၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထု လှုပ်ရှားမှုအထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် အမျိုး သားပိုက်ကျော်ခြင်း ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ရင်းနှီးမြှုပ်နှံမ
မုံရွာ ၊ ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်း အမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် သူနာပြုသားဖွားသင်တန်း ကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အခမ်းအနားသို့တက် ရောက်လာသူများမှ ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား ဗိုလ်လုပွဲစဉ်အဖြစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် အမျိုးသား ဗိုလ်လု ပွဲစဉ်အဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော စည်ပင်သာယာ ရေးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ အမျိုးသား စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော စည်ပင်သာ ယာရေးအသင်းမှ အားကစားသမားအား ဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်မှ အမျိုးသမီး စားပွဲတင်တင်းနစ် ပြိုင်ပွဲတွင် ပထမဆုရရှိကြသော အားကစားသမားများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိ သော လူမှုရေးရာ-၁ အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်း ဒေသကြီး စီးပွားရေးရာဝန်ကြီးမှ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိသော စီးပွား၊တိုင်းရင်းသား၊ဥပဒေ အသင်းအား ဆုတံဆိပ်နှင့်ငွေသားဆုအား လည်းကောင်း၊ တိုင်း ဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ အမျိုးသား စားပွဲတင်တင်းနစ် ပြိုင်ပွဲတွင် ဒုတိယဆုရရှိ သော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အားကစားသမားအား ဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးမှ အမျိုးသမီး စားပွဲတင်တင်းနစ် ပြိုင်ပွဲတွင် တတိယဆုရရှိသော စီးပွား၊တိုင်းရင်းသား၊ဥပဒေအသင်းမှ အားကစားသမားအား ဆုတံဆိပ်နှင့်ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ အမျိုးသား စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တတိယဆုရရှိသော လူမှုရေးရာ-၂ အသင်းမှ အားကစား အား ဆုတံဆိပ်နှင့်ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်မှ အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တတိယဆုရရှိသော စည်ပင်သာယာရေးအသင်းမှ အားကစား သမားအား ဆုတံဆိပ်နှင့်ငွေသားဆုအား လည်းကောင်းဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၁၁/၂၀၂၃ သို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ် နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများ၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Great Sapphire Co.,Ltd (သုံးဘီးဆိုင်ကယ်တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းမှ ကော်မတီအတည် ပြုမိန့်ပါ ရင်းနှီးမြုပ်နှံမှုပမာဏ ပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်း လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။













စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၁၂/၂၀၂၃ ကြိမ်မြောက် အစည်းအဝေး တက်ရောက်
မုံရွာ ၊ ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၁၂/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားသည်။
ယင်းနောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်း ကော်မတီ ၁၁/၂၀၂၃ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင် ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည် ပြုပေးရမည့်ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင် တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီး အတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသ များပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံ ရေးအခြေအနေများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ကအစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေး တင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



