slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သမိုင်းဝင်ဆွမ်းဦးပုညရှင် စေတီတော် ကြီးရှိ ပုညရှင်သာသနာ့ဗိမာန်တော် ရေစက်ချမင်္ဂလာအခမ်းအနားနှင့် သီတဂူ ဝိပဿနာအကယ် ဒမီရိပ်သာသို့ ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

မုံရွာ ၊ အောက်တိုဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သမိုင်းဝင်ဆွမ်းဦးပုညရှင်စေတီ တော်ကြီးရှိ ပုညရှင်သာသနာ့ဗိမာန်တော် ရေစက်ချမင်္ဂလာ အခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော် သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ ဗုဒ္ဒတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသမရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးနှင့် နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ဆွမ်းဦးပုညရှင် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ နိုင်ငံကျော်အနုပညာရှင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။   

ရှေးဦးစွာ နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဒ တက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသ မရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီး၊ စစ်ကိုင်းတောင်ရိုး ခေမာသီဝံကျောင်းတိုက် ဆရာတော်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်တို့က ဆွမ်းဦးပုညရှင် သာသနာ့ ဗိမာန်တော်ကြီး တိုးချဲ့ရင်ပြင်တော်ပေါ်တွင် မင်္ဂလာကျောက်စာအား တစ်ပြိုက်နက်စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရေများ ပတ်ဖျန်းပေးခဲ့ကြသည်။   

ယင်းနောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးနှင့် ကြွရောက်တော်မူလာကြကုန် သော ဆရာတော်၊ သံဃာတော်များမှ ပုညရှင်သာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ ဗုဒ္ဒရုပ်ပွား တော်များအား ဘုရားအနေကဇာတင်လှူပူဇော်ကြသည်။

ဆက်လက်ပြီး ပုညရှင်သာသနာ့ဗိမာန်တော် ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ ပင့်သံဃာဆရာတော်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဒ တက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသ မရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်ပြီး ဆရာတော်၊ သံဃာတော်ကြီးများထံမှ မေတ္တာသုတ်ပရိတ်ေတရားတော် အား နာယူကြည်ညိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများနှင့် ပုညရှင် သာသနာ့ဗိမာန်တော် တည်ဆောက်ရခြင်းအကြောင်းအား ရှင်းလင်းလျှောက် ထားခဲ့သည်။  

ထို့နောက် ပင့်သံဃာဆရာတော်၊ သံဃာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များမှ လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နိုင်ငံ တော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဒတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသမရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်ပြီး ပုညရှင်သာသနာ့ဗိမာန်တော် အောင်ပွဲသီချင်းအား ရွှေတံဆိပ်ဆုရှင် တက်ခေတ်လင်းဇော်မှ သီဆိုပူဇော်သည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ် အပေါင်း တို့မှ “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြ သည်။

အဆိုပါ စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး အနောက်ဘက်တွင် အလျား – ၁၅၃ ပေ၊ အနံ – ၆၃ ပေ၊ အမြင့် – ၅၄ ပေရှိ အဆောက်အဦအား ဘိုးပိုင် ၉၉ လုံးဖြင့် တိုးချဲ့ကာ ပုညရှင်သာသနာ့ဗိမာန်တော်ကြီးအား အထပ် ၄ ထပ် ဖြင့် တည်ဆောက်ခဲ့သည်။

ထို့နောက် ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များ၊ အလှူရှင်များက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိတ်သတ်များအား စတုဒီ သာများဖြင့် ဧည့်ခံကွေးမွေးခဲ့ကြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူဝိပဿနာအကယ်ဒမီရိပ်သာသို့ ဆွမ်းဆန်တော်နှင့်လှူ ဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဒ တက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသ မရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များမှ ငါးပါးသီလ ခံယူဆောက်ကြသည်။

ယင်းနောက် သီတဂူဆရာတော်ကြီးနှင့် ဆရာတော်၊သံဃာတော်များထံ တိုင်းဒေ သကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။  

ထို့နောက် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရား နာယူကြည်ညို ပြီး “ သီတဂူ အဓိဌာန် “ ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

.IMG e8ee48beb7be430a56c16a44be384e6b V

.IMG afab39d1874c89621c2643928f594754 V

.IMG 47820ad5b12cc02c2ed2647628779225 V

.IMG 95a774fe2775a8839367d32d1846ed13 V

.IMG b33fe13e2e8331ebed627d6dabd2b3c6 V

.

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ဧရာဝတီမြစ်အတွင်း အမှိုက်စွန့်ပစ်ခြင်း ကာကွယ်တားဆီးရေးလှုပ်ရှားမှု စုပေါင်းအမှိုက်ကောက်ခြင်းနှင့် ခုတင် ၂၀၀ ဆံ့ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးအတွင်း စုပေါင်းသန်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေ

မုံရွာ ၊ အောက်တိုဘာ ၂၈

မြစ်ချောင်းများအတွင်းသို့ စည်းကမ်းမဲ့စွာအမှိုက်စွန့်ပစ်ခြင်းမပြုဘဲ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းကြောင့် စိုက်ပျိုးရေး၊ ရေအားလျှပ်စစ်၊ ရေကြောင်းလမ်းသယ်ယူပို့ဆောင်ရေး၊ ရေထု ညစ်ညမ်းမှုနှင့် အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုတို့အား ကာကွယ်တားဆီးစေနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ဧရာဝ တီမြစ်အတွင်း အမှိုက်စွန့်ပစ်ခြင်း ကာကွယ်တားဆီးရေးလှုပ်ရှားမှု စုပေါင်းအမှိုက်ကောက်ခြင်း အား အောက်တိုဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ဧရာဝတီမြစ်ကမ်းတစ်လျှောက် အား တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၄၀၀ ဦးကျော်ဖြင့် တပျော်တပါး စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝနှ်ရှိသူများက သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများနှင့်အတူ ဧရာဝတီမြစ် အတွင်း အမှိုက်စွန့်ပစ်ခြင်း ကာကွယ်တားဆီးရေးလှုပ်ရှားမှု စုပေါင်းအမှိုက်ကောက်ခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ခုတင် ၂၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာ ယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ စုပေါင်း၍ ဆေးရုံပတ်ဝန်းကျင် ဥပဓိရုပ်ကောင်းမွန် ရေးနှင့် သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး စုပေါင်းသန့်ရှင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၉ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၃၆၀၀ ဦးကျော်ဖြင့် ပြည်သူ့ဆေးရုံများနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ .

IMG ae64092d95c637001a956eb2cd360546 V

IMG a521fd59b9313042e1557fc5cf244f00 V

IMG 322b5ce51e88bbb941c3c52d492a8536 V

IMG 021103e8b61dee5c59f1047a368188de V

.

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.