slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ယာဉ်/စက်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ ၊ နိုဝင်ဘာ ၁၀

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူ ဖြည့်တင်းခဲ့သည့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်/စက်ပစ္စည်းများ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနရုံးရှိ ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်သူလူထု၏ လူနေမှုဘဝများအားမီးဘေးနှင့် အခြားသောဘေးအန္တရာယ်များမှ ဘေးကင်းလုံ ခြုံစေရေးအတွက် ကာကွယ်စောင့်ရှောက် ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သည် ရည်မှန်းချက်တာဝန်(၄)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ မဟာဗျူဟာကျသည့် အရေးကြီး သည့် ကဏ္ဍများဖြစ်သော ကြိုတင်စီမံမှုကဏ္ဍ၊ မီးဘေးလုံခြုံရေးကဏ္ဍနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုကဏ္ဍ၊ ပြန်လည်သုံးသပ်မှု ကဏ္ဍဆိုသည့် အရေးကြီးသည့် ကဏ္ဍ(၃)ခု အား လိုက်နာဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် Men Power ဖြစ်သည့် တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်နှင့် ကြံခိုင်ရေးပြည့်ဝအောင် လေ့ကျင့်ဆောင်ရွက်ကြရန်နှင့် Technological Power ဖြစ်သည့် မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်းနည်းစနစ်၊ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်နှင့် မီးငြှိမ်းသတ်ရေးနည်းစနစ်များ အား ပြည့်ဝနေအောင် လေ့ကျင့်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တ ရာယ်အမျိုးမျိုးအား အချိန်မဆိုင်းဘဲ ကာကွယ်ဆောင်ရွက်ပေးကြကာ နိုင်ငံတကာတွင် ပြောင်း လဲတိုးတက်နေသည့် မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည်မပြတ်လေ့လာ ဆည်းပူးပြီး မိမိနိုင်ငံသားတို့အတွက် ပြန်လည်အသုံးချအားထုတ်သွားကြရန် လိုအပ်ပါကြောင်း၊ မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားအောင် ကြိုးပမ်းနေခြင်းသည် တပ်ဖွဲ့တစ်ခုလုံး၏ဂုဏ်ကို မြှင့်တင်နေခြင်း ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြား ရေးမှူးထံ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်/စက်ပစ္စည်းများနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ပြီး တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေး မှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုရုံးဝန်းအတွင်း ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးယာဉ်/စက်ပစ္စည်းများ လက်တွေ့သရုပ်ပြသခြင်းနှင့် ခင်းကျင်းပြသထားရှိမှုများ အား တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးက လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး Command & Control Center အခန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် စက်ပစ္စည်းများအနေဖြင့် လှေကားတင်ယာဉ်(၂)စီး၊ သူနာတင်ယာဉ်(၁)စီး၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ် (၂၀)စီး၊ အပူချိန်တိုင်းကိရိယာ (၅၆)ခု၊ ရေငုတ် ဝတ်စုံ (၁၅)စုံ၊ ရေပက်ပိုက်လိပ် (၃၇၀)လိပ်၊ မီးငြှိမ်းသတ်ရေးဝတ်စုံ (ကိုရီးယား) (၄၀)စုံ၊ အသက်ရှူကိရိယာ Spare Cylinder (၁၀၀)လုံး၊ အသက်ရှူကိရိယာ လေဖြည့်စက် (၁၀)လုံး၊ အလူမီနီယံ မီးငြှိမ်းသတ်ရေးဝတ်စုံ(၁၅)စုံ၊ မြေပြင်အခြေအနေကြည့် Drone (၁)ခုတို့အား ဝယ်ယူ ဖြည့်တင်းခဲ့ကြောင်း သိရသည်။

20231110 01

20231110 01

20231110 01

20231110 01

20231110 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် အလှူ တော်မင်္ဂလာအခမ်းအနားနှင့် ဒုတိယအကြိမ် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်း အနားနှင့် ဒုတိယအကြိမ် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်း ပရေး ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်း မဟာဘုံကထိန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ရာ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အတွေ့အကြုံများရှိ ပြီးသားဖြစ်ကာ ယခုနှစ်အခမ်းအနားကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီ အဖွဲ့ဝင်များက လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ကိုလည်း ယုံကြည်ပါကြောင်း၊ ကော်မတီအဖွဲ့များမှ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်သွား ရမည့်လုပ်ငန်းများအား တာဝန်ကျေ ပွန်စွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အလားတူ ဒုတိယအကြိမ်အဖြစ် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး ကိုလည်း အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီများဖွဲ့စည်းကာ တာဝန်များပေးအပ်ထား ပြီးဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များမှ မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာ ဝန်များအား စနစ်တကျကြိုတင်စီမံဆောင်ရွက်ပြီး ကော်မတီအချင်းချင်း ပူးပေါင်းဆောင် ရွက်ရမည့်လုပ်ငန်းများအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက်များ ရှိပါက မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊သတိတို့ဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် စုပေါင်းမဟာဘုံကထိန်နှင့် ဒုတိယအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်း ဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ကော်မတီများဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွား မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စုပေါင်းမဟာဘုံကထိန်နှင့် ဒုတိယအကြိမ် သံဃာအပါး ၁၀၀၀ ဆွမ်းဆန် စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့မှ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနှမှ သံဃဝေယျာဝစ္စဆောင်ရွက်ရေးနှင့် နေရာချထား ရေးလုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ပဒေသာပင်လက်ခံရေးနှင့် စာရင်းပြုစုရေး အားလည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ဖိတ်ကြား/ကြိုဆို/နေရာချထားရေး လုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆွမ်းဆက် ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးအား လည်းကောင်း၊ တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီး ဌာနမှ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး လုပ်ငန်းများအား လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးမှ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စုပေါင်းမဟာဘုံကထိန်နှင့် ဒုတိယ အကြိမ် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင် ရေးလုပ်ငန်း များနှင့် ပတ်သက်၍ အသီးသီးဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ နှင့် အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20231109 17

20231109 17

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.