၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်
မုံရွာ ၊ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင် တန်းများ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး၏ ခရီးသွား လုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေ ဖြင့်မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဟိုတယ်/တည်းခိုရိပ်သာပတ်ဝန်းကျင် အမြဲသန့်ရှင်းသာ ယာလှပရေး၊ စိမ်းလန်းစိုပြေရေးအတွက်လည်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိမှသာ အဆင့်အတန်းအရည်အသွေးမြင့်မားသည့် ဟိုတယ်/တည်းခိုရိပ်သာများအဖြစ် နာမည်ရရှိလာမည် ဖြစ်ပါကြောင်း၊
သင်တန်းသား/သူများကလည်း မိမိတို့လက်ရှိနေရာတွင် ရပ်နားမနေပဲ နောက်တစ်ဆင့် မြှင့်သည့် ပညာရပ်များအား စဉ်ဆက်မပြတ်လေ့လာသင်ယူသွားကြရန်နှင့် ဘက်စုံစွမ်းဆောင် ရည်ရှိနေရန်အတွက် ယခုလိုသင်တန်းမျိုးတွင် ကြိုးစားအားထုတ်လေ့ကျင့်သင်ကြားသွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းမှပို့ချပေးမည့် ဝန်ဆောင်မှုဆိုင်ရာ ပညာရပ်များအား အပတ်တကုတ် လေ့လာ ဆည်းပူးသွားကြရန်၊ သင်တန်းမတက်ရောက်နိုင်သေးသည့် လုပ်ဖော်ကိုင်ဖက်များ ကိုလည်း ဆင့်ပွားသင်ကြားပေးနိုင်သည့် အဆင့်ရောက်အောင် လေ့လာသင်ယူသွားကြရန်နှင့် ရှိပြီးသားအရည် အသွေးများအား ယခုသင်တန်းမှသင်ကြားပို့ချပေးမည့် ပညာရပ်များဖြင့် ပေါင်းစပ်၍ မိမိတို့၏ အရည်အသွေးများကို မြှင့်တင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ် နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ် သက်၍ လည်းကောင်း၊ မန္တေလးမြို့၊ SKy Team Academy သင် တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမြင့်အောင်က သင်တန်းတွင်သင်ကြားပေးသွားမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြား ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် ရိုက်ကူးထားသည့် ” ဇေယျာရွှေမြေသို့ ခရီးသွားခြင်း ” အစီအစဉ်ပါ ခရီးစဉ်ဒေသနောက်ခံအရုပ်များဖြင့်သီချင်းအား ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြသည်။
အဆိုပါ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းသို့ သင်တန်းသား/သင်တန်းသူ ၆၀ ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းကာလ ၁၀ ရက်ကြာ စာတွေ့၊လက်တွေ့ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။















စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားနှင့် (ဒုတိယအကြိမ်) သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်းနှင့် မုံရွာမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆ
မုံရွာ ၊ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားနှင့် (ဒုတိယအကြိမ်) သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စုပေါင်းမဟာဘုံကထိန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကော်မတီအဖွဲ့ဝင်များမှ မိမိတို့ကဏ္ဍများအလိုက် ဆောင်ရွက်သွားရမည့်လုပ်ငန်းများအား တာဝန်ကျေပွန်စွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ ကော်မတီများအနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်မှုအပေါ် လိုအပ်သည်များကို မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း၊ ပင့်သံဃာဆရာတော်ကြီးများ အချိန်မီရောက်ရှိရေး၊ သွားလာမှုအဆင်ပြေစေရေးနှင့် ဆွမ်းဆက်ကပ်ရေးတို့အတွက် မော်တော်ယာဉ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် လိုအပ်ချက်များမရှိအောင် အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒုတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်မည့် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကိုလည်း အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီများဖွဲ့စည်းကာ တာဝန်များပေးအပ်ထား ပြီးဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့များမှလည်း အချင်းချင်းပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူ ရာတွင် သက်ဆိုင်ရာဌာနများအလိုက် စနစ်တကျ လောင်းလှူနိုင်ရေးအတွက် နေရာများသတ်မှတ်စီစဉ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအဖွဲ့များအနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊သတိတို့ဖြင့် ဆောင် ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် စုပေါင်းမဟာဘုံကထိန်နှင့် ဒုတိယအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်း ဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ကော်မတီများဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းအခြေအနေများအား ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စုပေါင်းမဟာဘုံကထိန်နှင့် ဒုတိယအကြိမ် သံဃာအပါး ၁၀၀၀ ဆွမ်းဆန် စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့မှ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းများအား လည်းကောင်း၊ မုံရွာခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖိတ်ကြား/ကြိုဆို/နေရာချထားရေး လုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ သံဃဝေယျာဝစ္စဆောင်ရွက်ရေး နှင့်နေရာချထားရေး လုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးအား လည်းကောင်း၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ပဒေသာပင်လက်ခံရေးနှင့် စာရင်းပြုစုရေးအား လည်းကောင်း၊ တိုင်းဒေသကြီး ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာနမှ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးလုပ်ငန်း များအား လည်းကောင်း၊ တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးမှ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများ နှင့်ပတ်သက်၍ လည်းကောင်း အသီးသီးဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စုပေါင်းမဟာဘုံကထိန်နှင့် ဒုတိယ အကြိမ် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း များနှင့် ပတ်သက်၍ အသီးသီးဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကုသိုလ်ယူစီစဉ်မှုဖြင့် မုံရွာမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် (သုဓမ္မာ/ရွှေကျင်) ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး သံဃနာယက အဖွဲ့ (သုဓမ္မာ/ရွှေကျင်) ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝိနည်းဓိုရ်ဆရာ တော်ကြီးများနှင့် မြို့နယ်သံဃနာယကအဖွဲ့ (သုဓမ္မာ/ရွှေကျင်) ဆရာတော်ကြီးများအား မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဆေးစစ်ပေးနေမှုများအား ဆောင်ရွက်ခဲ့ ကြသည်။
အဆိုပါ ဆရာတော်ကြီး အပါး ၆၀ အား ကျန်းမာရေးဆေးစစ်ပေးနေမှုအား တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သွားရောက်ဖူးမျှော် ကြည်ညိုခဲ့ကြပြီး ဆေးစစ်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ ဆရာတော်ကြီးများထံ ကျန်းမာရေးအခြေအနေများအား လျှောက်ထားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



