၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း အသား၊ဥနှင့် နို့တိုး မြှင့်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ ၊ ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသား၊ဥနှင့်နို့တိုးမြှင့်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အတွင်းရှိ ကျေးလက်နေပြည်သူအများစု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးအား အခြေခံသည့် ကုန်ထုတ်လုပ်မှုကို အားပေး မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးသည် လယ်ယာသားငါးကဏ္ဍအနေဖြင့် ၃၂ ရာခိုင်နှုန်း ပါဝင်လျက်ရှိသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများသည် အလွန်အရေးပါတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးတိရစ္ဆာန်ကောင်ရေများ တိုးပွားစေရန်နှင့် အသား ထုတ်လုပ်မှုတိုးတက်စေရန်အတွက်ဆောင်ရွက်သွားကြရန်လိုအပ်ပြီး မွေးမြူရေး ကဏ္ဍကိုအခြေ ခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ တောင်သူများနှင့်လုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်အား ပါဝင်သူများအားလုံး ပူးပေါင်း၍ သမားရိုးကျထုတ်လုပ်မှုမှ စံချိန်စံညွှန်းပြည့်မီသည့် အရည်အသွေးကောင်း ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေးနှင့် ရေရှည်တည်တံ့သော စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပေါ်ထွန်းလာ စေရေးတို့အတွက် တာဝန်ရှိသူများအားလုံးမှ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့ နယ်များအတွင်း မိမိတို့ဌာနများအလိုက် အသား၊ဥနှင့် နို့တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းအခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြပြီး မွေးမြူရေးလုပ်ငန်းရှင်များမှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေ သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ နှင့် ကလေးခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ တွင် အသား၊ဥနှင့်နို့တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက မြို့နယ်များ၏ အသား၊ဥနှင့်နို့တိုးမြှင့် ထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက်လာသူ များက တိုင်းဒေသကြီးအတွင်း အသား၊ဥနှင့်နို့ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းများနှင့်ပတ်သက် ၍ အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့တက်ရောက် လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။




စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင် တန်းအမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနား ကျင်းပ
မုံရွာ ၊ ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးစွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးရှိ သင်တန်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ အမျိုးမျိုးအား ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်ကြုံတွေ့လျက်ရှိပြီး ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ အရပ်ရပ်သည် လူသားတို့၏ လုပ်ဆောင်ချက်များအပေါ် မြစ်ဖျားခံလျက်ရှိပါကြောင်း၊ လူသားတို့ ၏လိုအပ်ချက်အမျိုးမျိုးအတွက် သဘာဝသယံဇာတများကို မဆင်မခြင်ထုတ်ယူသုံးစွဲလာခဲ့ သည့်အတွက် သဘာဝသယံဇာတ ပစ္စည်းများသည် တဖြည်းဖြည်းလျော့ပါးလာခဲ့ပါကြောင်း၊ ပတ်ဝန်းကျင်ယိုယွင်း ဆုတ်ယုတ်လာမှုသည် ယနေ့လူသားတို့ အတွက်သာမက နောင်အနာဂတ် မျိုးဆက်သစ်များအတွက်လည်း များစွာထိခိုက် စေပါ ကြောင်း၊ လူသားများအားလုံးအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအား အထူးဂရုပြု ဆောင်ရွက်ကြရန်လိုအပ်ပြီး ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများသည် ကဏ္ဍပေါင်းစုံနှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်မှလည်း ပတ်ဝန်းကျင်ပျက်စီးမှုလျော့နည်း စေရန်အတွက် ဂရုပြုဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများ အနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာအသိပညာများအား ပြန်လည်ဖြန့်ဝေပေးနိုင်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများတွင် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်နိုင်သည့် လူငယ်ခေါင်းဆောင်များ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊သင် တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝနှ်ရှိသူများသည် မြေ၊ ရေ၊ လေ ညစ်ညမ်းမှု များအားစစ်ဆေးသည့် စက်ကိရိယာများ ခင်းကျင်းပြသထားရှိမှုများအား လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝနှ်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းအား ရက် သတ္တပတ် ၄ ပတ်ကြာ စာတွေ့၊လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



