slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ဟင်းသီးဟင်းရွက်များ စဉ်ဆက်မပြတ်စိုက်ပျိုးရေး ဆွေးနွေးပွဲနှင့်ပြပွဲအခမ်းအနား တက်ရောက်

မုံရွာ ၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဟင်း သီးဟင်းရွက်များ စဉ်ဆက်မပြတ်စိုက်ပျိုးရေး ဆွေးနွေးပွဲနှင့်ပြပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လယ်ယာစိုက်ပျိုးရေးကဏ္ဍ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးသည် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်နေသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး နှစ်စဉ်မိုးစပါးဧက(၁၈)သိန်းကျော် နွေစပါးဧက(၂)သိန်းကျော် စုစုပေါင်းသိန်း (၂၀) ကျော်အား ပုံမှန်အားဖြင့်စိုက်ပျိုးနိုင်ခဲ့သည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ သီးနှံပေါင်းစုံ စိုက်ပျိုးနေသည့်တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးသီးနှံများ၏ စိုက်ပျိုး မြေဧရိယာ အသုံးချမှုတိုးတက်ရေး၊ တစ်ဧကထုတ်လုပ်မှု စွမ်းအားတိုးတက်ရေးနှင့် တောင်သ များဝင်ငွေတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် စိုက်ပျိုးနေသည့်သီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဟင်းသီးဟင်း ရွက်များ စဉ်ဆက်မပြတ်စိုက်ပျိုးရေးအတွက် ရည်မှန်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေး ဦးစီးဌာန အနေဖြင့် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသကဲ့သို့ မိမိတို့တိုင်းဒေ သကြီးအစိုးရ အဖွဲ့အနေဖြင့်လည်း လုံလောက်သည့်ရေနှင့်သွင်းအားစုများကို ဖြည့်ဆည်းပေးကာ လက်မှုလယ် ယာမှ စက်မှုလယ်ယာစနစ် ပြောင်းလဲရေးကိုစသည့် ကဏ္ဍများကိုလည်း အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ သီးနှံ
များပန်းတိုင်အထွက်နှုန်းပြည့်မီ၍ တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး တာဝန် ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး နှင့်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးတို့က တိုင်းဒေသကြီး အတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ဟင်းသီးဟင်းရွက်များ စဉ်ဆက်မပြတ် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အဓိကသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် ဟင်းသီးဟင်းရွက်များ စဉ်ဆက်မပြတ်စိုက်ပျိုးရေးလုပ်ငန်းများ ဆောင် ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဓိကသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် ဟင်းသီးဟင်းရွက်များ စဉ်ဆက်မပြတ်စိုက်ပျိုးရေး၊ သဘာဝမြေသြ ဇာနှင့် သဘာဝပိုးပြေးဆေး ပြုလုပ်နည်း၊ မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponic)၊ ပျိုးဥယျာဉ် (Nursery Farm)၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများ ခင်းကျင်းပြသထားရှိမှုများနှင့် ဝန်ထမ်းများသက် သာချောင်ချိရေးအတွက် ဒေသကြက်မွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း အသား၊ဥနှင့် နို့တိုး မြှင့်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ ၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသား၊ဥနှင့်နို့တိုးမြှင့်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အတွင်းရှိ ကျေးလက်နေပြည်သူအများစု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးအား အခြေခံသည့် ကုန်ထုတ်လုပ်မှုကို အားပေး မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးသည် လယ်ယာသားငါးကဏ္ဍအနေဖြင့် ၃၂ ရာခိုင်နှုန်း ပါဝင်လျက်ရှိသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများသည် အလွန်အရေးပါတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးတိရစ္ဆာန်ကောင်ရေများ တိုးပွားစေရန်နှင့် အသား ထုတ်လုပ်မှုတိုးတက်စေရန်အတွက်ဆောင်ရွက်သွားကြရန်လိုအပ်ပြီး မွေးမြူရေး ကဏ္ဍကိုအခြေ ခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ တောင်သူများနှင့်လုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်အား ပါဝင်သူများအားလုံး ပူးပေါင်း၍ သမားရိုးကျထုတ်လုပ်မှုမှ စံချိန်စံညွှန်းပြည့်မီသည့် အရည်အသွေးကောင်း ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေးနှင့် ရေရှည်တည်တံ့သော စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပေါ်ထွန်းလာ စေရေးတို့အတွက် တာဝန်ရှိသူများအားလုံးမှ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့ နယ်များအတွင်း မိမိတို့ဌာနများအလိုက် အသား၊ဥနှင့် နို့တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းအခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြပြီး မွေးမြူရေးလုပ်ငန်းရှင်များမှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေ သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ နှင့် ကလေးခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ တွင် အသား၊ဥနှင့်နို့တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက မြို့နယ်များ၏ အသား၊ဥနှင့်နို့တိုးမြှင့် ထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက်လာသူ များက တိုင်းဒေသကြီးအတွင်း အသား၊ဥနှင့်နို့ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းများနှင့်ပတ်သက် ၍ အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့တက်ရောက် လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

20240207 01

20240207 01

20240207 01

20240207 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.