၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
(၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် မုံရွာပညာရေးဒီဂရီကောလိပ်၌ ထမနဲထိုး ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
မုံရွာ ၊ ဖေဖော်ဝါရီ ၉
(၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာ ရေးဒီဂရီကောလိပ်တွင် ထမနဲထိုးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက် နေ့၊နံနက်ပိုင်းတွင် အဆိုပါကျောင်းဝန်းအတွင်းရှိ အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ကျောင်းများမှ ပါမောက္ခချုပ်/ဒုတိယပါမောက္ခချုပ်များ၊ ဆရာ/ဆရာမများနှင့်သင်တန်း သား၊သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မုံရွာပညာရေးဒီဂရီကောလိပ် မြန်မာစာဌာန ပါမောက္ခ ဒေါ်ယဉ်ယဉ်ကြည်က ထမနဲပွဲ အကြောင်းသိကောင်းစရာများအား ရှင်းလင်းပြောကြားပြီး ဒိုင်အဖွဲ့များက တစ်ဦးချင်း မိတ်ဆက်ကြကာ မုံရွာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နွဲ့အေးက အမှတ်ပေး စည်းမျဉ်းများအား ရှင်းလင်းဖတ်ကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသင်းလိုက်ပြင်ဆင် ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးကာ ထမနဲထိုးပြိုင်ပွဲအား စတင်ဆင်နွှဲကြသည်။
ဆက်လက်ပြီး တိုင်ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထမနဲထိုးပြိုင်ပွဲ ကျင်း ပနေစဉ်အတွင်း မုံရွာပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား၊သင်တန်းသူများမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိကြသောအသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်မှ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်မှ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူးမှ ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသော သင်တန်းသား၊သင်တန်းသူ များအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။







စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)တက်ရောက်
မုံရွာ ၊ ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်း အဝေးသို့ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ တက် ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လူဦးရေသန်းခေါင်စာရင်းအား နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး စီမံခန့် ခွဲရေးကိစ္စများအတွက် မူဝါဒများ၊စီမံကိန်းများ ရေးဆွဲချမှတ်အကောင်အထည်ဖော်ရာတွင် လူဦးရေဆိုင်ရာကိန်းဂဏန်း အချက်အလက်ရရှိရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ရာ သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် တိကျမှန်ကန်သည့် လူဦးရေနှင့်လူမှု စီးပွားရေး အခြေအနေများကို ရရှိနိုင်မှာဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအကောင် အထည်ဖော်ရာတွင် ဗဟိုသန်းခေါင်စာရင်းကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ခရိုင်မြို့ကြီးများ တွင် ၂၀၂၄ ခုနှစ် ဇွန်လမှစ၍ လူထုအသိပညာပေး Bill Board စိုက်ထူခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအနေ ဖြင့်လည်း သန်းခေါင်စာရင်းလုပ်ငန်း အောင်မြင်စေရေးအတွက် လိုအပ်သည့်မြေပုံရေးဆွဲခြင်း အဆောက်အဦမှတ်တမ်းတင်ခြင်း၊ ကောက်ကွက်ဖွဲ့စည်းခြင်း၊ စာရင်းစစ်၊ စာရင်းကောက်များ စုဖွဲ့၍သက်မှတ်သင်တန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်အား အကောင်အထည်ဖော်ရာတွင် အဓိကကျသည့်အခန်းကဏ္ဍတွင်ပါဝင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့်စာရင်း ကိန်းဂဏန်း အချက်အလက်များ မှန်ကန်စွာ ဖြင့်ပြုစုဆောင်ရွက်နိုင်ခြင်း အကျိုးကျေးဇူးများရရှိနိုင်သည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြမည့် သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်အနေဖြင့် အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးဆန်းအောင်က ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေ သည့်လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းကောက်ယူနေမှု လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကလေး ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များမှ မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုလုပ်ငန်းများနှင့် ပတ်သက်၍ Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်/မြို့နယ်တွင် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက် လာသူများမှ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက် ယူခြင်းလုပ် ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



