၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ မင်္ဂလာစစ်ကိုင်း ကျောက်မျက် ရတနာဈေး ဖွင့်ပွဲအခမ်းအနား တက်ရောက်
မုံရွာ အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်္ဂလာစစ်ကိုင်း ကျောက်မျက်ရတနာဈေး ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဈေးကြီးတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မြန်မာ့ကျောက်မျက် ရောင်းဝယ်ရေး လုပ်ငန်း အထွေထွေမန်နေဂျာ ဦးထွန်းဝေ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးသစ်ထူးမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်ဆင့်နှင့် Triple Circle Co.Ltd မှ MD ဒေါ်မော်မော်သိန်းတို့က မင်္ဂလာစစ်ကိုင်း ကျောက်မျက်ရတနာဈေးကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းမြို့တွင် ယခုဖွင့်လှစ် သည့် မင်္ဂလာစစ်ကိုင်းကျောက်မျက်ရတနာဈေးသည် ကျေက်မျက်ရောင်းဝယ်သူများအတွက် စနစ်တကျအဆင်ပြေစွာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ပြီး ခမ်းနားထည်ဝါသော ဈေးကြီးတစ်ခု ဖြစ်ပါကြောင်း၊ ကျောက်မျက်ရတနာ ရောင်းဝယ်ကြသူများအနေဖြင့် သယံဇာတနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေများကို လည်း တိကျစွာလိုက်နာသွားကြရန် လိုအပ်ပါကြောင်း၊ ယခုကျောက်မျက်ရတနာဈေးတွင် လာ ရောက်ပြီးရောင်းဝယ်ကြ မည့်ပုဂ္ဂိုလ်များအနေဖြင့် ဥပဒေနှင့်အညီ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများအား ကျေပွန်စွာထမ်းဆောင်ပေးကြရန် လိုအပ်ပါကြောင်း၊ ကျောက်မျက်ရတနာ ဈေးဖွင့်လှစ်နိုင်ခြင်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအား တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်ခြင်း၊ ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်း များတိုးတက် စေခြင်း၊ ဒေသခံပြည်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေပြီး ကျောက်အချောထည် ပုတီးလုပ်ငန်းနှင့် လက်ဝတ်ရတနာ လုပ်ငန်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် MSME လုပ်ငန်းများကိုလည်း တစ်ဖက်တစ်လမ်းမှ ဖွံ့ဖြိုးတိုး တက်လာစေမှာ ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် မင်္ဂလာစစ်ကိုင်းကျောက်မျက်ရတနာ ဈေးအား လာရောက်ရောင်းဝယ်ကြမည့် လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများအနေဖြင့် စည်းကမ်းရှိပြီး သန့်ရှင်းသက်ရပ်မှုရှိအောင် ဝိုင်းဝန်းကြိုးပမ်းထိန်းသိမ်းသွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်ဆင့်က မင်္ဂလာ စစ်ကိုင်း ကျောက်မျက်ရတနာဈေး စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာများအား လည်းကောင်း၊ Triple Circle Co.Ltd မှ MD ဒေါ်မော်မော်သိန်းက ဈေးသစ်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်တစ်ဦးက ကျေးဇူးတင်စကား ပြန် လည်ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မင်္ဂလာစစ်ကိုင်း ကျောက် မျက်ရတနာဈေးကြီးအတွင်းရှိ ဆိုင်ခန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်ရှိ၊ မင်္ဂလာစစ်ကိုင်း ကျောက်မျက်ရတနာဈေးသည် ဧရိယာစတုရန်းပေ – ၂၄၆၀၀ အကျယ်တွင် ဆိုင်ခန်းပေါင်း – ၃၀၀ ကျော်ဖြင့် ရောင်းချလျှက်ရှိ ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့် ခန်း (အေရိုးဗစ်)နှင့် Physical Fitness Dance ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
မုံရွာ အောက်တိုဘာ ၂၅
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသ ကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)နှင့် Physical Fitness Dance ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (အေရိုးဗစ်)နှင့် Physical Fitness Dance ပြိုင်ပွဲများတွင် ဆုရရှိသော ပြိုင်ပွဲအသင်းများ၏ ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းမှ Physical Fitness Dance ပြိုင်ပွဲတွင် တတိယဆုရရှိသော ကလေးခရိုင်အသင်းနှင့် ဒုတိယဆုရရှိသော ယင်းမာပင်ခရိုင်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းမှ Physicanl Fitness Dence ပြိုင်ပွဲတွင် ပထမဆုရရှိသော မုံရွာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ၁ ယောက်ချင်းပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်က ၃ ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော စစ်ကိုင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံ ဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုး က ၃ ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိ သော ယင်းမာပင်ခရိုင် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ၃ ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ကလေးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ၉ ယောက်တွဲပြိုင်ပွဲတွင် တတိယဆု ရရှိသော စစ်ကိုင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်း ကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးမှ ၉ ယောက်တွဲပြိုင်ပွဲတွင် ဒုတိယ ဆုရရှိသာ ယင်းမာပင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်း ကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အေရိုးဗစ် ၉ ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုနှင့် တံခွန်စိုက်ဆုရရှိသော ကလေးခရိုင်အသင်းအား တစ်ဦးချင်းဆု တံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများ အားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)နှင့် Physicanl Fitness Dance ပြိုင်ပွဲသို့ တိုင်းဒေသ ကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်မှ ပြိုင်ပွဲဝင်အင်အား ၁၅၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
–

သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



