slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင် ရွက်နေ မှုကြည့်ရှုအားပေးခြင်းနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ ၊ ဖေဖော်ဝါရီ ၃

မုံရွာမြို့နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ ရပ်ကွက် အတွင်းရှိလမ်းများ သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်း လင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့ အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ် ရပ်ကွက်၊ စိန်ပန်းဝါလမ်းဘေးဝဲ/ယာအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၆ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၇၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ လယ်တီ ရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းအိမ်ရာတွင် စိုက်ပျိုးထားရှိသည့် ဝန်ထမ်းများ သက်သာချောင်ချိပြီး သန့်ရှင်းလတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ စားသုံးနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးထားသည့် စားဖိုဆောင်သီးနှံစိုက်ခင်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူများမှ စိုက်ခင်း အတွင်း စိုက်ပျိုးထားရှိမှုများအား လိုက်လံရှင်းလင်းပြသကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဈေးကြီးတွင် ကုန်စိမ်းပွဲရုံ တည်ဆောက်မည့်မြေနေရာ ရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများငါးစားသုံးမှု အဆင်ပြေစေရေးအတွက် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ မြေဧက (၄၄.၅၉) ဧက အကျယ်တွင် ကန် ၁၆ ကန်အတွင်း သားပေါက်ပြုစုခြင်း ၁၀ သိန်းကောင်ရေနှင့် အသားတိုးမွေးမြူခြင်း ၂ သိန်း ကောင်ရေ မွေးမြူရေးကန်များသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ကန်များအတွင်း ငါးများမွေးမြူ ထားရှိမှုနှင့် ဝန်ထမ်းများအားရောင်းချပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေ သကြီး ဝန်ကြီးချုပ်က ရှင်းလင်တင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝနှ်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ငါးမွေးကန်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

20240205 08

20240205 08

20240205 08

20240205 08

20240205 08

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ သက်မှတ်ကာလပြီးစီးရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ ၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ သက်မှတ်ကာလပြီးစီးရေး ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂ ရက် နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအားလုံးအနေဖြင့် ဘက်ဂျက်နှစ်တစ်နှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများအား သက်မှတ်ကာလအတွင်း ပြီးစီးအောင်အကောင်အထည် ဖော်ဆောင်ရွက်သွား ကြရန်မှာ ကြားလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း အကောင်အထည် ဖော်ဆောင်ရွက် နေသည့် လုပ်ငန်းများအား စံချိန်စံညွှန်းမီ၊ အရည်အသွေးကောင်းမွန်အောင်နှင့် သက်မှတ်ကာလ အတွင်းပြီးစီးအောင် အမြဲကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေး မှူးများအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို အားသွန်ခွန်စိုက် ဆောင်ရွက်သည့်အတွက် လုပ်ဆောင်ရမည့်သတ်မှတ်ပမာဏအပေါ် ပြီးစီးမှုများရှိသလို လိုအပ်မှုများလည်း ရှိပါကြောင်း၊ တာဝန်ရှိသူများအားလုံးအနေဖြင့် လုပ်ငန်းများအပေါ် ကြပ်မတ်၊ စစ်ဆေး၊ တွန်းအားပေးဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ၏ ဆောင်ရွက်ရန်ကာလသည် (၂)လသာကျန်ရှိတော့သည့်အတွက် အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် အရည်အသွေးအဆင့်မီစွာ အမြန်ဆုံးပြီးစီးရန် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ကြပ်မတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်း အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန် ပုံဖြင့်ဆောင်ရွက်နေသည့်လုပ်ငန်းများ သက်မှတ်ကာလပြီးစီးရေးနှင့် ပတ်သက်၍ ဖြည့်စွက် အကြံပြု ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240205 14

20240205 14

20240205 14

20240205 14

20240205 14

20240205 14

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.