slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ရှိ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်

မုံရွာ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ များနှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ နာဂယဉ်ကျေးမှုပြတိုက် တွင်ကျင်းပပြုလုပ်သော လေရှီးမြို့ရှိ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ များ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၄-ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပပြုလုပ်မည့် နာဂတိုင်းရင်းသားတို့၏ နှစ်သစ်ကူးရိုးရာပွဲတော်ကြီးအား စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဒေသရှိဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများအနေဖြင့် လည်း မိမိတို့ရိုးရာနှစ်သစ်ကူးပွဲတော်သို့ လာရောက်ကြမည့် ဧည့်သည်များ၊ဒေသခံတိုင်းရင်း သားအကအဖွဲ့များ အဆင်ပြေစွာ နေထိုင်သွားလာနိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ လိုအပ်ချက်မရှိအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊

နှစ်သစ်ကူးရိုး ရာ ပွဲတော်ကျင်းပမည့် ရိုးရာကွင်းအတွင်း ကြိုတင်ဆောင်ရွက်မည့် ပြင် ဆင်မှုများ၊ တည်ဆောက်ရေးလုပ်ငန်းများအား စနစ်တကျရှိစေရေးနှင့် ကြံ့ခိုင်မှုရှိစေရေးတို့အား အလေးထားဆောက်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့်လည်း ရိုးရာပွဲတော်ကြီးအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ် ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။     

ယင်းနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် လေရှီးမြို့ရှိမြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်း ရင်းသားများက ၂၀၂၄-ခုနှစ်၊ ဇန်နဝါရီလတွင် ကျရောက်မည့် နာဂရိုးရာနစ်သစ်ကူးပွဲတော်ကြီး စည်ကားသိုက် မြိုက်စွာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ် စကားပြောကြား ကာ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၄-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပမည့် ရိုးရာကွင်းအတွင်း ကြိုတင်ပြင်ဆင်အကွက်ချ ထားမှုများနှင့် စတိတ်စင်တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝနှ်ရှိသူများသည် လေရှီးမြို့၊ မြို့တော်ခန်းမ တည်ဆောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တည်ဆောက်ရေးလုပ်ငန်းများ သက်မှတ်ကာလတွင် စံချိန်စံညွှန်းမီစွာဖြင့် တည်ဆောက်ပြီးစီးရေးတို့အား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့နယ်၊ ဒိန်းဂလိန်းကျေးရွာရှိ လှေကားထစ်လယ်ယာစနစ်ဖြင့် ကွင်းအမှတ် – OSS 3 ၊ ဦးပိုင်အမှတ် – ၁၁၃ တွင် တောင်သူ ဦးယားပေါ့ စိုက်ပျိုးထားသည့် GW 11 မိုးစပါး ပန်းတိုင် အထက်ထွက် ရှိရေးစံပြကွက် ရိတ်သိမ်းနေမှုအား ဒေသခံတောင်သူများနှင့် ကြည့်ရှုအားပေးပြီး ဒေသခံတိုင်း ရင်းသားတောင်သူများအတွက် မျိုးကောင်း၊မျိုးသန့်များရရှိရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။     

အဆိုပါ GW 11 မိုးစပါးပန်းတိုင်အထက်ထွက်ရှိရေးစံပြကွက် ရိတ်သိမ်းရာတွင် တစ်ဧက ၁၃၇ တင်းထွက်ရှိကြောင်း သိရသည်။

0-02-06-4ed36f4c792e23be74669f21866d0ca18ec0d1b8c347cc539d21d1e2d91bdb15_a42fbef689e099ac.jpg

0-02-06-109d8d972fbca5280dace81ce5ad81518b1133a273876a6f6ceacaf6796ce82d_944f3f0dbb8a1e1.jpg

0-02-06-163bc86354dd6faebee7c13f3eff91e62691f21230084a12145aa3a870d87bcc_ccc2553d55718386.jpg

0-02-06-f0928e2065a73910ce7e6beaee306488c270bfa3cec11391d2c1446222e8850f_24ae6247012286be.jpg

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့၊ ခုတင် ၁၀၀ ဆံ့၊ အထွေ ထွေရောဂါကု ပြည်သူ့ဆေးရုံကြီးအတွင်း စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆေးကုသမှုခံယူနေကြသော ဒေသခံတိုင်းရင်းသားများအား အဟာရဖြည့်စွက်စာများ ပေးအပ်

မုံရွာ အောက်တိုဘာ ၂၁

ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာနေဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့်ဆေးကုသမှုခံယူနိုင်ရေး၊ ဆေးရုံပတ်ဝန်းကျင် ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်း သပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်း များရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အောက်တိုဘာလ ၂၁ ရက်နေ့၊ နံနက်ပိုင်း တွင်  ဟုမ္မလင်းမြို့၊ ခုတင် ၁၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် တပ်မ တော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ စုပေါင်း၍  စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၃၀ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန် ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၃၅၀၀ ဦးကျော်ဖြင့် ပြည်သူ့ ဆေးရုံကြီးများနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ ကြသည်။                                             

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ခုတင် ၁၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြ သောဒေသခံတိုင်ရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ တာဝန်ရှိ သူများနှင့်အတူ အဟာရဖြည့်စွက်စာများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

0-02-06-05a638f60867aa1571b3a03395b73e5d1056d99b8e6cd47cd22d065e77a96ef0_60a6eccc4f683a7.jpg

 

0-02-06-61e94fe46dffe7c79177ea3b73841a6eb7ea347d09ace0a6dd8c43692af1a5e4_e11dff1292e675b7.jpg

 

 

0-02-06-fa1f7a5a536c994993cc00b1a196029880540dcea54cce8f32cf06bf989ded64_80e098ce9e16634b.jpg

lllllllllllllllll

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.