slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားနှင့် မုံရွာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ စက်မှုလုပ်ငန်းရှင်များ၊ MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနား တက်

မုံရွာ ၊ နိုဝင်ဘာ ၇

(၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်း အတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစား ဝန် ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရ၏ မူဝါဒများ နှင့်အညီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် ဆက်စပ်တပ်ဖွဲ့ဌာနဆိုင်ရာများ၊ ဒေသခံမြို့မိမြို့ဖများ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများတွင် ပြည်သူ့အကျိုးပြုအတွက် ဆောင်ရွက် နေသည်ကို တွေ့ရှိရကြောင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းများဖြင့် တိုင်းဒေသကြီးအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး ပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိစေရန်အတွက် စားသုံးဆီနှင့်ဆန်များအား ရည်ညွှန်းဈေးနှုန်း များဖြင့် ရောင်းချရေးလုပ်ငန်းများတွင်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ အနေဖြင့် ဆက်စပ်ဌာနများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဖြတ်သန်းလာရသည့် သမိုင်းကြောင်းအပြည့်အစုံကို လည်း ယနေ့တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလေ့လာရန်အတွက် လည်းလိုအပ် သကဲ့သို့ အစဉ်အလာကြီးမြင့်ခဲ့သည့်ဂုဏ်ဒြပ်အား နောက်မျိုးဆက်သစ် ဝန်ထမ်းများကသိရှိပြီး မိမိတို့ဌာန၏ ထမ်းဆောင်ရမည့်တာဝန်များ၊ စောင့်ထိန်းရမည့်ကျင့်ဝတ်စည်းကမ်းများအား လိုက်နာစောင့်ထိန်းထမ်းဆောင်လျက် နိုင်ငံတော်နှင့် ပြည်သူတစ်
ရပ်လုံးမှအားထားရသည့် အုပ်ချုပ်ရေးဌာနကြီးဖြစ်စေပြီး အုပ်ချုပ်ရေးဝန်ထမ်းကောင်းများဖြစ် လာကြစေရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ် ရေးမှူး ဦးခင်မောင်ဆန်းမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းအား ရှင်းလင်းတင် ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနမှ(ရုံးချုပ်)မှ ပေးပို့သည့် Video Clip အား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အငြိမ်းစားဝန်ထမ်း များထံ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးမှ အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေး အပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အရာထမ်း ၂ ဦးထံ ဆန်/ဆီများအား လည်းကောင်း၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးက အမှုထမ်း ၂ ဦးထံ ဆန်/ဆီများအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗလာမပါကံစမ်းမဲများ ဖွင့်ဖောက်ပေးကာ ကံစမ်းမဲ ပစ္စည်းများအား ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော မုံရွာစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနား သို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဖြင့် စီးပွားလုပ်ငန်းများဆောင်ရွက် နေကြသည့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များအား ပံ့ပိုးဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးနိုင်ရန် ယခုလိုတွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ တွေ့ဆုံရခြင်းဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင် ရာများမှ လုပ်ဆောင်ပေးရမည့် လုပ်ငန်းများ၊ လိုအပ်ချက်များရှိပါက လုပ်ငန်းရှင်များအနေဖြင့်လည်း ပွင့်လင်းစွာ ဆွေးနွေး တင်ပြသွားကြရန် လိုအပ်ပါကြောင်း၊ MSMEs လုပ်ငန်းများ မြှင့်တင်ပေးနိုင်ရေးအတွက် ချေးငွေပိုင်းဆိုင်ရာများအား အသိပေးခြင်းဖြင့် MSMEs လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ငွေ ၁၀ ဘီလီယံအား MSMEs လုပ်ငန်းများ လုပ်ကိုင်သူများအား ထုတ်ချေးပေးထား ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် များတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်း၊ လျှပ်စစ်မီးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား မိမိတို့အနေဖြင့် အလေးထားကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသော မုံရွာစက်မှုဇုန် စီမံခန့်ခွဲ ရေးကော်မတီဝင်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် MSMEs လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်တင် ပို့မှုရောင်းချမှု နှင့်လျှပ်စစ်မီးရရှိမှုတို့အား အသီးသီးရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ များက မိမိတို့ဌာနများအလိုက် သက်ဆိုင်သည့်လုပ်ငန်းများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေး ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ် သည်များကို ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင် ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ကာ နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီးအတွင်း လုံခြုံရေး နှင့်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသော

