၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တိပိဋကဓမ္မ ပါလမဟာဝိဟာရကျောင်းတိုက်ကြီးရှိ ဆရာတော်၊သံဃာတော်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်နှင့်စားသုံးဆီများ ဆက်ကပ်လှူဒါန်း
မုံရွာ၊ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တိပိဋ ကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာ တော်များ စိတ်အေးချမ်း သာစွာဖြင့် ပရိယတ္တိ၊ပဋိ
ပတ္တိ တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်နှင့်စားသုံးဆီများ ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကို ဇန်နဝါရီလ ၆ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးရှိ ဓမ္မဝိနယဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီ/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ် ပြီး ရွှေတောင်ဦး တိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက် ဘဒ္ဒန္တနန္ဒဝံသ ဆရာတော် ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက် တည်ကြသည်။
ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်ဆွမ်းဆန်၊ဆီများ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ရွှေတောင်ဦး တိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက် ဘဒ္ဒန္တ နန္ဒဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိ သတ်များက အနုမော ဒနာတရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဠတု”သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြ သည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင် ဦး တိပိဋကဓမ္မ ပါလမဟာဝိဟာရကျောင်းတိုက်ရှိ ဆရာတော်၊သံဃာတော်များအား တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန် ၂၄ ပြည်အိတ်- ၃၀ ၊ စားသုံးဆီ – ၅၀ ပိဿတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) နှင့် ၂၀၂၆-ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ ဇန်နဝါရီ ၅
၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆)ကို ဇန်နဝါရီလ ၅ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများ၊အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့်အတွင်းရေး မှူးများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပရန် (၅)ရက် သာလိုတော့သည့်အတွက် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များရှိ တာဝန်ရှိသူအားလုံး အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ ရာနှုန်းပြည့် ဆန္ဒမဲလာရောက် ပေးနိုင်ရေး ကြိုတင်နှိုးဆော်သွားကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေး ရာတွင် ပိုမိုလွယ်ကူအဆင်ပြေအောင် အလွယ်တကူမဲပေးနိုင်ရန် မဲစာရင်းအမှတ်စဉ်များအား ကြိုတင်သိရှိရန် ဆောင်ရွက်ပေးမှသာ မဲရုံဖွင့်လှစ်သည့်အချိန်အတွင်း လျင်လျင် မြန်မြန်မဲပေးနိုင်ပြီး မဲဆန္ဒရှင်များအားလုံး ရာနှုန်းပြည့်မဲပေးနိုင်မည်ဖြစ်သည့် အတွက် တာဝန်ရှိသူအားလုံးက အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးသွာကြရန် လိုအပ်ကြောင်း၊ MEVM မဲပေးစက်များ စနစ်တကျကိုင်တွယ် အသုံးပြုတတ်စေရေးနှင့် မဲရုံ များတွင်အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများအား လုံလောက်စွာကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ကြိုတင်စီမံဆောင် ရွက်ထားရှိမှုများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်းက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲ အပိုင်း (၂)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ များနှင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများက Video Conferencing ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း၂၀၂၅- ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းများ ကြိုတင်စီမံပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာ ကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ လ ၄ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆-ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ကြရာ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက် ရောက်လာသူများနှင့်အတူ ဂုဏ်ပြုညစာအား အတူတကွသုံးဆောင်ခဲ့ကြပြီး မုံရွာသူနာ ပြုသင်တန်းကျောင်းနှင့် မုံရွာပညာ ရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူများ၏ တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ခဲ့ကြောင်း သိရသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



