slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီး-ဆင်သေ-လဟယ်လမ်းပိုင်းနှင့် ပါဆောင်-ပါရိုး-ထန်ပါခွေလမ်းပိုင်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးနှင့် ထန်ပါခွေမြို့ရှိဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

မုံရွာ၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် လမ်းဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့(၈)မှ တာဝန်ယူဆောင်ရွက်နေသည့် ခန္တီး-ဆင်သေ-လဟယ်လမ်းပိုင်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် တောင်ဖြိုလမ်းချဲ့ခြင်းဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ထွန်းလင်းက ယခုဆောင်ရွက်နေမှုသည် ကီလိုမီတာ ၁၆ နှင့် ၁၇ ကြား၌ ကျောက်ချောလမ်းမှတစ်ဆင့်တက်ပြီး လမ်းအကျယ်(၁၈)ပေ၊ ကွန်ကရစ်ထု(၉)လက်မနှင့် အရှည်ပေ(၃၂၉)မီတာ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း လမ်းကျဉ်းနေရာများတွင် လမ်းသားအကျယ် (၃၄) ပေ ရရှိစေရန် တောင်ဖြိုလမ်းချဲ့ ခြင်းလုပ်ငန်းကိုလည်း အရှည်မီတာ(၂၂၀) ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ရာ
တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်‌ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်
ပါဆောင်-ပါရိုး-ထန်ပါခွေ လမ်းပိုင်းသို့ရောက်ရှိရာ အဆိုပါလမ်းပိုင်း၏ ကီလိုမီတာ ၇ နှင့် ၈ ကြားတွင်ဆောင်ရွက်နေသည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယခုနေရာတွင်လည်းလမ်းအကျယ်(၁၈) ပေ ကွန်ကရစ်ထုမှာ (၈)လက်မနှင့် အရှည် ပေ ၂၅၀ မီတာအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လမ်းဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့(၈)မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ရာ ယခုနေရာများသည် မိုးရာသီကာလတွင် သွားလာရေးအခက်ခဲဆုံးသောနေရာများဖြစ်ကြောင်း
တိုင်းဒေသကြီး၊ လမ်းဦးစီးဌာန
ညွှန်ကြားရေးမှူးက ရှင်းလင်းမှတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ပညာရေး၊စီးပွားရေး၊ ကျန်းမာရေး၊လူမှုရေး၊အခန်းကဏ္ဍများလည်း တစ်ဆက်တည်း ပိုမိုကောင်းမွန်လာမည်ဖြစ်သောကြောင့်၊ ယခုပွင့်လင်းချိန်တွင် သွားလာမှုခက်ခဲသည့် နေရာများအား အဆင်ပြေချောမွေ့စွာ သွားလာနိုင်‌ရေးကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း
ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ထန်ပါခွေမြို့ သို့ရောက်ရှိရာ ဒေသခံ “ခမ်ညူငန်” နာဂမျိုးနွယ်စုများမှ ရိုးရာသီချင်းများဖြင့် သီဆိုကြိုဆိုကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့နယ်၊ ထန်ပါခွေမြို့ ၊အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ တာဝန်ထမ်းဆောင်နေကြသော ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံပြီး တာဝန်ရှိသူများမှ ‌ကျောင်း၏ သင်ကြားရေး၊ အုပ်ချုပ်ရေးနှင့်ပညာရေးဆိုင်ရာ တိုးတက်မှုအခြေအနေများအား ရှင်းလင်း ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝင်းအတွင်း ဆောက်လုပ်လျက်ရှိသည့် RC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုခဲ့ပြီး သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင်ဆောက်လုပ်သွားကြရန်မှာကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထန်ပါခွေဒေသသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၅၁၁၆)တွင် တည်ရှိသော တည်ငြိမ်အေးချမ်းသည့် ဒေသဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိလျင် ပညာရေး၊ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု အရာအားလုံးသည် ဆုတ်ယုတ်ခြင်းနှင့်အခက် အခဲများကြုံတွေ့ရမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းမှုအား ဆက်လက်ထိန်းသိမ်းရန်နှင့်ပြည်သူများက
ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ဌာနဆိုင်ရာများနှင့် ပြည်သူ့စစ်အဖွဲ့များ အပါအဝင်ပြည်သူများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လိုအပ်ချက်အားလုံးကိုလည်း ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုလည်းဒေသ၏လိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလိုသောကြောင့်လာရောက်ခြင်းဖြစ်ပါကြောင်း၊ဒေသ၏ စိုက်ပျိုးစွမ်းအားကောင်းမွန်ရန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ ထိန်းသိမ်းနိုင်ရေးအတွက် တောင်ယာစိုက်ပျိုးမှုစနစ်မှ လှေကားထစ် စိုက်ပျိုးမှုစနစ်သို့ ပြောင်းလဲခြင်းနှင့် နှစ်ရှည်သီးနှံပင်များစိုက်ပျိုးနိုင်ကြစေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ကာနည်းပညာပေးသင်တန်းများ၊ စက်မှုပိုင်းဆိုင်ရာနှင့် အခြားလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ယခုလိုဝေးလံပြီး သွားလာရေးခက်ခဲကာ၊ စားသောက်စရိတ်မြင့်မားသော နေရာတွင်လာရောက် တာဝန်ထမ်းဆောင်ပေးကြသည့်အတွက်လည်း အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုအခြေ အနေများအား ရှင်းလင်းပြောကြားကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ထန်ပါခွေမြို့ရိုးရာယဉ်ကျေးမှုအဖွဲ့အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240216 01

