slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ ၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲ အခမ်း အနားကို ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရအနေဖြင့် ဒေသတွင်းလူငယ်များ စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ရေး ကွန်ပျူတာအခြေခံသင် တန်းများ အား ဖွင့်လှစ်ပေးလျက်ရှိပြီး အဆင့်မြင့်ကွန်ပျူတာသင်တန်းများကိုလည်း ဖွင့်လှစ်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများ ကွန်ပျူတာနည်းပြများနှင့် အကျိုးရှိရှိထိထိရောက်ရောက် သင်ကြားပေး သွားမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ လူငယ်များအနေဖြင့် ကွန်ပျူ တာနည်းပညာ ဘာသာရပ်များ ပိုမိုကျယ်ပြန့်စွာအသုံးပြုနိုင်မှသာ အလုပ်အကိုင်အခွင့် အလမ်းများရရှိကြပြီး နည်းပညာဘက်တွင်လည်း ကျွမ်းကျွမ်းကျင်ကျင်၊ မှန်မှန်ကန်ကန် အသုံးပြုနိုင်ကြမှာဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိသည့်နည်းတူ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့အတွက် ဘက်ပေါင်းစုံမှ စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အနာဂတ်တွင် နိုင်ငံတော်တာဝန်များအား ပခုံးပြောင်းထမ်းဆောင်ကြရမည့် နိုင်ငံတော်၏ ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်လူ ရွယ်များအား အသိပညာ၊ အတတ်ပညာများ တိုးပွားရရှိအောင်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တဗလ၊ ဘောဂဗလ၊ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အားပေးဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အရည်အချင်းရှိသည့်သူများ ဖြစ်လာ မှသာလျှင် မိမိအကျိုး၊ မိမိပတ်ဝန်းကျင် အကျိုးမိမိတိုင်းပြည်၊ မိမိနိုင်ငံ၏အကျိုးကို သယ်ပိုး ထမ်းရွက်နိုင်သည့် စွမ်းရည်ပြည့်ဝသည့် လူတော်လူကောင်းများဖြစ်လာမှာ ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ကွန်ပျူတာအခြေခံသင်တန်းတွင် လာရောက်ပညာသင်ယူကြသည့် သင်တန်းသား၊သင်တန်းသူများအနေဖြင့် ရရှိသည့်အခွင့်အရေးကို မိမိရရအသုံးချကာ ကြိုးစား သင်ယူသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီးအရာရှိထံ သင်တန်းသား၊သင်တန်းသူများအတွက် ငွေကျပ် – ၁၂၂၄၅၀၀ (တစ်ဆယ့်နှစ်သိန်းနှစ်သောင်းလေးထောင်ငါးရာကျပ်)အား ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်း လင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ပျူတာအခြေခံ သင်ကြားနေမှုနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမအတွင်းရှိ ပြခန်းငယ်၊ ကလေးစာဖတ်ခန်းနှင့် စာကြည့်တိုက်တို့အား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

အဆိုပါ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄)သင်တန်းများအား တိုင်းဒေသကြီးအတွင်းရှိ ကလေး၊ ကသာ၊ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုမြို့နယ်များရှိ လူထုအခြေပြုဗဟိုဌာန Community Centre များတွင် တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ကြပြီး စုစုပေါင်း သင်တန်းသား၊သင်တန်း သူ ၉၂ ဦး တက်ရောက်သွားမည်ဖြစ်ရာ သင်တန်းကာလ ၁ လအကြာစာတွေ့၊လက်တွေ့ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

20240122 01

20240122 01

20240122 01

20240122 01

20240122 01

20240122 01

20240122 01

20240122 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မုံရွာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားများ တက်ရောက်

