၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ် နွေစပါးပန်းတိုင် အထွက်နှုန်းရရှိရေး ကွင်းသရုပ်ပြပွဲနှင့် သက္ကယ်ကျင်း- ဖောင်းပြင် -ဟုမ္မလင်း -ခန္တီး လမ်းပိုင်း ကွန်ကရစ်ခင်းခြင်းနှင့် ချင်းတွင်းတံတား (ထမံသီ )ချဉ်းကပ်လမ်း တည်ဆောက်နေမှုတို့
မုံရွာ ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းသရုပ်ပြပွဲကျင်းပသည့် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ဟုမ္မလင်းရပ်ကွက် ကွင်းအမှတ်( ၆၄) ဦးပိုင်အမှတ် (၃၇) တောင်သူ ဦးသန်းဝင်း ၏ နွေစပါး တင်း( ၁၂၀ )အထက် ထွက်ရှိရေး ဆောင်ရွက်ထားသည့် နွေစပါး ( ၁၀ )ဧက စံပြကွက်ပြပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းတို့မှ ဟုမ္မလင်းခရိုင်အတွင်း မိုးစပါးဧက (၆၄၁၆၀) စိုက်ပျိုးထားရှိမှု၊ နွေစပါးဧက( ၁၁၀၂၀) လျာထားစိုက်ပျိုးနေမှုအခြေအနေများကိုရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုး၊ မြေ၊ ရေ နှင့် နည်းပညာ စတဲ့ ၄ မျိုး သည် အဓိကကျပါကြောင်း၊ အထွက်တိုးသော မျိုးကောင်းမျိုးသန့်များခေတ်မီ စက်ကိရိယာများ၊ စိုက်ပျိုးရေ ရယူနိုင်သည့် နည်းစနစ်များ၊ စိုက်ပျိုးနည်းပညာများကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ်သဖြင့် မျိုးကောင်းမျိုးသန့်မှ အစပြု၍ နည်းပညာသင်တန်းပေးခြင်းနှင့် စက်ကိရိယာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဟုမ္မလင်းဒေသသည် ဆန် ဖူလုံပိုလျှံမှု ရှိသဖြင့် နာဂဒေသအပါအဝင် အခြားဒေသများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်း၊ ဒေသမျိုးစပါးများအပြင် သက်တမ်းတိုအထွက်နှုန်းကောင်းသည့် စပါးမျိုးများစိုက်ပျိုးခြင်းဖြင့် သီးထပ်စိုက်စွမ်းအားများ တိုးတက်လာမှာ ဖြစ်ပြီး တောင်သူများ ဝင်ငွေ ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ပေးခဲ့ကာ တောင်သူများအား ရွက်ဖျန်းမြေဩဇာများနှင့် မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် သာသနာဇောတိကမြို့မကျောင်းသို့ ရောက်ရှိကာ အဆိုပါကျောင်း၏ ပဓါန နာယက ဆရာတော် ဘဒ္ဒန္တအိန္ဒဝန္သ အား လှူဖွယ်ပစ္စည်းများနှင့်အတူ ဆွမ်းဆန်တော်၊ ဆီ ၊ ဆား တို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် လမ်းဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိသော သက္ကယ်ကျင်း- ဖောင်းပြင် -ဟုမ္မလင်း -ခန္တီး လမ်းပိုင်း မိုင်တိုင်အမှတ် (၂၀၀/၆)မှ (၂၀၁/၆)အထိ အကျယ် ၁၈ ပေ၊ ထု ၈ လက်မ ဖြင့် အရှည် ၁မိုင် ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အားကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်သည် နာဂဒေသနှင့် ဆက်စပ်ဒေသများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုစေမည့် ချင်းတွင်းတံတား (ထမံသီ ) ချဉ်းကပ်လမ်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ အမှတ်( ၂ )တံတားတည်ဆောက်ရေး အထူးအဖွဲ့မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးညီညီဇော် နှင့် တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ထွန်းလင်းတို့က တံတားချဉ်းကပ်လမ်းအရှည် ၃ ဒဿမ ၉၅ ကီလိုမီတာ လုပ်ငန်းဆောင်ရွက်နေမှုတို့အား ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ကို အထူးဂရုပြုကာ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီးနောက် တည်ဆောက်ရေးအဖွဲ့၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။
အထက်ဘက်ပေ(၁၅၀)နှင့်အောက်ဘက်ပေ(၁၅၀)ကိုလည်းထပ်မံဆောင်ရွက်ပေးဖို့လျာထားချက်များရှိကြောင်းနှင့် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး၊အထူးဂရုပြုပြီး သတ်မှတ်ချိန်အတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေးအတွက် ဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ခန္တီးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး အခြေခံပညာကျောင်းသား/သူ(၁၁၄၁)ဦးတို့ တန်းစဉ်ကူးပြောင်းမှု နှစ်ဆုံးစာမေးပွဲ ဖြေဆိုနေမှု များအား တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး ကျန်စစ်သားခန်းမတွင် ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ ခရိုင်/မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် တက်ရောက်လာသူများက ကျောင်း၏ သင်ကြားရေး၊ အုပ်ချုပ်ရေး၊ အခြေခံပညာစာမေးပွဲများ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ကျောင်းများနှင့်စာစစ်ဌာနများအလိုက်ပြင်ဆင်ထားရှိမှု၊ပညာရေးဆိုင်ရာတိုးတက်မှု အခြေအနေများအား ဆွေး နွေးတင်ပြကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဖြည့် ဆည်းဆော င်ရွက်ပေးခဲ့သည်။
ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် လမ်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသော ဟုမ္မလင်း-ခန္တီးလမ်းပိုင်း မိုင်တိုင်အမှတ်(၃၀၄/၀)မှ (၃၀၆/၀)အတွင်း လမ်းကွေ့ဖြောင့်ခြင်း၊ လမ်းအနိမ့်အမြင့်ညှိခြင်းနှင့် လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ကြပြီး တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ထွန်းလင်းက လုပ်ငန်းများဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် တိုင်းဒေ သကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။















စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ်(၇/၂၀၂၄)ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်းနှင့် ကျန်းမာရေး၊ ပညာရေးဆိုင်ရာများ လ
မုံရွာ၊ ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၇/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်သည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသူ(၅၀)ဦးတို့တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးရန်ပုံငွေ (၁၈.၁၇၄)သန်းဖြင့် အခြေခံစက် ချုပ်သင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ တစ်လုံးထိုးအင်ဂျင်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ မုန့်မျိုးစုံထုတ်လုပ်နည်းသင်တန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင် တန်း၊ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုသင်တန်း၊ အခြေခံပန်းအလှပြုပြင်နည်းသင်တန်း များကို မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ဟုမ္မလင်း၊ ခန္တီး၊လဟယ်မြို့များတွင်သင်တန်း အမျိုးအစားပေါင်း (၁၁)မျိုးကိုသင်တန်းသား/သူ(၂၈၂)ဦးဖြင့်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပုံ ရိပ်ကိုဖန်တီးပေးရာတွင် လူငယ်များနှင့်ကလေးသူငယ်များ ဖွံ့ဖြိုးမှုအခန်းကဏ္ဍသည် အလွန်အ ရေးကြီးသည့်အတွက် နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သော အရင်းအမြစ်များဖြစ်ပါကြောင်း၊ ဒေသ တွင်းဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကုန်ထုတ်စွမ်းအားကို အထောက်အကူ ဖြစ်စေသည့် လူငယ်၊ လူရွယ်နှင့်ကလေးများကို အလုပ်သမားများအဖြစ် အသုံးပြုမှုများရှိနေပါကြောင်း၊ ပညာရေး လက်လှမ်းမီခြင်းသည် ကလေးများကို လုပ်ငန်းခွင်သို့ စောစီးစွာ ရောက်ရှိမသွားစေနိုင်ခြင်းနှင့် နည်းပညာနှင့် သက်မွေးပညာများ တတ်မြောက်ခြင်းအားဖြင့် ကလေးများ၏ လုပ်ငန်းကျွမ်း ကျင်မှုအရည်အသွေးများ တိုးတက်လာစေပြီး သင့်တင့်လျောက်ပတ်သည့် အလုပ်အကိုင်များ အတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများရရှိလာမှာ ဖြစ်သောကြောင့် ကျောင်းပြင်ပ ရောက်နေကြသည့် ကလေးများ၏ ပညာရေးလက်လှမ်းမီစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်စေရန် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးအစီအစဉ်များ၊ နည်းပညာနှင့် သက်မွေးပညာ အစီအစဉ်များအား ပိုမိုဆောင်ရွက်ပေးမှာဖြစ်သောကြောင့်၊ မိမိတို့တိုင်းဒေ သကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသနှင့်ကိုက်ညီမှုရရှိစေမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင် တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ယခုသင် ကြားပေးမည့် အခြေခံစက်ချုပ် သင်တန်းအား တက်ရောက်ကြမည့် သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချပေးသော နည်းပညာရပ်များအား စိတ်ပါဝင်စားစွာ နာယူမှတ်သားပြီး သင်တန်း မှလေ့ကျင့်သင်ကြား ပေးလိုက်သောပညာရပ်ဖြင့် ဝင်ငွေရရှိမည့် အလုပ်အကိုင်များ၊ မိမိတို့ဘဝ လုံခြုံမှုအတွက် အထောက်အပံ့ကောင်း ဖြစ်အောင်ဆောင်ရွက်ကြပါစေလို ကြောင်းပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းထောက်ပံ့ငွေကျပ် (၂,၉၀၀,၀၀၀) အားပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူများနှင့်စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီးတက် ရောက်လာသူများအားရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကားပြောကြားသည်။
အဆိုပါ သင်တန်းသည် ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ်(၁၉)တပ်မတော်ဆေးရုံ၊ ခုတင်(၁၀၀) သို့ရောက်ရှိရာ ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသော လူနာများအား လိုက်လံကြည့်ရှုအား ပေးစကားပြောကြားကာ အာဟာရဖြည့်စွက်စာများထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း(၃၀၀)တန်ဖိုးရှိ ဆေးဝါးများအား ပေးအပ်လှူဒါန်းရာ အမှတ် (၁၉) တပ်မတော်ဆေးရုံ၊ခုတင်(၁၀၀)မှတပ်မှူးနှင့် ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံမှဆေးရုံအုပ်ကြီး တို့က လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်သည် ဟုမ္မလင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသို့ရောက်ရှိရာ ကျောင်းသား/သူများ တန်းစဉ်ကူးပြောင်းမှု နှစ်ဆုံးစာမေးပွဲ ဖြေဆိုနေမှု များအား ဟုမ္မလင်းခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု အားပေးခဲ့ပြီးလိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းပေးခဲ့သည်။
ထို့နောက် ဟုမ္မလင်းမြို့၊စိုက်ပျိုးရေးသိပ္ပံသို့ရောက်ရှိပြီး ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ရာ အစားအသောက်များအားထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်းရုံးခန်းတွင် ကျောင်းအုပ်ကြီး၊ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ကျောင်း၏ သင်ကြားရေး၊အုပ်ချုပ်ရေးနှင့် စားသောက်နေထိုင်ရေး ဆိုင်ရာများကိုဆွေးနွေး၍ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သင်တန်းသား/သူများ စားသောက်ရေးအတွက် အသုံးပြုရန် ငွေကျပ် (၃,၇၂၀,၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။








သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



