slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ရှိ MSMEs လုပ်ငန်းများ ဆောင် ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေး

မုံရွာ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောင်တိုဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် MSMEs လုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအား ပေးခဲ့ကြသည်။

            ရှေးဦးစွာ စစ်ကိုင်းမြို့၊ ပျူခံရပ်ကွက်ရှိ ရွှေလမင်း ကျောက်စိမ်းအချောထည် အမျိုးမျိုး ရောင်းဝယ်ရေးဆိုင်နှင့် စိန်ကုန်းရပ်ကွက်ရှိ ကျောက်ချောထည်လုပ်ငန်းများသို့  ရောက်ရှိကြရာ ဆိုင်အတွင်းခင်းကျင်းပြသထားသော ကျောက်ချောထည်ပစ္စည်းများ အားလိုက်လံကြည့်ရှုအား ပေးခဲ့ကြပြီး လုပ်ငန်းရှင်များမှ ကျောက်စိမ်းအချောထည် အမျိုးမျိုးထုတ်လုပ်နေမှု အဆင့်ဆင့် အား လိုက်လံရှင်းလင်းပြသကြသည်။

            ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောက်ချောထည်ထုတ်လုပ်မှုအား ပြည် တွင်း၊ပြည်ပဈေးကွက်များသို့ အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်ရောင်းချသွားရေး၊ ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် ကုန်ကြမ်းများရရှိရေးတို့အတွက် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ ထွန်းထွန်း ငွေထည်၊ကြေးထည် ရောင်းဝယ်ရေးဆိုင်သို့ ရောက်ရှိရာ ဆိုင် တာဝန်ခံမှ ငွေထည်၊ကြေးထည်ပစ္စည်းအမျိုးမျိုး ရောင်းချ၊ထုတ်လုပ်နေမှုများအား လိုက်လံရှင်း လင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ငွေထည်၊ကြေးထည် ထုတ်လုပ်နေ မှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ 

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပန်းဘဲ တန်းရပ်ကွက်ရှိ စိုး နို့ဆီထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ ဒိန်ချဉ်နှင့်နှို့ဆီ ထုတ်လုပ်နေမှုများ နှင့် ထုတ်ပိုးနေမှုတို့အား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

IMG 6ca93cf1eec45e56045bf83787d65aa7 V

 

IMG 9bd2863b7a21b0e8e0ab0800a164bde6 V

IMG ace0074f737bca0cf648362926c10902 V

 

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီးတွင် ပထမအကြိမ် ဆီးမီး(၉၀၀၀)ထွန်းညှိကပ်လှူပူဇော်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၂၉ ရက်နေ့၊ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော် မြတ်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူသော ဂေါတမမြတ်စွာဘုရားရှင်၏ လက်ဝဲအောက် စွယ်တော်မြတ်အစစ် ၁ ဆူ၊ အနားရစ်လေးရစ်ပါ မြသပိတ်တော် ၁ လုံး၊ ဆံတော် ၁၁ ဆူနှင့် ဓာတ်တော်မွေတော်များစွာ ပထမအကြိမ် ဆီးမီး(၉၀၀၀) ထွန်းညှိကပ်လှူပူဇော်ပွဲ အခမ်းအနား သို့ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး စစ်ကိုင်းမြို့၊ ခေမာသီဝံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သြဝါဒါ စရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီရိ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြ သည်။

ဆက်လက်ပြီး ဆရာတော်၊ သံဃာတော်ကြီးများထံမှ မေတ္တာသုတ်ပရိတ်တရားတော် အား နာယူကြည်ညိုပြီး ပင့်သံဃာဆရာတော်၊ သံဃာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ အနုပညာရှင်များမှ လှူဖွယ်ပစ္စည်းများအား ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင် အစီအစဉ်အား ဆက်လက်ကျင်းပရာ စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဌ်ကျောင်း ဘဒ္ဒန္တဓမ္မပီယာလင်္ကာရ ဂန္တဝါစကပဏ္ဍိတ ဆရာတော်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံကျော်အနုပညာရှင်များမှ ဆီးမီးများ စတင်ထွန်းညှိကပ်လှူပူဇော်ကြသည်။ 

ဆက်လက်ပြီး ဆရာတော်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများမှ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်ပတ်လည်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နေပြည်သူများ၊ ဘုရားဖူးလာရောက်ကြသူများက တစ်ပြိုင်တည်း ဆီးမီး ၉၀၀၀ ထွန်းညှိကပ်လှူ ပူဇော်နေများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။    

IMG c6c79e349f5531dad152cbbb091a6661 V

 

IMG 4a62c85858086dac3d5c529b6f4fa689 V

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.