၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းပညာရေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်
မုံရွာ ၊ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် အဆိုပါ ကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများက တေးသီချင်း အက အလှများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းပညာရေးတက္ကသိုလ် ပထမနှစ်သင်တန်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများအား စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မောင်မယ်သစ်လွင်များအားလုံးကို လှိုက်လှိုက် လှဲလှဲကြိုဆိုပါကြောင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ်သည် ပညာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သည့် ပညာရေး ပါရဂူဘွဲ့များကိုပါ ပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီး နောင်နှစ်များတွင်လည်း ပညာရေးပါရဂူဘွဲ့ရများ ဆက်လက်မွေးထုတ်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအားလုံး မှဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူ များအနေဖြင့်လည်း သက်ဆိုင်ရာ သင်တန်းနှစ်အလိုက် ပညာကိုကြိုးစားလေ့လာသင်ယူ၍ ဆရာ၊ဆရာမများ၏ ပြောဆိုဆုံးမ စကားကိုနားထောင်ကာ မိမိတက္ကသိုလ်၏ ဂုဏ်သိက္ခာမြင့်မားအောင် ကြိုးစားကြစေလိုပါ ကြောင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာဆည်းပူးနေစဉ်ကာလအတွင်း ကျန်းမာရေးကို ဂရုစိုက်၍ ကျောင်းသား၊ကျောင်းသူအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့်နေထိုင်ကာ ပညာဖြင့် အလင်းဆောင်နိုင်သူများဖြစ်အောင် ကြိုးစားသွား ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပါမောက္ခချုပ် နှင့် ဒုတိယပါမောက္ခချုပ်များက စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ အမှတ်အများဆုံးဖြင့် ဝင်ခွင့်ရ ရှိသူ၊ ၂၀၂၃-ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲနှင့် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ဆုရရှိကြသော ကျောင်းသား၊ကျောင်းသူများအားဆုများ အသီးသီးပေးအပ်ချီး မြင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပါရမီ ရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် စိန်ကြည် ခေါက်ဆွဲ စက်ရုံသို့ ရောက်ရှိကြသည်။
ဦးစွာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား လိုက်လံ ရှင်းလင်းပြသပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုန်ကြမ်းသိုလှောင်ရုံ၊ အမျှင်ဖြတ်စက်၊ Dryer Room ၊ အခြောက်ခံစက်နှင့် ပါကင်ထုတ်ပိုးနေမှုများနှင့် စိန်ကြည် ခေါက်ဆွဲစက်ရုံမှ ထုတ်လုပ်သော ခေါက်ဆွဲများခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပဲကတိုးကျေးရွာ၊ တောင်သူဦးအောင်မင်း စိုက်ပျိုးထားသော မုံရွာဂျူံဖြူ ၂ ဧက၊ အထွက်နှုန်း တိုးတက်ရေးစံပြကွက်သို့ ရောက်ရှိကြသည်။
ဦးစွာ စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးမှ စစ်ကိုင်းခရိုင်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဂျူံမျိုးကွဲအလိုက် စိုက်ပျိုးထားရှိမှုအား လည်းကောင်း၊ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီ မံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စိုက်ပျိုးရေရရှိရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တာဝန်ရှိသူများအတူ ဒေသခံတောင်သူများအား ရွက်ဖြန်းမြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဂျူံသီးနှံအထွက်နှုန်းတိုးတက်ရေးစံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုနှင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးနှင့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်းအခမ်းအနား တက်ရောက်
မုံရွာ ၊ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီလ ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အထူးအလေးထားပြီး ပုဂ္ဂလိကလုပ်ငန်းရှင်ကိုယ်စားလှယ်များ၏ တင်ပြချက်၊လိုအပ် ချက်များကိုလည်း တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်း သည် အလုပ်အကိုင်အခွင့်အလမ်းများအား ဖန်တီးပေးသည့်အရေးပါသော ကဏ္ဍတစ်ခုဖြစ်သည့် အပြင် အခြားသောစီးပွားရေးကဏ္ဍများအပေါ်တွင် ဆင့်ပွားအကျိုးသက်ရောက်မှုများစွာ ရှိပါ ကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် တိုင်းပြည်၏ GDP လည်း တိုးတက်လာမှာဖြစ်ပါကြောင်း၊ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းဆိုသည် ဝန်ဆောင်မှုကို အဓိကထားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ဟိုတယ် များတွင် လာရောက်တည်းခို၏နေထိုင်သည့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ စိတ်ကျေ နပ်မှုရှိအောင် ဆောင်ရွက်ရသည့် အလွန်သိမ်မွေ့သည့် ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါ ကြောင်း၊ ယခုအချိန်သည် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ခရီးသွားများအသွား အလာများသည့် ကာလဖြစ်ကာ မိမိတို့တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဟိုတယ်၊တည်းခိုရိပ်သာများ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိမှသာ ရေရှည်တည်တံ့ခိုင်မြဲသည့် ခရီးသွားလုပ်ငန်းအဖြစ် အောင် မြင်လာမှာဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းကိုယ်စားလှယ်များ၊ ခရီးသွားနှင့်ဆက်စပ်သည့် ဌာနဆိုင်ရာများအနေဖြင့် တိုင်း ဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ (၁၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည် ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသ များပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းပန်း ဆက်သွယ်ရေး၊ လုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြ ကြသည်။
ထို့နောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသီး သီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်အတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများ အားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အခမ်းအနားသို့ တက် ရောက်လာကြသော အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များအား လက်ရောက် ပေးအပ်ကြပြီး အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးနေမှုများအား ကြည့်ရှုအား ပေးခဲ့ကြပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ အငြိမ်းစားဝန်ထမ်းများအား အခြေခံစား သောက်ကုန်များထောက်ပံ့ပေးအပ်ခဲ့ပြီး အလားတူဆောင်ရွက်မှုများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



