slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ဆရာမများ သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသု

မုံရွာ နိုဝင်ဘာ ၄

(၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြု သောအားဖြင့် နိုဝင်ဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ် ၄ ခုတင် ၃၀၀ ဆံ့ တပ်မတော်ဆေးရုံကြီးတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်း (၇၈)ဦးမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းနေမှုများနှင့် ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်အားပေးကာ ဝန်ထမ်းများနှင့်ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား တာဝန်ရှိသူများနှင့်အတူ အဟာရဖြည့်စွက် စားသောက်ဖွယ်ရာများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများ သင်ထောက်ကူပစ္စည်းများလက်တွေ့ အသုံးချနိုင်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလိူင်က အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများ သင်ထောက်ကူပစ္စည်းများ လက်တွေ့ အသုံးချနိုင်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါကျောင်းဝင်းအတွင်း အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား ဓာတုဗေဒ၊ ရူပဗေဒနှင့်ဇီဝဗေဒဆိုင်ရာ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချနိုင်ရေး သင်ကြားနေမှုများအားလိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။

ဆက်လက်၍ (၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ အိုးဘိုးတောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက် ဖွားနိုင်သည့် ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေး အဖွဲ့များနှင့် လူမူရေးအသင်းအဖွဲ့များ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင် ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများသို့ စားသုံးဆီများအား သက်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၈ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင် သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၃၆၀၀ ဦးကျော်ဖြင့် အခြေခံပညာကျောင်းများနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။        

                

0 02 06 2d498f43be6df72772ed13d4a469fd2b82b8830fd05f625ce8f928d1c426bf14 31995f15bee08c1e

0 02 06 b4f55ab788b5fa6571aed2eb741420e70bb14b4a61b5c02e4c089b3b8dfaaf24 df36b8ea410968660 02 06 7ac746764ec6e89940b38ee45092323dc435d900041d6a88e66ba4c9a2c95e77 2668877bd440811b

0 02 06 cd5c4fc68c26cb771a1f468bcff33b960eda611c9c1ca922a220faa6a1739a81 8bff781ed6bfa469

0 02 06 f4316e9855ec7c7dee3c2fa12d4d83af2a36fabf45fdc94cacf8a746c40b2ed2 43447985a1f724d4                 

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရေးညှိနှိုင်းအစည်းအဝေး(၅/၂၀၂၃)တက်ရောက်

မုံရွာ ၊ နိုဝင်ဘာ၃ 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃)ကို နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လူမူစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် တာဝန်ရှိသူများအနေဖြင့် အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများသည် ပြည်သူများ၏ အကျိုးကိုဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ပြီး ပြည်သူ့အကျိုးနှင့် ပတ်သက်လာပါက မှန်မှန်ကန်ကန်ပြောဆိုဆက်ဆံကာ ပြည်သူလူထုမှအားကိုးသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြည်သူများစားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုအပ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင်လည်း စိုက်ပျိုးထားသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရိတ်သိမ်းမှုများတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ၎င်းမြေနေရာများတွင် သီးထပ်စိုက်ပျိုးနိုင်ရေးတို့ကို ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊တိုင်းဒေသကြီးအနေဖြင့် စားရေရိက္ခာ ဆန်၊ ဆီ၊ ပဲ ဖူလုံမှုရှိသကဲ့သို့ ခရိုင်/ မြို့နယ်များအလိုက်လည်း ဆန်၊ ဆီ၊ ပဲ ဖူလုံမှုရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးမြှင့်တင်ရေးရန်ပုံငွေများဖြင့်ဆောင်ရွက်နေသည့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက်တာဝန်ရှိသူများမှကြိုးပမ်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးရှိ မြို့နယ်/ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများအား စားသုံးဆီများနှင့် အခြေခံစားသောက်ကုန်များအား ဈေးများနှင့်ရပ်ကွက်များအတွင်း ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း၊ ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အရည်အသွေးကောင်းမွန်၍ စံချိန်စံညွှန်းမီ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးအောင် တာဝန်ရှိသူများမှ မြေပြင်အထိကွင်းဆင်း ကြပ်မတ်ဆောင်ရွက်ပေးသွားကြရန် လိုအပ်သကဲ့သို့ နိုင်ငံတော်မှရသင့်ရထိုက်သည့် အခွန်အခများအား ပြည့်မီစွာ ကောက်ခံရရှိရေး အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြာကြားသည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာလှပရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ မြို့နယ်များအတွင်း အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှု၊ MSMEs လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်ရွက် နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

0 02 06 c53587be4e6a3b36ce3168440832d22d7e89b0f7003e28ace26179214e94872f ce29116474f702d9

0 02 06 81ae36e498d87f1602ad3790703af380926735eeac91aea34c559f7aa60378bd 1c715d7068004105

0 02 06 682671fa76ae27737f68437a1558c84173e48b65a371179ecd116fb05b7e1365 bbc5b0927384d649

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.