slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာသူနာပြုသားဖွားသင်တန်းကျောင်း သတ္တမအကြိမ်မြောက် သူနာပြုနှင့်သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား တက်ရောက်

မုံရွာ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာသူနာပြုသားဖွားသင်တန်းကျောင်း သတ္တမအကြိမ်မြောက် သူနာပြုနှင့်သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာသူနာပြုသားဖွားသင်တန်းကျောင်းတွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ မကြီး၊ သူနာပြုဆရာမကြီးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတိုင်းဒေသကြီးအတွင်း ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုများအား အရည်အသွေးပြည့်မီစွာ စောင့်ရှောက်နိုင် သည့် သူနာပြုဆရာ/ဆရာမများဖြစ်စေရန်နှင့် သင်တန်းကျောင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက် များ ပြည့်မှီစေရေးအတွက် လိုအပ်သည့်သင်ကြား/သင်ယူမှု ပတ်ဝန်းကျင် ကောင်းဖြစ်စေရန် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း အစဉ်အမြဲလမ်းညွှန်မှုပေးခြင်း ကူညီထောက်ပံ့ပေးခြင်း ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြင့် အနီးကပ်စောင့်ရှောက် လျှက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသော အင်အားစုကြီး(၃)ရပ်ဖြစ်သည့် ဆရာ ဝန်များ၊ သူနာပြုများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအနက် သူနာပြုဆရာ/ဆရာမများ သည်အရေးကြီးသော အင်အားစုကြီးတစ်ခုဖြစ်သောကြောင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့် ရှောက်မှုပေးရာတွင် သူနာပြု ဆရာ/ ဆရာမများ၏ အရည်အသွေးမြင့်မားရေး၊ ကျင့်ဝတ်နှင့်အညီ ပြုစုစောင့်ရှောက်မှု ပေးနိုင် ရေးကိုလည်း  အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊

လူနာများအား ကျန်းမာရေးဝန်ဆောင်မှုပေးရာတွင် အခြားသောကျန်းမာရေးစောင့် ရှောက်မှုပေးသည့် ဝန်ထမ်းများနည်းတူ သူနာပြုနှင့်သားဖွားဆရာ/ဆရာမများသည် အဓိက အခန်းကဏ္ဍတွင်ပါဝင်ပြီး ပြည်သူများအား အရည်အသွေးပြည့်ဝသည့် ပြုစုကုသမှုပေးနိုင်ရေး အတွက် အလွန်အရေးကြီးသော အောင်လက်မှတ်များအား အပ်နှင်းခံရပြီးနောက် လုပ်ငန်းခွင် သို့ဝင်ရောက်သည့်အခါတွင်လည်း သူနာပြုဆရာ/ဆရာမများအားလုံး အပြန်အလှန်လေးစား မှုနှင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသ ကြီးဦးစီးမှူးက သြဝါဒစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက သင်ကြားရေးတာ ဝန်ခံ ကျောင်းအုပ်(သင်ကြား)ထံ အောင်လက်မှတ်များ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

.0-02-06-5edc8ef5bd75cc43977b1a109e28129b08befadf37e9b36f51f88ffbd40689be_1699933628bb3bfb.jpg

.

.

.

.

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့၊ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အသေးစား၊ စက်မှု လုပ်ငန်းဦးစီးဌာနနှင့် ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမော် တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ လ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်း သားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ကျေးလက်နှင့်မြို့ပြရှိ တိုင်းရင်း သားညီအစ်ကိုမောင်နှမပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာရေး၊ အကြောင်းအမျိုး မျိုးကြောင့် အတန်းပညာ ဆက်လက်သင်ကြားဆည်းပူးနိုင်ခြင်းမရှိသည့် ကျောင်းပြင်ပရောက် လူငယ်လူရွယ်များအနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ရပ်အဖြစ် တတ်မြောက် ကျွမ်းကျင်၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာတတ်မြောက်၍ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများတွင် တစ်တပ်တစ်အားဖြစ်စေရေး မျှော်မှန်းချက်များဖြင့် ဖွင့်လှစ် သင်ကြားပေးရခြင်း ဖြစ်ပါကြောင်း၊