မုံရွာ ၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ပင်မဆောင်ငွေရတုခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာစီးပွားရေးတက္ကသိုလ်သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် အခြေစိုက်တည်ထောင်ဖွင့်လှစ်ထားရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့မှအများ စုဖြစ်ပြီး မြန်မာနိုင်ငံဒေသအသီးသီးမှလည်း ပညာသင်ခွင့်ရရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ပါ ကြောင်း၊ ကျောင်းသား၊ကျောင်းသူမောင်မယ်တို့အနေဖြင့် မိမိတို့ပညာသင်ယူရမည့်အရွယ်တွင် ပညာသင်ခွင့်ရရှိသည့် အခွင့်အလမ်းများအား ကောင်းစွာအသုံးချတတ်ရန် လိုအပ်ပါကြောင်း၊ ဆရာ၊ဆရာမများ သင်ကြားပြသသည့် စီးပွားရေးပညာဘာသာရပ် အသီးသီးကို ကိုယ်တိုင်တတ် ကျွမ်းနားလည်၍ အသုံးချနိုင်သည့်ပညာရှင်အဆင့် ရောက်ရှိအောင်ဇွဲလုံ့လ၊ဝီရိယတို့ဖြင့် အား ထုတ်ကြိုးပမ်း၍ လေ့လာသင်ယူဆည်းပူးသွားကြရန် မှာ ကြားလိုပါကြောင်း၊
ကျောင်းသား၊ကျောင်းသူတို့သည် လူငယ်မောင်မယ်များဖြစ်သည်နှင့်အညီ ကျန်းမာ ကြံ့ခိုင်ခြင်း၊ တွေးခေါ်မြော်မြင်နိုင်စွမ်းရှိခြင်း၊ ဖြောင့်မတ်မှန်ကန်သော အကျင့်စာရိတ္တတို့ဖြင့် ပြည့်စုံခြင်း၊ အချင်းချင်းရိုင်းပင်း ကူညီစိတ်ရှိခြင်း၊ မကောင်းမှုကိုရှောင်ကြဉ်ပြီး မိမိအတွက် ကောင်းကျိုးဖြစ်စေသောအရာတို့နှင့် ပြည့်စုံခြင်းစသည့် တတ်ကြွ၍နိုးကြားသော လူငယ်မောင် မယ်များဖြစ်အောင် မိမိကိုယ်ကိုယ်လေ့ကျင့်ပျိုးထောင် ကြရမှာဖြစ်ပါကြောင်းနှင့် စီးပွားရေး ပညာရှင်များအဖြစ် မိမိနှင့်မိမိပတ်ဝန်းကျင်အား အကျိုးပြုနိုင်သည့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သော ပညာတတ်လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် အားထုတ်ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာကြူက စီးပွားရေးတက္ကသိုလ်အကြောင်းအား မိတ်ဆက်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ စတုတ္ထနှစ်သင်တန်းမှ ကျောင်းသားတစ်ဦးက ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီး ပထမနှစ် သင်တန်းမှ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြို ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ခေတ်တွင် ပညာရေးသည် အဓိကအရေးပါသည့် အခန်းကဏ္ဍတွင် ရပ်တည်လျက်ရှိနေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အသိပညာ၊အတတ်ပညာနှင့်ပြည့်စုံသော ပညာတတ်များပေါများရေးအတွက် ကျောင်းသား၊ကျောင်းသူများဖက်မှ အားသွန်ခွန်စိုက်ကြိုးပမ်းသွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အတွက် ဘက်စုံစွမ်းဆောင်ရည်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လိုပါ ကြောင်း၊ ကျောင်းသား၊ကျောင်းသူများသည် အနာဂတ်နိုင်ငံတော်ဖြစ်သည့် ခေတ်မီဖွံ့ဖြိုးတိုး တက်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် ဦးဆောင်သူများ ဖြစ်လာမှာဖြစ်ပါကြောင်း၊ နိုင်ငံတကာ၏ ပြောင်းလဲတိုးတက်မှုများကို အမြဲ လေ့လာပြီး ခေတ်နှင့်အညီ ရင်ဘောင်တန်းစေနိုင်ရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာရေးအတွက် ဘက်စုံပညာရေးမြှင့်တင်ရေးအား ပညာရေးကဏ္ဍမှတာဝန်ရှိ သူများက အားပေးလေ့ကျင့်ပေးလျက် ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးအသိပညာ၊ အတတ်ပညာရှင်များဖြစ်လာစေရေးအတွက် မိမိတို့ဆည်းပူးနေသည့် ပညာရပ်နယ်ပယ်တွေထဲမှ ကြိုးပမ်းအားထုတ် ကြိုးပမ်းသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ကျော်သင်က တက္ကသိုလ် အကြောင်းအားမိတ်ဆက်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

20240118 01

20240118 01

20240118 01

20240118 01

20240118 01

20240118 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.