slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ အာဟာရပြည့်ဝသော နေ့လယ်စာပြင်ဆင်ချက်ပြုတ်မှုပြိုင်ပွဲ ကျင်းပ

မုံရွာ၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက မုံရွာမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ကျင်းပသော သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/သူများ၏ အာဟာရပြည့်ဝသောနေ့လယ်စာပြင်ဆင်ချက်ပြုတ် မှုပြိုင်ပွဲသို့ တက်ရောက်အားပေးသည်။

အခမ်းအနားတွင် အစားအသောက်အကဲဖြတ်ရေး ဒိုင်ချုပ်ဖြစ်‌သော တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာညီညီလွင်မှ ပြည်သူလူထုအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရပြည့်ဝသော အစား အသောက်များ စနစ်တကျပြင်ဆင်ချက်ပြုတ်စားသုံးတတ်စေရန်၊ သင်တန်းသား/သူများ၏ ကာယဉာဏစွမ်းရည်ပြည့်ဝစေရန်နှင့် ပျော်ရွှင်စွာ လက်တွေ့ပညာသင်ယူဆည်းပူးနိုင်စေဖို့ ရည်ရွယ်ပြီး ပြိုင်ပွဲအားစီစဉ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ အစားအစာရွေး ချယ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ မီးဖိုချောင်သုံးပစ္စည်းများသန့်ရှင်းမှု၊ အာဟာရများမဆုံးရှုံးအောင် ပြင်ဆင်ချက်ပြုတ်ခြင်း၊ ကယ်လိုရီတွက်ချက်မှုနှင့်ပါဝင်သောအာဟာရများတင်ပြခြင်း အစရှိသည့် အချက်(၁၂)ချက်ဖြင့် အကဲဖြတ်အမှတ်ပေးသွားမည်ဖြစ် ကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ချိန်တွင်တစ်နာရီဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အဖွဲ့ (၄)ဖွဲ့မှ ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပနေစဉ်အတွင်း မုံရွာ- သူနာပြုနှင့်သားဖွားသင်တန်း ကျောင်းမှ ကျောင်းသား/သူများမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ပြိုင်ပွဲယှဉ်ပြိုင်ချက်ပြုတ်နေကြသည့် အဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးရာ ပြိုင်ပွဲဝင်အဖွဲ့များမှမိမိတို့ချက် ပြုတ်ထားသော ဟင်းတစ်မျိုးစီ၏ ပါဝင်သည့်ကယ်လိုရီ၊ အာဟာရဖြစ်မှုနှင့်ကုန်ကျစရိတ်တို့အား ရှင်းလင်းပြသခဲ့ကြသည်။

ထို့နောက် ဆုများ‌ချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ‌ ပထမဆုရရှိသော တတိယနှစ် သူနာပြုအဖွဲ့အား ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ တာဝန်ရှိသူများမှ ဒုတိယဆုရရှိသော(ဒုတိယနှစ်သူနာပြု)အဖွဲ့၊ တတိယဆု ရရှိ‌သောပထမနှစ်သူနာပြု (အကြီးတန်း)အဖွဲ့နှင့် နှစ်သိမ့်ဆုရရှိ‌သော ပထမနှစ်သူနာပြု (အကြီးတန်း)အဖွဲ့တို့အား ဂုဏ်ပြုဆု‌ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် မုံရွာမြို့- သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေကျပ်(၁၅)သိန်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန့်မှ ကျောင်းအုပ်ကြီးထံပေးအပ်ခဲ့ပြီး ပြိုင်ပွဲယှဉ်ပြိုင်ချိန် တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်မှ ဆုငွေကျပ် (၅)သိန်းအား ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် သူနာပြုသင်တန်းသား/သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းသား/သူများ၊ မုံရွာမြို့- သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ဝန်ထမ်းများနှင့်မိသားစုနေ့လယ်စာအား ရင်းရင်းနှီးနှီး အတူတကွသုံးဆောင်ခဲ့ကြောင်း သိရသည်။

20240223-01
20240223-02
20240223-03
 
20240223-04
20240223-05
20240223-06
 
20240223-07
20240223-08

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကျော် ကလေးမြို့ မဟာစည်သာသနာ့ ရိပ်သာကျောင်းတိုက်ရှိ ဆရာတော်ကြီးများထံ ဆွမ်းဆန်တော် နှင့် လှူဖွယ်ပ္စည်းများ ဆက်ကပ်လှူဒါန်း

မုံရွာ၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ကလေးမြို့ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ရှိ မြို့နယ် သံဃနာယကအဖွဲ့(သုဓမ္မာ) ဥက္ကဌ ၊ ကံသာယာသာသနာပြုဗဟိုကျောင်းတိုက် ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုဆရာတော်ဘဒ္ဒန္တဇဝန နှင့်မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်(သုဓမ္မာ)မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၊မဟာကမ္မဌာနာစရိယဆရာတော်ဘဒ္ဒန္တဓမ္မာနန္ဒ တို့အားသွားရောက်ဖူးမြှော်ကြည်ညို၍ သာသနာရေးဆိုင်ရာများကိုလျှောက်ထားတင်ပြခဲ့ပြီးဆရာတော်ကြီးများထံသို့ ဆွမ်းဆန်တော် နှင့်လှူဖွယ်ပစ္စည်းများအားဆက်ကပ်လှူဒါန်းခဲ့ပြီး ရှေးဟောင်းသမိုင်းဝင်ရွှေဘုံသာစေတီတော်၊ ရာဇမုနိရှစ်မျက်နှာ စေတီတော်နှင့် ဓမ္မာရုံတို့ ရေရှည်တည်တန့်ရေးအတွက်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရေးလုပ်ငန်းများအားတာဝန်ရှိသူများနှင့်လှ့ည်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်း နှင့် အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း တို့သို့ရောက်ရှိကာ ခရိုင်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ(Grade 5)၊ (Grade 9)ကျောင်းသားကျောင်းသူများ တန်းစဉ်ကူးပြောင်းမှု နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် တန်းစဉ်ကူးပြောင်းမှုနှစ်ဆုံးစာမေးပွဲတွင် ကလေးမြို့နယ် စာစစ်ဌာန (၅၀)ခု၌(Grade 5)ကျောင်းသား/သူ ( ၂၃၃၄ )ဦး နှင့်(Grade 9) ကျောင်းသား/သူ ( ၂၄၂၁ )ဦး စုစုပေါင်း ကျောင်းသား/သူ (၄၇၅၅) ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်။

20240221-news-01
20240221-news-02
20240221-news-03
 
20240221-news-04
20240221-news-05
20240221-news-06

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.