၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ သီတဂူအမှတ် ၂ မြစ် ရေတင်စက် ရေရရှိရေးအတွက်သောင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကြည့်ရှုစစ်ဆေး
မုံရွာ အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၂၇ ရက်မွန်းလွဲပိုင်းတွင် ဧရာဝတီမြစ်အတွင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော စစ်ကိုင်းမြို့၊ သီတဂူအမှတ် ၂ မြစ် ရေတင်စက် ရေရရှိရေးအတွက် အလျား – ၁၄၅၀ မီတာ၊ အနံ ၃၅ မီတာ၊ ရေစစ်မျဉ်း အောက်အနက် ၂.၅ မီတာ သောင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် မြစ်ကြောင်းတစ်လျှောက်သို့ ရေယာဉ်ဖြင့်ရောက်ရှိ ကြသည်။ ရှေးဦးစွာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးမှ ဧရာဝတီမြစ်အတွင်း သောင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဧရာဝတီမြစ်ကြောင်း တစ်လျှောက် သောင်တူးလုပ်ငန်းများ ဆောင်ရွက်သွားမည့် နေရာများအား လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်။ .


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ အပြည်ပြည်ဆိုင်ရာဗုဒ္ဓ ဘာသာပညာရေးစင်တာသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား တက်ရောက်
မုံရွာ ၊ အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာတွင် ကျင်းပပြုလုပ်သော ဆွမ်းဆန်တော် ဆက် ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ ကြပြီး စစ်ကိုင်းမြို့၊ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ ပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာအရှင်သောဘိတ ဆရာတော်ကြီးထံတော်မှ တိုင်းဒေ သကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်ပြီး ဆရာတော်၊ သံဃာတော်ကြီးများထံမှ မေတ္တာသုတ်ပရိတ် တရားတော် အား နာယူကြည်ညိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် ဆရာတော်၊ သံဃာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများမှ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်မျာအား ဆက်ကပ်လှူဒါန်းခဲ့ ကြပြီး စစ်ကိုင်းမြို့၊ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ ပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာအရှင်သောဘိတ ဆရာတော် ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းမြို့၊ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်တော်အိတ် ၅၀ အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတောင်ရိုး နှင့်မင်းဝံတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် ပြည်သူများအတွက် သောက် သုံးရေပေးဝေလျက်ရှိသည့် သီတဂူရေအလှူတော် အမှတ် ၁ ရေတင်စက်ရုံသို့ ရောက်ရှိရာ ဧရာဝတီမြစ်မှ ရေတင်စက်ကြီးများဖြင့် ရေတင်နေမှုအား ကြည့်ရှူစစ်ဆေးပြီး သောက်သုံးရေ လုံလောက်စွာပေးဝေရေး၊ သန့်ရှင်းပြီးကျန်းမာရေး ကန့်သက်ချက်များနှင့် ကိုက်ညီသည့်သောက် သုံးရေရရှိစေရေးတို့အတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ရှင်ပင်နံကိုင်း တောင်ပေါ်ရှိ ရေဂါလံ ၁၅၀၀၀၀ (တစ်သိန်းခွဲ)နှင့် ရေဂါလံ ၅၀၀၀၀ (ငါးသောင်း)ဆံ့ သီတဂူရေ အလှူတော် အမှတ် ၄ ရေ ကန်တို့အား သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းကွန်းတောင်ရိုး တိပိဋက ဓမ္မနာဒ ရေအလှူတော် သံဃသုခဒါယီ ပင်မရေကန်တော်ကြီး ၃၅ ပေ ပတ်လည် အနက် – ၁၅ ပေ၊ ရေဂါလံ – ၁၂၀၀၀၀ (တစ်သိန်းနှစ်သောင်း)ဆံ့ ရေကန်ကြီး ရေရှည်တည်တံ့ရေး ထိန်းသိမ်းပြု ပြင်သွားရန် ဆောင်ရွက်ရမည့် လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရှေးဟောင်း သမိုင်းဝင် သုံးလူ့ကေသီ စေတီတော်ကြီးအနီး မြေပြိုကျမှုများအား ကြည့်ရှုစစ် ဆေးကာ မြေထိန်းနံရံတည်ဆောက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းကွန်းတောင်ရိုး၊ သမိုင်းဝင်လေးဌာန ထိန်းသိမ်းစောင့်ရှောက်ရေးဂေါပကအဖွဲ့ရုံးသို့ ရောက်ရှိရာ ရှေးဟောင်း သမိုင်းဝင် မြသိန်းတန်စေတီတော်မြတ်ကြီး လေးဌာနအကျိုးတော်ဆောင် ဆရာတော်များထံ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှေးဟောင်းသမိုင်းဝင် မြသိန်းတန်စေတီတော်မြတ်ကြီး မဟာရံအုတ်တံ တိုင်း၊ သီတာ ၇ တန်၊ ဒုတိယရင်ပြင်နှင့် သီတာ ၇ တန်လိူင်းကြားများ ဘက်စုံမွမ်းမံပြုပြင် လှူဒါန်းထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက် ထားခဲ့ပြီး စေတီတော်ကြီး ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်ရေးတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
.
.
.

သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



