slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မုံရွာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားများ တက်ရောက်

မုံရွာ ၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ပင်မဆောင်ငွေရတုခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာစီးပွားရေးတက္ကသိုလ်သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် အခြေစိုက်တည်ထောင်ဖွင့်လှစ်ထားရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့မှအများ စုဖြစ်ပြီး မြန်မာနိုင်ငံဒေသအသီးသီးမှလည်း ပညာသင်ခွင့်ရရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ပါ ကြောင်း၊ ကျောင်းသား၊ကျောင်းသူမောင်မယ်တို့အနေဖြင့် မိမိတို့ပညာသင်ယူရမည့်အရွယ်တွင် ပညာသင်ခွင့်ရရှိသည့် အခွင့်အလမ်းများအား ကောင်းစွာအသုံးချတတ်ရန် လိုအပ်ပါကြောင်း၊ ဆရာ၊ဆရာမများ သင်ကြားပြသသည့် စီးပွားရေးပညာဘာသာရပ် အသီးသီးကို ကိုယ်တိုင်တတ် ကျွမ်းနားလည်၍ အသုံးချနိုင်သည့်ပညာရှင်အဆင့် ရောက်ရှိအောင်ဇွဲလုံ့လ၊ဝီရိယတို့ဖြင့် အား ထုတ်ကြိုးပမ်း၍ လေ့လာသင်ယူဆည်းပူးသွားကြရန် မှာ ကြားလိုပါကြောင်း၊
ကျောင်းသား၊ကျောင်းသူတို့သည် လူငယ်မောင်မယ်များဖြစ်သည်နှင့်အညီ ကျန်းမာ ကြံ့ခိုင်ခြင်း၊ တွေးခေါ်မြော်မြင်နိုင်စွမ်းရှိခြင်း၊ ဖြောင့်မတ်မှန်ကန်သော အကျင့်စာရိတ္တတို့ဖြင့် ပြည့်စုံခြင်း၊ အချင်းချင်းရိုင်းပင်း ကူညီစိတ်ရှိခြင်း၊ မကောင်းမှုကိုရှောင်ကြဉ်ပြီး မိမိအတွက် ကောင်းကျိုးဖြစ်စေသောအရာတို့နှင့် ပြည့်စုံခြင်းစသည့် တတ်ကြွ၍နိုးကြားသော လူငယ်မောင် မယ်များဖြစ်အောင် မိမိကိုယ်ကိုယ်လေ့ကျင့်ပျိုးထောင် ကြရမှာဖြစ်ပါကြောင်းနှင့် စီးပွားရေး ပညာရှင်များအဖြစ် မိမိနှင့်မိမိပတ်ဝန်းကျင်အား အကျိုးပြုနိုင်သည့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သော ပညာတတ်လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် အားထုတ်ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာကြူက စီးပွားရေးတက္ကသိုလ်အကြောင်းအား မိတ်ဆက်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ စတုတ္ထနှစ်သင်တန်းမှ ကျောင်းသားတစ်ဦးက ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီး ပထမနှစ် သင်တန်းမှ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြို ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ခေတ်တွင် ပညာရေးသည် အဓိကအရေးပါသည့် အခန်းကဏ္ဍတွင် ရပ်တည်လျက်ရှိနေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အသိပညာ၊အတတ်ပညာနှင့်ပြည့်စုံသော ပညာတတ်များပေါများရေးအတွက် ကျောင်းသား၊ကျောင်းသူများဖက်မှ အားသွန်ခွန်စိုက်ကြိုးပမ်းသွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အတွက် ဘက်စုံစွမ်းဆောင်ရည်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လိုပါ ကြောင်း၊ ကျောင်းသား၊ကျောင်းသူများသည် အနာဂတ်နိုင်ငံတော်ဖြစ်သည့် ခေတ်မီဖွံ့ဖြိုးတိုး တက်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် ဦးဆောင်သူများ ဖြစ်လာမှာဖြစ်ပါကြောင်း၊ နိုင်ငံတကာ၏ ပြောင်းလဲတိုးတက်မှုများကို အမြဲ လေ့လာပြီး ခေတ်နှင့်အညီ ရင်ဘောင်တန်းစေနိုင်ရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာရေးအတွက် ဘက်စုံပညာရေးမြှင့်တင်ရေးအား ပညာရေးကဏ္ဍမှတာဝန်ရှိ သူများက အားပေးလေ့ကျင့်ပေးလျက် ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးအသိပညာ၊ အတတ်ပညာရှင်များဖြစ်လာစေရေးအတွက် မိမိတို့ဆည်းပူးနေသည့် ပညာရပ်နယ်ပယ်တွေထဲမှ ကြိုးပမ်းအားထုတ် ကြိုးပမ်းသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ကျော်သင်က တက္ကသိုလ် အကြောင်းအားမိတ်ဆက်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

20240118 01

20240118 01

20240118 01

20240118 01

20240118 01

20240118 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စိုက်ပျိုးစွမ်းအားမြင့်တင်ရေး ညှိနှိုင်းအစည်းအဝေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ ၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းတပ်နယ်မှူး၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများနှင့် စိုက်ပျိုးစွမ်းအားမြင့်တင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဟုမ္မလင်းခရိုင်အတွင်း ဆန်၊ဆီ၊ပဲ ဖူလုံမှုရှိစေရန် အလေးထားဆောင်ရွက်ပေးနေပါကြောင်း၊ ဆီထွက်သီးနှံများတိုးမြင့်စိုက်ပျိုးပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဓါတ်မြေသြဇာများအား ဈေးနှုန်းသက်သာစွာ ဖြင့်ရောင်းချပေးခြင်း၊ နည်းပညာပေးခြင်းနှင့် မျိုးကောင်းမျိုးသန့်များရရှိ အောင်ပံ့ပိုးကူညီပေးလျက်ရှိပါကြောင်း၊ ရာသီသီးနှံအပြင် နှစ်ရှည်သီးနှံများကိုလည်း စိုက်ပျိုး သွားကြရန် လိုအပ်ပါကြောင်း၊ မြေလွတ်မြေလပ်မချန်ဘဲ စိုက်ပျိုးသွားကြရန် လိုအပ်သကဲ့သို့ မြေနှင့်ရာသီဥတုကို အကျိုးရှိစွာအသုံးပြု၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း စိုက်ပျိုးရေးရည်မှန်းချက်များအောင်မြင်ရန် ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာများ၏ လိုအပ် သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာအားလုံးအနေဖြင့် လုပ်ငန်းများအောင်မြင်အောင် အချင်းချင်းစည်းလုံးညီညွှတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဒေသတည်ငြိမ်အေးချမ်းရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ ဌာနဆိုင်ရာများက စိုက်ပျိုးစွမ်းအားမြင့်တင်ရေးနှင့် စိုက်ပျိုးသီးနှံများအပေါ် ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက် နေမှုများနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝနှ်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ခရိုင်စုပေါင်းရုံးအဆောက်အဦသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်း များ စံချိန်စံညွှန်းမီအရည်အသွေးကောင်းမွန်စွာဖြင့် သက်မှတ်ဘဏ္ဍာနှစ်အတွင်း တည်ဆောက် ပြီးစီးရေး၊ လုပ်ငန်းများအပေါ်စေတနာထားကာ ဆောင်ရွက်သွားရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အား အသေးစိတ်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး အဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

20240117 01

20240117 01

20240117 01

20240117 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.