများပန်းတိုင် အထွက်နှုန်းပြည့်မီ၍ စိုက်ပျိုးစွမ်းအားမြှင့်တင် နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20240221-news-01
20240221-news-02
20240221-news-03
 
20240221-news-04
20240221-news-05
20240221-news-06
 
20240221-news-07
20240221-news-08

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.