slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွာရေးတက္ကသိုလ် ငွေရတု အထိမ်းအမှတ် ပင်မဆောင် အဆောက်အဦးသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ ၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် ငွေရတုအထိမ်းအမှတ် ပင်မဆောင် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ ကျောင်းရှိ ပင်မဆောင် အဆောက်အဦသစ်ရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုး၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူတို့က ငွေရတု အထိမ်းအမှတ် ပင်မဆောင်အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပါမောက္ခချုပ်များနှင့် ဌာန အသီးသီးမှ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် ငွေရတုခန်းမကြီးတွင် ဒုတိယပိုင်းအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စီးပွားရေးတက္ကသိုလ်မှ ပညာသင်ကြားပေးလိုက်သည့် ဘွဲ့ရမောင်မယ်များသည် နိုင်ငံတော်မှအားထားရသည့် စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးနှင့် ပတ်သက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များသည် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုအတွက်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အလွန်အရေးပါသည့် စွမ်းအားစုများ ဖြစ်ပါကြောင်း၊ အမိမြန်မာနိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက် အောင်ဘက်စုံထောင့်စုံကနေ ဝိုင်းဝန်းတည်ဆောက်လျက်ရှိရာ မုံရွာစီးပွားရေးတက္ကသိုလ်မှ ကျောင်းသား၊ကျောင်း သူများသည်လည်း အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး တန်ဖိုးရှိသည့်လူ့ စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနေသည့် မုံရွာစီးပွားရေးတက္ကသိုလ်၏ (၂၅)နှစ်မြောက်ငွေရတု မှသည် ရတုအဆက်ဆက်တိုင်အောင် တိုင်းကျိုးပြည်ပြုသည့် စီးပွားရေးဆိုင်ရာအသိပညာရှင်၊ အတတ်ပညာရှင်များ ဆတက်ထမ်းပိုးမွေး ထုတ် ပေးနိုင်ကြပါစေကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မုံရွာစီးပွားတက္ကသိုလ်အား စတင်တည်ထောင်ခဲ့သည့် ပထမဆုံး ပါမောက္ခချုပ် ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၏ ဝမ်းမြောက်အမှာစကားအား ဗီဒီယိုဖိုင်ဖြင့် ဖွင့်လှစ်ပြသသည်။

ဆက်လက်၍ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူက (၂၅)နှစ် တာကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၏ ကိုယ်ရေးများအား ဂုဏ်ပြုမှတ်တမ်းတင် ဖတ်ကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်း အနားသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး(၆/၂၀၂၃)တက်ရောက်

မုံရွာ ၊ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၆/၂၀၂၃)ကို ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်း ခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများကိုမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် တည်ငြိမ်အေးချမ်းသည့်ဒေသများကို အဓိကအခြေပြုကာ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများအား အစွမ်းကုန်တိုးမြှင့်နိုင်ရေး ဆောင်ရွက်လျှက်ရှိပါ ကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် တည်ငြိမ်အေးချမ်းရေးနှင့်တရား ဥပဒေစိုးမိုးရေး အပြည့်အဝရရှိရန်လိုအပ်သဖြင့် တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များသာမက အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ဌာနဆိုင်ရာများ၊ အစုအဖွဲ့ များအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ ပြည်သူများကိုလည်း သိရှိနား လည်အောင် စည်းရုံးပြောကြားသွားကြရန် လိုအပ်ပါကြောင်း၊ စားရေရိက္ခာဖူလုံရေး၊ ကုန်ဈေး နှုန်းတည်ငြိမ်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းများကို တိုးတက်ပြီးစံပြဖြစ်အောင် ထုတ်ကုန်အဆင့်မြှင့်တင်ရေးအတွက် ဌာနဆိုင်ရာ များမှ လုပ်ငန်းရှင်များနှင့် အမြဲမပြတ်ထိတွေ့ပြီး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြ ရမည် ဖြစ်ပါကြောင်း၊ သာမန်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ခွင့်ပြုဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများသတ်မှတ် ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက်၊ ခရိုင်/မြို့နယ်အလိုက် စိစစ်ရေးအဖွဲ့များကို ဖွဲ့စည်းကြပ်မတ် ဆောင်ရွက်လျှက်ရှိရာ တွင် တာဝန်ရှိသူများမှ တွန်းအားပေးဆောင်ရွက်သွားကြရန် အထူးမှာကြား လိုပါကြောင်း၊ ဆောင်ရွက်၍မရနိုင်သည့် လုပ်ငန်းများရှိပါကလည်း အချိန်မီပြန်လည်အပ်နှံစေပြီး အခြားလို အပ်သည့်နေရာများသို့ လုပ်ငန်းပြောင်း၊ နေရာပြောင်းဆောင်ရွက်စေခြင်း ဖြင့်ဒေသအတွက် ပိုမိုအကျိုးရှိနိုင်မှာဖြစ်ပါ၍ အလေးထား ဆောင်ရွက်ပေးကြရန်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များမှ အနီးကပ်စီစစ်သုံးသပ်ပြီး အချိန်မှီပြင်ဆင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ဝင်ငွေနှင့် အသုံးစရိတ်မျှတမှုရှိအောင် လိုအပ်သည့်ဝင်ငွေဖြစ်သည့် အခွန် အခများအား ဥပဒေနှင့်အညီ ပြည့်ပြည့်ဝဝရရှိအောင် သတ်မှတ်လျာထားချက် ပြည့်မီကျော်လွန် စွာကောက်ခံရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စတင်ကတည်းက ကြိုတင်စီမံဆောင် ရွက်ကြရမှာဖြစ်ပြီး တတိယသုံးလပတ် ကာလကုန်ဆုံးသွားပြီဖြစ်၍ အရှိန်အဟုန်မြှင့်ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခင်နှစ်လျာထားချက် ပြည့်မီကျော်လွန်သည့် ဌာနအဖွဲ့ အစည်းများအနေဖြင့် ယခုဘဏ္ဍာနှစ်တွင်လည်း အရှိန်အဟုန်မပျက် ရသင့်ရထိုက်သည့် အခွန် အခများရရှိရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ပြည့်မီစွာကောက်ခံရရှိနိုင်ခြင်း မရှိသည့် ဌာနအဖွဲ့အစည်းများအနေဖြင့် လည်းမိမိဌာနအဖွဲ့အစည်း လျာထားချက်ပြည့်မီရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အထူးကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာ လှပရေး၊ MSMEs လုပ်ငန်းအခြေအနေများနှင့် အခွန်အခများ ပြည့်ဝစွာကောက်ခံရရှိရေး လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအ နေများ၊ အခွန်အခများ ပြည့်ဝစွာကောက်ခံရရှိရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ဒေသတည် ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရေးနှင့် အခွန်အခများ ပြည့်ဝစွာကောက်ခံရရှိရေး ဆောင်ရွက်နေသည့် လုပ်ငန်းများ နှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20231220 01

20231220 01

20231220 01

20231220 01

20231220 01

20231220 01

20231220 01

20231220 01

20231220 01

20231220 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.