၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးခရိုင်အတွင်း သီးနှံ အလိုက်ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် ဒေသခံ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်
မုံရွာ၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် ကလေးခရိုင်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သီးနှံအလိုက်ပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများ၊ ဒေသခံတောင်သူ များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ကလေးခရိုင် စိုက်ပျိုးရေးဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး၊ စက်မှုလယ်ယာဦးစီးမှူးတို့က သက်ဆိုင်ရာဌာနအလိုက် ပန်း တိုင်အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရာသီအလိုက်စိုက်ပျိုးဧကများ ပြည့်မီကျော်လွန်ရေးနှင့် သီးနှံအလိုက် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး ကြို ပမ်းဆောင်ရွက်ရန် လိုအပ်မှုများ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း (၄)မျိုးကို အသုံးပြုရန်လိုအပ်မှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စား ရေရိက္ခာပေါများရေးအတွက် ဒေသခံတောင်သူများ အပေါ် ထောက်ပံ့ပေးနေမှုအခြေအနေများ၊ ကလေးခရိုင်သည် ဆန်၊ ဆီ၊ ဆား၊ ပဲ ဖူလုံအောင် စိုက်ပျိုးနိုင် သည့်အပြင် နေကြာသီးနှံကိုလည်း အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကာ နေကြာ ဆီထုတ်လုပ်လျှက်ရှိသောကြောင့် ဒေသ၏အဓိကထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်နေ ပြီဖြစ်ပါကြောင်း၊ လာမည်စိုက်ပျိုးရာသီတွင် အတွေ့အကြုံကောင်းများဖြင့် လျာထားချက်ထက် ပိုမိုစိုက်ပျိုးခြင်းနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင် ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးရေး သွင်းအားစုများအား တောင်သူများထံပေးအပ်ခဲ့ပြီး တက်ရောက်လာသည့် တောင် သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စိုက်ပျိုးရေးသွင်းအားစုများ ခင်းကျင်းပြသ ထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကလေးမြို့နယ်စုပေါင်းရုံးရှိ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများအနေ ဖြင့်မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေပွန်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်စီတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ် အေးချမ်းပြီး တရားဥပဒေစိုးမိုးရန် ဆောင်ရွက်နေမှု၊ စားရေရိက္ခာ ပေါများရေးနှင့် ပြည်သူများ၏လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှု၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင်စိုး၊ လူမှုရေးရာ ဝန်ကြီး၊ ဦးညွန့်ဝင်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးခင်မောင်အေးတို့က မိမိတို့တာဝန်ယူဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီး သီးရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေးခရိုင်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌထံ ငွေကျပ် ၁၀ သိန်း၊ ကလေး မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ ငွေကျပ် ၁၀ သိန်းနှင့် တိုင်းဒေသကြီး လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများ အတွက် ငွေကျပ် ၁၀ သိန်း တို့အားပေးအပ်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်း များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး အခမ်းအနားကို ရုပ် သိမ်းခဲ့ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ပြည်သူ့ဆေးရုံကြီးတွင် Pfizer COVID Vaccine ထပ်ဆောင်းထိုးနှံနေမှု ကြည့်ရှုအားပေး
မုံရွာ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ယနေ့နံနက်ပိုင်းက မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ပြည်သူများအား Pfizer COVID Vaccine ထပ်ဆောင်းထိုးနှံ ပေးနေမှုတို့အား အားပေးကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
Pfizer COVID Vaccine ထပ်ဆောင်းထိုးနှံ ပေးနေမှုတို့နှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမြင့်ကျော်က Pfizer COVID Vaccine ဆေးသည်ဂျာမဏီနိုင်ငံထုတ်ဆေးဖြစ်ပါကြောင်း ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ ၊ အသက်(၆၅)နှစ်အထက် ပြည်သူများ ၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည် ရောဂါရှိသူ များနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊၊ ကိုယ်ဝန်ဆောင်မိခင်များ စသဖြင့် ရောဂါဖြစ်ပွားနိုင်ခြေရှိသော အုပ်စု၊ ရောဂါဒါဏ် ခံစားရနိုင်သော အုပ်စု စသည်ဖြင့် ဦးစားပေးထိုးနှံမည့်အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးနေပါကြောင်း ၊ ယခုကာကွယ်ဆေးသည် ထပ်မံပေါ်ထွက်နေသော ဗီဇပြောင်းမျိုးကွဲပိုးများအတွက်ပါ ကာကွယ်ပေးနိုင်ပါကြောင်း ၊သို့သော်လည်း ဆေးအား စတင်တောင်းခံချိန်၊ပေးပို့ချိန်မှစပြီး ရက်သတ္တ (၈) ပတ် မှ (၁၀)ပတ်အတွင်း သာအသုံးပြုရသည်ဖြစ်သောကြောင့် ရည်မှန်းလူဦးရေတွက်ချက်ပြီးထိုးနှံပေးလျက်ရှိပါကြောင်း၊ ကာကွယ်ဆေးတစ်လုံးလျှင် လူဦးရေ ၇ ဦးအား ထိုးနှံနိုင်ပါကြောင်း၊ မုံရွာမြို့တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ထိုးနှံဆောင်ရွက်ပေးနေရာ စတင်ထိုးနှံချိန်မှ ယမန်နေ့အထိ လူဦးရေ ၁၆၀၀ ကျော်ထိုးနှံပေးပြီးဖြစ်ကြောင်း ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်းသိရှိရသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



