slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်ခြင်းနှင့် ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် ဌာန

မုံရွာ ၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ကလေးခရိုင်၊ ခန္တီး ခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အနေဖြင့် အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အား ကျယ်ကျယ်ပြန့်ပြန့် ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီကို ယခင်အဖွဲ့ဝင် (၁၂)ဦးမှ ယခုအဖွဲ့ဝင်(၂၀)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြည်ထောင်စုမှ MSME ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ညွှန်ကြားချက်များအား အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊ MSME လုပ်ငန်း ရှင်များ၏ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် MSME လုပ်ငန်းရှင်များ အတူတကွ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများအား ရာခိုင်နှုန်းပြည့် အကောင်အထည် ဖော်နိုင်ရေးအတွက် ပိုမိုတိုး တက်ပြည့်စုံကောင်းမွန်အောင် တာဝန်ရှိသူအားလုံးမှ ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက် ပေးသွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် MSME လုပ်ငန်းများ ဆောင် ရွက်နေသည့် လုပ်ငန်းများကိုလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် တာဝန်ရှိသူများမှ စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မေခရို စီးပွားရေးအခြေအနေ အပေါ်အကြံပြု ချက်များမှ ကာလတို(၆)လအတွင်း ကာလလတ်(၁၈)လအတွင်း ဆောင်ရွက်သင့်သည့်အချက် များ၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ပို့ကုန်တိုးမြှင့်နိုင်ရေး၊ ထွက်ကုန်အရည်အသွေးများတိုး တက်ကောင်းမွန်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့နှင့်ပတ်သတ်၍ တိုင်းဒေသကြီး အေဂျင်စီမှ သိရှိလိုက်နာဆောင်ရွက်၍ ဗဟိုအေဂျင်စီသို့ ဆောင်ရွက်မည့်အစီအစဉ်များ ပြန်လည်တင်ပြ နိုင်ရန်အတွက် ယခု MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းမှ တာဝန်ရှိသူများမှ ပွင့်လင်းစွာဖြင့် ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးမှ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ပြင်ဆင်ဖွဲ့စည်းခြင်းအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့၏ဌာနများအလိုက် တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း၌ လုပ်ကိုင်ဆောင်ရွက်နေသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ခေတ္တဥက္ကဋ္ဌတို့မှ မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲစဉ်အဖြစ် လူမှုရေးရာဝန်ကြီးဌာန-၁ အသင်းနှင့် စည်ပင်သာယာရေးအဖွဲ့အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

20231222 01

20231222 01

20231222 01

20231222 01

20231222 01

20231222 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွာရေးတက္ကသိုလ် ငွေရတု အထိမ်းအမှတ် ပင်မဆောင် အဆောက်အဦးသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ ၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် ငွေရတုအထိမ်းအမှတ် ပင်မဆောင် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ ကျောင်းရှိ ပင်မဆောင် အဆောက်အဦသစ်ရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုး၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူတို့က ငွေရတု အထိမ်းအမှတ် ပင်မဆောင်အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပါမောက္ခချုပ်များနှင့် ဌာန အသီးသီးမှ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် ငွေရတုခန်းမကြီးတွင် ဒုတိယပိုင်းအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စီးပွားရေးတက္ကသိုလ်မှ ပညာသင်ကြားပေးလိုက်သည့် ဘွဲ့ရမောင်မယ်များသည် နိုင်ငံတော်မှအားထားရသည့် စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးနှင့် ပတ်သက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များသည် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုအတွက်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အလွန်အရေးပါသည့် စွမ်းအားစုများ ဖြစ်ပါကြောင်း၊ အမိမြန်မာနိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက် အောင်ဘက်စုံထောင့်စုံကနေ ဝိုင်းဝန်းတည်ဆောက်လျက်ရှိရာ မုံရွာစီးပွားရေးတက္ကသိုလ်မှ ကျောင်းသား၊ကျောင်း သူများသည်လည်း အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး တန်ဖိုးရှိသည့်လူ့ စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနေသည့် မုံရွာစီးပွားရေးတက္ကသိုလ်၏ (၂၅)နှစ်မြောက်ငွေရတု မှသည် ရတုအဆက်ဆက်တိုင်အောင် တိုင်းကျိုးပြည်ပြုသည့် စီးပွားရေးဆိုင်ရာအသိပညာရှင်၊ အတတ်ပညာရှင်များ ဆတက်ထမ်းပိုးမွေး ထုတ် ပေးနိုင်ကြပါစေကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မုံရွာစီးပွားတက္ကသိုလ်အား စတင်တည်ထောင်ခဲ့သည့် ပထမဆုံး ပါမောက္ခချုပ် ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၏ ဝမ်းမြောက်အမှာစကားအား ဗီဒီယိုဖိုင်ဖြင့် ဖွင့်လှစ်ပြသသည်။

ဆက်လက်၍ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူက (၂၅)နှစ် တာကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၏ ကိုယ်ရေးများအား ဂုဏ်ပြုမှတ်တမ်းတင် ဖတ်ကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်း အနားသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

20231221 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.