မုံရွာ ၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လယ်ယာစိုက်ပျိုးရေးကဏ္ဍ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စုစုပေါင်းမြေဧရိယာဧက (၂၃၁) သိန်းကျော်ရှိသည့်အနက် အသားတင်စိုက်ပျိုးမြေ (၄၅.၆)သိန်းကျော်ရှိပြီး သီးထပ်၊သီးညှပ် ဧကသိန်း(၉၀)ခန့် စိုက်ပျိုး လျှက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် နှစ်စဉ်မိုးစပါးဧက(၁၈)သိန်း၊ နွေစပါးဧက(၃)သိန်းခန့်၊ စုစုပေါင်း(၂၁)သိန်းကို ပုံမှန်စိုက်ပျိုးနိုင်ခဲ့သည့် တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးသီးနှံများ၏ စိုက်ပျိုးမြေ ဧရိယာ အသုံးချမှုတိုးတက်ရေး၊ တစ်ဧကထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာတွင် စိုက်ပျိုးနေသည့် သီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး တာဝန်ရှိသူအားလုံးမှ ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် အခြား သီးနှံများအား ပန်းတိုင်ရည်မှန်းချက်ကို ပြည့်မီအောင်စိုက်ပျိုးနိုင်မည်ဆိုပါက တိုင်းဒေသကြီး၏ ဆန်၊ ဆီ၊ ပဲ ဖူလုံမှုများ ပိုမိုတိုးတက်လာနိုင်မှာ ဖြစ်သကဲ့သို့ ဝါသီးနှံစိုက်ပျိုးမှု ပန်းတိုင်အထွက် နှုန်းရရှိစေခြင်းဖြင့် ပြည်သူများဝတ်ရေးဖူလုံစေပြီး ပြည်ပမှချည်ထည်များ တင်သွင်းမှုအား လျော့ချနိုင်မှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ၏ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိရာတွင် သီးနှံအလိုက် မျိုးကောင်း၊မျိုးသန့်များ အသုံးပြုစိုက်ပျိုးနိုင်ရေး အထွက်နှုန်းကောင်းမွန်သည့် မျိုးများဖြန့်ဖြူးခြင်း၊ တောင်သူများလိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ လွယ်ကူစွာရရှိသုံးစွဲနိုင်ရေး ကူညီပေးခြင်း၊ သီးနှံအလိုက်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးစိုက်ပျိုးရေး နည်းပညာပေး စံပြကွက်များ စိုက်ပျိုးပြီး ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်၍ တောင်သူများအား ပညာပေးခြင်း၊ စိုက်ပျိုးနည်း စနစ်ကောင်းများအား နည်းပညာပေးသင်တန်းများ ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ၏ ပန်းတိုင်အထွက်နှုန်း ရရှိရေး ရည်မှန်းဆောင်ရွက်ရန် လိုအပ်သလို စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး မြှင့်တင်ပေးရန်နှင့် သီးထပ်စွမ်းအားများအား မြှင့်တင်နိုင်အောင်လည်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးကဏ္ဍများစွာ တိုးတက်လာမှာ ဖြစ်သည့်အတွက် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရန်ကျန် ရှိသည့် မြေဧရိယာများတွင် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းစားသုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မည့်အပြင် ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ပါက တိုင်းဒေသကြီး၏ ဝင်ငွေများတိုးတက်ရရှိနိုင်မှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေးအတွက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းပြီး ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလိူင်ဦးက စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေး ညှိနှိုင်းအစည်း အဝေး ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးမြေများ သီးထပ်စွမ်းအား မြှင့်တင်ရေးစာတမ်း၊ စပါးနှင့်အစေ့ထုတ် ပြောင်း၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဝါသီးနှံနှင့်ကြံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မြေဆီလွှာအဟာရဖြည့်တင်းရေး၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေး နည်းလမ်းများအား အသီးသီး ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့ကစိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေး လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း စိုက်ပျိုး သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေး မိမိတို့ဌာနများအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်း အတွင်းရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးပြခန်း၊ စားရေရိက္ခာဖူ လုံရေး အထောက်အကူပြု ဟင်းသီးဟင်းရွက်၊ သီးပင်စားပင်နှင့် အိမ်တွင်းအလှစိုက် အပင်များ ပြခန်း၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားတိုးတက်ရေး နည်းပညာပေး ပြခန်းများနှင့် စားဖိုဆောင်သီးနှံစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုများအား လိုက်လံကြည့်ရှု အား ပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး အတွင်း လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက စားသောက်ဖွယ်ရာများ ဂုဏ်ပြုလှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စားသောက်ဖွယ်ရာများအား ဂုဏ်ပြုလှူဒါန်းရခြင်းအကြောင်းအား ရှင်းလင်းပြောကြားပြီး လုံခြုံရေးတာဝန်ထမ်းဆောင် နေကြသူများအတွက် စားသောက်ဖွယ်ရာများအား အသီးသီး ဂုဏ်ပြုလှူဒါန်းခဲ့သည်။

ဆက်လက်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က စားသောက်ဖွယ်ရာများအား ဂုဏ်ပြုလှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ တိုင်းဒေသကြီးအတွင်း လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေကြ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ဂုဏ်ပြုလှူဒါန်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ – ၁၀၀၈ သိန်း (တစ်ထောင့်ရှစ်သိန်း)ကျပ်တန်ဘိုးရှိ စားသောက်ဖွယ်ရာများအား ဂုဏ်ပြုလှူဒါန်းခဲ့ကြောင်း သိရသည်။

0 02 06 2d498f43be6df72772ed13d4a469fd2b82b8830fd05f625ce8f928d1c426bf14 31995f15bee08c1e

0 02 06 2d498f43be6df72772ed13d4a469fd2b82b8830fd05f625ce8f928d1c426bf14 31995f15bee08c1e

0 02 06 2d498f43be6df72772ed13d4a469fd2b82b8830fd05f625ce8f928d1c426bf14 31995f15bee08c1e

0 02 06 2d498f43be6df72772ed13d4a469fd2b82b8830fd05f625ce8f928d1c426bf14 31995f15bee08c1e

0 02 06 2d498f43be6df72772ed13d4a469fd2b82b8830fd05f625ce8f928d1c426bf14 31995f15bee08c1e

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.