၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပြည့်ဝလျှင် ပြည့်ဝသလို ပြည်သူများ၏ ကျန်းမာရေး အဆင့်အတန်းများ မြင့်မားလာမည်ဖြစ်
မုံရွာ ၊ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာသူနာပြု-သားဖွားသင်တန်းကျောင်း၊ သူနာပြုသား ဖွားဒီပလိုမာ (၂၉)ကြိမ်မြောက် သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ သူနာပြု-သားဖွား သင်တန်းကျောင်းရှိ ၅ ထပ်ဆောင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ/ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အရည်အချင်းပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်သူများအား မွေးထုတ်ပေးနေသည့် ယခုလိုသင်တန်းကျောင်းများတွင် လည်း ပြည်သူများ၏ လိုအပ်ချက်နှင့်အညီ ပညာရည်မြင့်မားအောင်၊ အသိအလိမ္မာဖွံ့ဖြိုးတိုး တက်လာအောင်၊ ဝေဖန်ပိုင်းခြားနိုင်သည့် အသိအမြင်ရှိလာအောင် သင်ကြားလေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ ဂျူတီကုတ်နှင့် ဦးဆောင်းပေးအပ်ပြီး ဆေးရုံလူနာဆောင်များတွင် တာဝန် ထမ်းဆောင်သည့်အခါ တာဝန်သိသိ၊ သစ္စာရှိရှိ၊ စည်းကမ်းရှိရှိ ယဉ်ကျေးစွာဖြင့် တာဝန်ထမ်း ဆောင်သွားကြရန် မှာကြားလိုပါကြောင်း၊ပြည်သူများကြားတွင် လက်တွေ့ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အခါ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ကရုဏာ-နာ ၅ နာဖြင့် ပြုစုစောင့်ရှောက်မှုများပေးသွားရန် လိုအပ် ပါကြောင်း၊ သူနာပြုနှင့်သားဖွားပညာရပ်ဆိုင်ရာကျင့်ဝတ် သိက္ခာများအား တန်ဘိုးထား၍ ပြည်သူလူထုအား အရည်အသွေးကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုအား မဆုတ်မနစ် အပြည့်အဝဆောင်ရွက်မည့် ကျန်းမာရေးလူ့စွမ်းအားစုများဖြစ်သည့် သူနာပြုနှင့်သားဖွား သင်တန်းသား၊သင်တန်းသူများအား လိုအပ်ချက်နှင့်အညီ ပြည်တွင်း၌ လေ့ကျင့်မွေးထုတ်ပေး ရန်နှင့် လိုအပ်ချက်ပြည့်မှီအောင် အထူးကြိုးပမ်းဆောင် ရွက်လျှက်ရှိပါကြောင်း၊ သူနာပြု ကောင်းများ ဖြစ်လာစေရန် မိမိတို့၏မွန်မြတ်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ တိုးတက်ရေး၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုသာမက ခံယူချက်ကောင်းသည့် သူနာပြုများအဖြစ် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် သင်တန်းသား၊သင်တန်းသူများက “ ဂရုဏာအလင်း ” တေးသီချင်းဖြင့် ဖျော်ဖြေကာ မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဆုထိုက်က ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေ ရောဂါကုဆေးရုံကြီးနှင့် မုံရွာသူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးတို့က သူနာပြု-သားဖွားဒီပလိုမာ(ပထမနှစ်) သင်တန်းသား၊သင်တန်းသူ ၅၆ အား ဂျူတီကုတ်နှင့်ဦး ဆောင်းများ အသီးသီးအပ်နှင်းခဲ့ကြပြီး သင်တန်းသား၊သင်တန်းသူများက သူနာပြုသစ္စာဓိဌာန် ရွတ်ဆိုကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာရည်ချွန်ဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်း ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက မုံရွာသူနာပြုနှင့်သားဖွား သင်တန်းကျောင်း အတွက် ငွေကျပ်- ၁၀ သိန်းအား ကျောင်းအုပ်ကြီးထံ ထောက်ပံ့ပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား၊သင်တန်းသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။






မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ၊ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
မုံရွာ ၊ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ၊ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် အဆိုပါရပ်ကွက်ရှိ ရွှေကြာရုံဓမ္မာရုံတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မီးဘေးသင့်အိမ်ထောင်စုပြည်သူများအတွက် နေထိုင်ရေး၊ စားဝတ်ရေး၊ ကျန်းမာရေးနှင့် ပြန် လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများအား ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အားပေးစကား ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ ထံ ထောက်ပံ့ငွေများ၊ ဆန်ရိက္ခာဖိုးငွေများ၊ စားသောက်ဖွယ်ရာများနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိသားစုသုံးပစ္စည်းများ၊ ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများအား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မီးဘေးသင့်အိမ်ထောင်စုများက ပညာရေး၊ ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များအား အသီးသီးဆွေး နွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး မီးဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုပေးနေများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မုံရွာမြို့၊ ထန်း တောရပ်ကွက်ရှိ မီးဘေးသင့် အိမ်ထာင်စု ၃၂ စု၊ လူဦးရေ ၁၆၁ ဦး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်အိမ်ထောင် ၃ သိန်းကျပ်နှုန်းဖြင့် ငွေကျပ် ၉၆၀၀၀၀၀ (ကိုးဆယ်ခြောက်သိန်း)ကျပ်နှင့် ၂ ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ စုစုပေါင်းတန်ဖိုးငွေကျပ်- ၄၃၂၈၅၆၀ (လေးဆယ်သုံးသိန်းနှစ်သောင်းရှစ်ထောင်ငါးရာခြောက်ဆယ်)ကျပ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးငွေကျပ်- ၃၆၃၈၁၀၀ (သုံးဆယ်ခြောက် သိန်းသုံးသောင်းရှစ်ထောင်တစ်ရာ)ကျပ်နှင့် ပစ္စည်း ၁၆ မျိုးပါ Family Kits – ၃၂ ပုံး၊ ကြက်ခြေနီ အသင်းမှ – Family Kits ၃၂ ပုံးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။








သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



