slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကမ္ဘာ့ကလေးများနေ့ အခမ်းအနား တက်ရောက်

မုံရွာ ၊ နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမူ ဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ မူလတန်းကြိုကျောင်းမှ ဆရာ/ဆရာမများနှင့် ကလေးငယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုသည်မှာ ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ အလွဲသုံးခြင်း၊ လစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့မှ ကာကွယ်ပေးသွားကြရန် ဖြစ်ပါကြောင်း၊ ကလေးသူငယ်များအား နည်းမျိုးစုံဖြင့်အကြမ်းဖက်ခြင်း၊ သက်ငယ်မုဒိမ်းနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးခြင်း၊ စနစ်တကျ ပြုစုစောင့်ရှောက်မှုမပြုပဲ လစ်လျူရှုခြင်း၊ စီးပွားရေးအရ လုပ်အားခေါင်းပုံဖြတ် ခြင်းတို့အပြင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းနှင့် နှိပ်စက်ခြင်းတို့မှ ကင်းဝေးအောင် မိဘ၊ ရပ်ရွာ၊ပတ်ဝန်းကျင်တို့မှ ပူးပေါင်းကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ပါကြောင်း၊ ကလေးသူ ငယ်များသည် မိမိတို့နိုင်ငံ၏ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည်နှင့်အညီ ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေးသည် အရေးကြီးသည့် လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း၊ကလေးငယ်များ ဖွံ့ဖြိုးမှုရရှိရန်နှင့် ကာကွယ်ပေးရန်တာဝန်များသည် လူသားတိုင်းတွင် တာဝန်ရှိပါကြောင်း၊ နိုင်ငံ၏အရင်းအမြစ်များစွာထဲတွင် လူသားအရင်းအမြစ်အား စနစ်တကျပြု စုပျိုးထောင်ပါက အနာဂတ်ကာလတွင် ဖွံ့ဖြိုးမှုအားတွေ့ရှိရမှာဖြစ်ပြီး ရေရှည်တည်တံ့နိုင်သည့် ဖွံ့ဖြိုးမှုလည်းဖြစ်ပါကြောင်း၊ ယခု ကမ္ဘာ့ကလေးများနေ့ ဆောင်ပုဒ်ကတော့ “ အခွင့်အရေးအား လုံးရရှိရေး ကလေးငယ်တိုင်းအတွက် ဖော်ဆောင်ပေး” “For every child, every right” ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြပြီး မုံရွာမူလတန်းကြိုကျောင်းမှ ကလေးငယ်များက “ ထာဝရမြန်မာ ” ၊ “ ကောက်စိုက်ချိန် ” ၊ “ ကျေးဇူးတင်ပါတယ် ” တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကလေးငယ်များအတွက် ဂုဏ်ပြု ချီးမြှင့်ငွေအား တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ကလေးငယ်များထံ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ကလေးငယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20231121 01

20231121 01

20231121 01

20231121 01

20231121 01

20231121 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုအားပေးခြင်းနှင့် မုံရွာလေဆိပ် သန့်ရှင်းသပ်ရပ်မှု ကြည့်ရှုစစ်ဆေး

မုံရွာ ၊ နိုဝင်ဘာ ၁၈

ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့ အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေ လာကောင်းမွန်စေရေး၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာ ဖြင့်ပညာသင် ကြားနိုင်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင် သာယာရေး အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့်ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက် ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၅ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၅၀၀ ဦးကျော်ဖြင့် အခြေခံပညာကျောင်းများ နှင့် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာလေဆိပ်သို့ ရောက်ရှိရာ လေယာဉ်ကွင်းပြေးလမ်းတစ်လျှောက်၊ လေယာဉ်ကွင်းပတ်ဝန်းကျင်နှင့် ခရီးသည်များ နားနေဆောင် အဆောက်အဦများ သန့်ရှင်းသပ်ရပ်ရေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ခရီးသည်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။

20231120 01

20231120 01

20231120 01

20231120 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.