ယခုလိုသင်တန်းမျိုးများကဲ့သို့ နောင်တွင်လည်း လက်မှုအတတ်ပညာများ တတ်မြောက် ၍ လူတိုင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာန၊ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖွင့်လှစ်ပို့ချပေး သွားမှာဖြစ်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့်လည်း စိတ်ပါဝင်စားစွာဖြင့် သင်တန်းကာလပြီးဆုံးသည်အထိ အောင်မြင်အောင် ကြိုးစားတက် ရောက်စေလိုပါကြောင်းနှင့် မိမိမိသားစုဘဝ အဆင်ပြေတိုးတက်စေရန်ဆိုသည့် ရည် ရွယ်ချက်ဖြင့် ကြိုးကြိုးစားစား လေ့လာသင်ယူသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌထံ သင် တန်းအတွက်ထောက်ပံ့ငွေကျပ် – ၂၂၅၀၀၀၀ (နှစ်ဆယ့်နှစ်သိန်းငါးသောင်း)ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက သင်တန်းဖွင့်လှစ် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး သင်တန်းခန်းမအတွင်း ပြသထားသော သင်တန်း တွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၃)သို့ သင်တန်းသားစုစုပေါင်း ၃၀ ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းကာလ ၁ လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ပရိယတ္တိ စာသင်တိုက်နှင့် သာသနဇောတိက မြို့မကျောင်းတိုက်တို့တွင် သီတင်းသုံးတော်မူနေကြသော ဆရာတော်၊သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ များနှင့် လှူဖွယ်ပစ္စည်းများအား တာဝနှ်ရှိသူများနှင့်အတူ ဆရာတော်ကြီးများထံ သွားရောက် ဆက်ကပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ လ ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဟုမ္မလင်း မြို့နယ်၊ ကောယားအုပ်စု၊ စံကပ်ကျေးရွာရှိ ဦးဌေးမြင့် စိုက်ပျိုးထားသော ဧက ၈၀ ရှိရာဘာခြံသို့ ရောက်ရှိကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ခြံတာဝန်ခံတို့မှ ရာဘာစေး ထုတ်ယူရာတွင် အသုံးပြုသည့်ပစ္စည်းများခင်း ကျင်းပြသထားရှိမှုများအား လိုက်လံရှင်းတင်ပြ သကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရာဘာစေးများ ပေါင်းခံနေမှု၊ နေလှန်းနေမှုများနှင့် သိုလှောင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။ 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သက္ကကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း မိုင်တိုင်အမှတ် ၁၉၉/၄ – ၂၀၀/၆ နှင့် ၃၂၁.၀၆ – ၃၂၃.၂၇ ကြား ဟုမ္မလင်း လမ်းဆုံ တြိဂံချွန်းအပါအဝင် ၁ မိုင် ၂ ဖာလုံတို့အား အကျယ် – ၁၈ ပေ၊ ထု ၉ လက်မထု ကွန်ကရစ်လမ်းခင်းကျင်းနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

0-02-06-98d7ed2d744ae69433599e03d6d00bcf096dd97fccfbb93bcbfedf51beb1bc28_578a850fca2b9865.jpg

0-02-06-d96bcc08d1767a8bfef41979122f84f2352f85c814cf0ffe56a757d8994fd39e_ded1c1d1c8c3dac9.jpg

0-02-06-a71ab858349a4c1ddb5c7f0f8e6434398ff6c7bb018ce43f96da50ec7512cc05_afd6598adc6b6fa9.jpg

0-02-06-25e1fb104a0213398fab8eeca1c2fce55e5dd0a0a7cc49ed38a091b9a51fdf17_4bf137ea07155ed7.jpg

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.