၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စိုက်ပျိုးစွမ်းအားမြင့်တင်ရေး ညှိနှိုင်းအစည်းအဝေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
မုံရွာ ၊ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းတပ်နယ်မှူး၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများနှင့် စိုက်ပျိုးစွမ်းအားမြင့်တင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဟုမ္မလင်းခရိုင်အတွင်း ဆန်၊ဆီ၊ပဲ ဖူလုံမှုရှိစေရန် အလေးထားဆောင်ရွက်ပေးနေပါကြောင်း၊ ဆီထွက်သီးနှံများတိုးမြင့်စိုက်ပျိုးပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဓါတ်မြေသြဇာများအား ဈေးနှုန်းသက်သာစွာ ဖြင့်ရောင်းချပေးခြင်း၊ နည်းပညာပေးခြင်းနှင့် မျိုးကောင်းမျိုးသန့်များရရှိ အောင်ပံ့ပိုးကူညီပေးလျက်ရှိပါကြောင်း၊ ရာသီသီးနှံအပြင် နှစ်ရှည်သီးနှံများကိုလည်း စိုက်ပျိုး သွားကြရန် လိုအပ်ပါကြောင်း၊ မြေလွတ်မြေလပ်မချန်ဘဲ စိုက်ပျိုးသွားကြရန် လိုအပ်သကဲ့သို့ မြေနှင့်ရာသီဥတုကို အကျိုးရှိစွာအသုံးပြု၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း စိုက်ပျိုးရေးရည်မှန်းချက်များအောင်မြင်ရန် ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာများ၏ လိုအပ် သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာအားလုံးအနေဖြင့် လုပ်ငန်းများအောင်မြင်အောင် အချင်းချင်းစည်းလုံးညီညွှတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဒေသတည်ငြိမ်အေးချမ်းရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ ဌာနဆိုင်ရာများက စိုက်ပျိုးစွမ်းအားမြင့်တင်ရေးနှင့် စိုက်ပျိုးသီးနှံများအပေါ် ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက် နေမှုများနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝနှ်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ခရိုင်စုပေါင်းရုံးအဆောက်အဦသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်း များ စံချိန်စံညွှန်းမီအရည်အသွေးကောင်းမွန်စွာဖြင့် သက်မှတ်ဘဏ္ဍာနှစ်အတွင်း တည်ဆောက် ပြီးစီးရေး၊ လုပ်ငန်းများအပေါ်စေတနာထားကာ ဆောင်ရွက်သွားရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အား အသေးစိတ်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး အဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော် အခမ်အနား တက်ရောက်
မုံရွာ ၊ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၄ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီ ပွဲတော် အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းဝန်းအတွင်း ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘင်ခရာ/ပန်းပွားအဖွဲ့နှင့် Finess Dance အဖွဲ့များမှ တီးမှုတ်ကပြဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးဝင်းမြတ်စိုးနှင့် တိုင်းဒေသကြီး ပညာရေးမှူး ဦးတင်လှိုင်တို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် စုံညီပွဲတော်အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်း အတွင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းဒေသကြီး အဆင့် စုံညီပွဲတော်အခမ်းအနား ဒုတိယပိုင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ မုံရွာမြို့၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်း သူများမှ “ ကြိုဆိုပါသည်စုံညီပွဲတော် “ တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ အလယ်တန်းဆင့်(Grade-9)ပြီးမြောက် အောင်မြင် သည့် ကျောင်းသား၊ကျောင်းသူများအားလုံး စက်မှု၊စိုက်ပျိုးရေး၊မွေးမြူရေးအတတ်ပညာများကို သင်ယူလေ့လာ ခွင့် ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးအတတ်ပညာများ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာ အထက်တန်းကျောင်း(၅၁) ကျောင်းအား တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့်အတွက် ကျောင်းသား၊ကျောင်းသူများ တက်ရောက်သင်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးသွားကြ ရန်လိုအပ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး (KG+Grade-9) ပြီးမြောက်သည်အထိ ကျောင်းနေ ရေး ဆောင်ရွက်သွားကြရန်နှင့် ကျောင်းသား၊ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ၊ မိတဗလ္တစသည့် ဗလငါးတန်းနှင့်ပြည့်ဝသည့် လူငယ်မျိုး ဆက်သစ် များအဖြစ် စဉ်ဆက်မပြတ်မွေး ထုတ်ပေးနိုင်ရန်အတွက် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှလည်း စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေ ရေးအတွက် ဘက်စုံပညာထူးချွန်သည့် ကျောင်းသား၊ကျောင်းသူများအား လေ့ကျင့်ပြုစုပျိုး ထောင်ပေးရေးသည် ပညာရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်း အစီအစဉ်တစ်ရပ်ဖြစ်သည့် အတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြသွားကြရန် လိုအပ်ပါကြောင်း၊ ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ရှင်သန်ရေး၊ တိုးတက် ဖွံ့ဖြိုးရေးနှင့် ခေတ်မီစေရေးတို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး နိုင်ငံအလိုက် အခြေခံပညာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရည် အသွေးများပြည့်ဝရေးနှင့် ပညာရှင်များအဖြစ် နိုင်ငံ၏အနာဂတ်တွင် နိုင်ငံသားကောင်း၊သမီး ကောင်းများဖြစ်ထွန်းရေးအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြော ကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲ နိုင်ငံတော်အဆင့် ဆဌမဆု၊ သတ္တမဆု၊ နဝမဆုရရှိကြသူများ၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲများတွင်ဆုရရှိကြသူများ၊ တိုင်းဒေသကြီးအဆင့် အင်္ဂလိပ်၊ သချာၤ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဗဟိုအဆင့် ဆောင်းပါး၊ကဗျာ၊စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့်ဆုငွေများ ပေးအပ်ချီး မြှင့်ကြသည်။
ဆက်လက်၍ ၂၀၂၃-ခုနှစ်၊ (၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့် စန္ဒယားဆုရရှိသူ မကြည်ဇေယျရှင်မှ စန္ဒယားအတီးဖြင့် ဧည့်ခံဖျော် ဖြေပြီး အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသူများမှ “ လက်ခတ်သံ ”တေးသီ ချင်းဖြင့် ကပြဖျော်ဖြေကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၂)အခြေခံပညာကျောင်းအတွင်း ဂုန်နီအိတ်စွပ်/အားလူးကောက်အပြေးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော် ခြင်းပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများနှင့် သိပ္ပံလက်တွေ့ပြခန်း၊ လက်မှုပညာနှင့်အိမ်တွင်းမှု ပြခန်း၊ သီပင်၊စားပင်၊အရိပ်ရအပင်နှင့် ပန်းအလှပင်များပြခန်းတို့အား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။








သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