20240216 01

20240216 01

20240216 01

20240216 01

20240216 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ် နွေစပါးပန်းတိုင် အထွက်နှုန်းရရှိရေး ကွင်းသရုပ်ပြပွဲနှင့် သက္ကယ်ကျင်း- ဖောင်းပြင် -ဟုမ္မလင်း -ခန္တီး လမ်းပိုင်း ကွန်ကရစ်ခင်းခြင်းနှင့် ချင်းတွင်းတံတား (ထမံသီ )ချဉ်းကပ်လမ်း တည်ဆောက်နေမှုတို့

မုံရွာ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းသရုပ်ပြပွဲကျင်းပသည့် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ဟုမ္မလင်းရပ်ကွက် ကွင်းအမှတ်( ၆၄) ဦးပိုင်အမှတ် (၃၇) တောင်သူ ဦးသန်းဝင်း ၏ နွေစပါး တင်း( ၁၂၀ )အထက် ထွက်ရှိရေး ဆောင်ရွက်ထားသည့် နွေစပါး ( ၁၀ )ဧက စံပြကွက်ပြပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲတွင် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းတို့မှ ဟုမ္မလင်းခရိုင်အတွင်း မိုးစပါးဧက (၆၄၁၆၀) စိုက်ပျိုးထားရှိမှု၊ နွေစပါးဧက( ၁၁၀၂၀) လျာထားစိုက်ပျိုးနေမှုအခြေအနေများကိုရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုး၊ မြေ၊ ရေ နှင့် နည်းပညာ စတဲ့ ၄ မျိုး သည် အဓိကကျပါကြောင်း၊ အထွက်တိုးသော မျိုးကောင်းမျိုးသန့်များခေတ်မီ စက်ကိရိယာများ၊ စိုက်ပျိုးရေ ရယူနိုင်သည့် နည်းစနစ်များ၊ စိုက်ပျိုးနည်းပညာများကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ်သဖြင့် မျိုးကောင်းမျိုးသန့်မှ အစပြု၍ နည်းပညာသင်တန်းပေးခြင်းနှင့် စက်ကိရိယာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဟုမ္မလင်းဒေသသည် ဆန် ဖူလုံပိုလျှံမှု ရှိသဖြင့် နာဂဒေသအပါအဝင် အခြားဒေသများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်း၊ ဒေသမျိုးစပါးများအပြင် သက်တမ်းတိုအထွက်နှုန်းကောင်းသည့် စပါးမျိုးများစိုက်ပျိုးခြင်းဖြင့် သီးထပ်စိုက်စွမ်းအားများ တိုးတက်လာမှာ ဖြစ်ပြီး တောင်သူများ ဝင်ငွေ ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ပေးခဲ့ကာ တောင်သူများအား ရွက်ဖျန်းမြေဩဇာများနှင့် မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် သာသနာဇောတိကမြို့မကျောင်းသို့ ရောက်ရှိကာ အဆိုပါကျောင်း၏ ပဓါန နာယက ဆရာတော် ဘဒ္ဒန္တအိန္ဒဝန္သ အား လှူဖွယ်ပစ္စည်းများနှင့်အတူ ဆွမ်းဆန်တော်၊ ဆီ ၊ ဆား တို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် လမ်းဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိသော သက္ကယ်ကျင်း- ဖောင်းပြင် -ဟုမ္မလင်း -ခန္တီး လမ်းပိုင်း မိုင်တိုင်အမှတ် (၂၀၀/၆)မှ (၂၀၁/၆)အထိ အကျယ် ၁၈ ပေ၊ ထု ၈ လက်မ ဖြင့် အရှည် ၁မိုင် ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းများ‌ ဆောင်ရွက်နေမှုတို့အားကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်သည် နာဂဒေသနှင့် ဆက်စပ်ဒေသများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြု‌စေမည့် ချင်းတွင်းတံတား (ထမံသီ ) ချဉ်းကပ်လမ်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ အမှတ်( ၂ )တံတားတည်ဆောက်ရေး အထူးအဖွဲ့မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးညီညီဇော် နှင့် တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ထွန်းလင်းတို့က တံတားချဉ်းကပ်လမ်းအရှည် ၃ ဒဿမ ၉၅ ကီလိုမီတာ လုပ်ငန်းဆောင်ရွက်နေမှုတို့အား ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ကို အထူးဂရုပြုကာ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီးနောက် တည်ဆောက်ရေးအဖွဲ့၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

အထက်ဘက်ပေ(၁၅၀)နှင့်အောက်ဘက်ပေ(၁၅၀)ကိုလည်းထပ်မံဆောင်ရွက်ပေးဖို့လျာထားချက်များရှိကြောင်းနှင့် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး၊အထူးဂရုပြုပြီး သတ်မှတ်ချိန်အတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေးအတွက် ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ခန္တီးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး အခြေခံပညာကျောင်းသား/သူ(၁၁၄၁)ဦးတို့ တန်းစဉ်ကူးပြောင်းမှု နှစ်ဆုံးစာမေးပွဲ ဖြေဆိုနေမှု များအား တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး ကျန်စစ်သားခန်းမတွင် ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ ခရိုင်/မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် တက်ရောက်လာသူများက‌ ကျောင်း၏ သင်ကြားရေး၊ အုပ်ချုပ်ရေး၊ အခြေခံပညာစာမေးပွဲများ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ကျောင်းများနှင့်စာစစ်ဌာနများအလိုက်ပြင်ဆင်ထားရှိမှု၊ပညာရေးဆိုင်ရာတိုးတက်မှု အခြေအနေများအား ဆွေး နွေးတင်ပြကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဖြည့် ဆည်းဆော င်ရွက်ပေးခဲ့သည်။

ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် လမ်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသော ဟုမ္မလင်း-ခန္တီးလမ်းပိုင်း မိုင်တိုင်အမှတ်(၃၀၄/၀)မှ (၃၀၆/၀)အတွင်း လမ်းကွေ့ဖြောင့်ခြင်း၊ လမ်းအနိမ့်အမြင့်ညှိခြင်းနှင့် လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ကြပြီး တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ထွန်းလင်းက လုပ်ငန်းများဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် တိုင်းဒေ သကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

20240215 01

20240215 01

20240215 01

20240215 01

20240215 01

20240215 01

20240215 01

20240215 01

20240215 01

20240215 01

20240215 01

20240215 01

20240215 01

20240215 01

20240215 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.