slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) တက်ရောက်

မုံရွာ ၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကို ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနေဖြင့် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုငွေ တိုးမြှင့်ထည့်ဝင်မှုများအား ကြိုဆိုအားပေးသကဲ့သို့ တစ်ချို့ လုပ်ငန်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရန် စက်ရုံနှင့်အခြားလိုအပ်သည့် အဆောက် အဉီများ တည်ဆောက်ရာတွင် သဘာဝဘေး၊ကပ်ဘေးကြောင့် ပြင်ဆင်ချိန်မပြီးသည့် အတွက် လိုအပ်ချက်အရ လုပ်ငန်းတည်ဆောက်ရေးကာလ သက်တမ်း တိုးသည့်ကိစ္စများအား ဥပဒေ၊ မူဘောင်များနှင့် ကိုက်ညီမည်ဆိုပါက မိမိတို့ကော်မတီအနေဖြင့် ခွင့်ပြုပေးသွားမှာဖြစ်ပါ ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း ဝင်ရောက်လာသည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ရေရှည်ဆက်လက်ရပ်တည်နိုင်ရန် ပိုမိုတိုးတက်အာင်မြင်အောင်နှင့် နောက် ထပ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်များလည်း ထပ်မံဝင်ရောက်နိုင်ရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများ၊ တိုင်းဒေသကြီး ရင်းနှီး မြုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Taw Win Myanmar Sanyu Co.,Ltd မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဝက်မွေးမြူထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုမိန့်လျှောက်ထားလာခြင်း၊ Thaung Ngwe (KBU) Co.,Ltd မှ လုပ်ငန်းတည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြ လာခြင်းကိစ္စ၊ NCY Intemational Co.,Ltd မှ ကော်မတီအတည်ပြုမိန့်ပါ ရင်းနှီးမြှုပ်နှံမှုပမာဏ ပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးထံ လုပ်ငန်းလုပ်ပိုင်ခွင့် အတည်ပြုမိန့်အား ပေးအပ်သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဖြည့်စွက် အကြံပြု ဆွေးနွေးတင်ပြကြပြီး ကုမ္ပဏီလုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွက်ပေးကာ နိဂုံးချုပ် စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240131 01

20240131 01

20240131 01

20240131 01

၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မုံရွာ ၊ ဇန်နဝါရီ ၃၀

၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူ များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ မြန်မာ့ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးကိုလည်း ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက် လျှက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့်လည်း မြန်မာ့ဘောလုံးအဆင့် အတန်းမြင့် မားစေရေးအား တဖက်တလမ်းမှ ကြိုးစားမှုအနေဖြင့် မြန်မာဘောလုံး အကယ်ဒမီသင်တန်း ကျောင်းသို့ မိမိတို့တိုင်းဒေသကြီးမှ လူငယ်ကစားသမားများအား ရွေးချယ်စေလွှတ်ပေးနေ သကဲ့သို့ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ မွေးထုတ်ပေးသည့် လူငယ်ကစားသမားများ ကိုလည်း နေပြည်တော်ရှိ လူငယ်လေ့ကျင့်ရေးစခန်းများသို့ ရောက်ရှိနေသလို အသက်မွေး ဝမ်းကျောင်းအဖြစ် အလုပ်အကိုင်များလည်း ရရှိပြီးဖြစ်တာကြောင့် အားကစားလုပ်ရင်း ထူးချွန် လာပါက မိမိဘဝနောင်ရေးစိတ်အေးရမည်ဆိုတာ တွေ့မြင်ကြရမှာ လည်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရေး ကော်မတီအနေဖြင့် ပြိုင်ပွဲ စ၊ လယ်၊ ဆုံး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် စနစ်တကျစီမံ ဆောင်ရွက်သွားကြရန်၊ ဒိုင်လူကြီးများမှလည်း တရားမျှတစွာ ကြီးကြပ် ဆောင်ရွက်ပေးကြရန်နှင့် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် ကစားသမားများ အနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို တိကျစွာ လေးစားလိုက်နာကြပြီး ဒိုင်လူကြီးများ၏ ဆုံးဖြတ် ချက်အား လေးစားလိုက်နာကာ မိမိဘဝအတွက် ရည်မှန်းချက်ပန်းတိုင်များထားပြီး မိမိ၏ ခြေစွမ်းခြေစအရည်အချင်းကို ပေါ်လွင်အောင် အားကစားစိတ်ဓါတ် ပြည့်ဝစွာဖြင့် ကြိုးစား ယှဉ်ပြိုင်ပြီး အရည်အချင်းပြည့်ဝသည့် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစား သမားကောင်းများ ဖြစ်အောင် ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန် တိုက်တွန်းပြောကြားပြီး ၂၀၂၄-ခုနှစ်၊ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကြီးအား ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက် လံနှုတ်ဆက်အားပေးကာ ပြိုင်ပွဲဝင်အသင်းများအား လေ့ကျင့်ရေးဘောလုံးများ ထောက်ပံ့ပေး အပ်ကြသည်။

ထို့နောက် ပြိုင်ပွဲအားကစားသမားများက စစ်ကြောင်းပုံဖြင့် ကွင်းအတွင်းမှပြန်လည် ထွက်ခွာကြပြီး မုံရွာမြို့၊ အမှတ်(၂)အခြေခံ ပညာအထက်တန်း ကျောင်း-အလုံမှ ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာ/ပန်းပွားနှင့် Fitness Dance တို့ဖြင့် တီးခတ်ကပြဖျော်ဖြေကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်ခရာ/ပန်းပွားအဖွဲ့အား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက Fitness Dance အဖွဲ့အားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက အလံနှင့်ဆိုင်းဘုတ်ကိုင်အဖွဲ့များအား လည်းကောင်း ဂုဏ်ပြုချီးမြင့်ငွေများ အသီးသီး ပေးအပ်ချီးမြင့်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဖွင့်ပွဲစဉ် ဘောလုံးပြိုင်ပွဲ အဖြစ် မုံရွာခရိုင်အသင်းနှင့် ကလေးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေး ခဲ့ကြသည်။

အဆိုပါ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကြီးကို ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခရိုင်မှ ပြိုင်ပွဲဝင်အားကစားသမား ၂၈၆ ဦး ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

20240131 01

20240131 01

20240131 01

20240131 01

20240131 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.