၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး(၆/၂၀၂၃)တက်ရောက်
မုံရွာ ၊ ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၆/၂၀၂၃)ကို ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်း ခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများကိုမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် တည်ငြိမ်အေးချမ်းသည့်ဒေသများကို အဓိကအခြေပြုကာ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများအား အစွမ်းကုန်တိုးမြှင့်နိုင်ရေး ဆောင်ရွက်လျှက်ရှိပါ ကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် တည်ငြိမ်အေးချမ်းရေးနှင့်တရား ဥပဒေစိုးမိုးရေး အပြည့်အဝရရှိရန်လိုအပ်သဖြင့် တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များသာမက အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ဌာနဆိုင်ရာများ၊ အစုအဖွဲ့ များအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ ပြည်သူများကိုလည်း သိရှိနား လည်အောင် စည်းရုံးပြောကြားသွားကြရန် လိုအပ်ပါကြောင်း၊ စားရေရိက္ခာဖူလုံရေး၊ ကုန်ဈေး နှုန်းတည်ငြိမ်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းများကို တိုးတက်ပြီးစံပြဖြစ်အောင် ထုတ်ကုန်အဆင့်မြှင့်တင်ရေးအတွက် ဌာနဆိုင်ရာ များမှ လုပ်ငန်းရှင်များနှင့် အမြဲမပြတ်ထိတွေ့ပြီး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြ ရမည် ဖြစ်ပါကြောင်း၊ သာမန်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ခွင့်ပြုဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများသတ်မှတ် ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက်၊ ခရိုင်/မြို့နယ်အလိုက် စိစစ်ရေးအဖွဲ့များကို ဖွဲ့စည်းကြပ်မတ် ဆောင်ရွက်လျှက်ရှိရာ တွင် တာဝန်ရှိသူများမှ တွန်းအားပေးဆောင်ရွက်သွားကြရန် အထူးမှာကြား လိုပါကြောင်း၊ ဆောင်ရွက်၍မရနိုင်သည့် လုပ်ငန်းများရှိပါကလည်း အချိန်မီပြန်လည်အပ်နှံစေပြီး အခြားလို အပ်သည့်နေရာများသို့ လုပ်ငန်းပြောင်း၊ နေရာပြောင်းဆောင်ရွက်စေခြင်း ဖြင့်ဒေသအတွက် ပိုမိုအကျိုးရှိနိုင်မှာဖြစ်ပါ၍ အလေးထား ဆောင်ရွက်ပေးကြရန်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များမှ အနီးကပ်စီစစ်သုံးသပ်ပြီး အချိန်မှီပြင်ဆင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ဝင်ငွေနှင့် အသုံးစရိတ်မျှတမှုရှိအောင် လိုအပ်သည့်ဝင်ငွေဖြစ်သည့် အခွန် အခများအား ဥပဒေနှင့်အညီ ပြည့်ပြည့်ဝဝရရှိအောင် သတ်မှတ်လျာထားချက် ပြည့်မီကျော်လွန် စွာကောက်ခံရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စတင်ကတည်းက ကြိုတင်စီမံဆောင် ရွက်ကြရမှာဖြစ်ပြီး တတိယသုံးလပတ် ကာလကုန်ဆုံးသွားပြီဖြစ်၍ အရှိန်အဟုန်မြှင့်ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခင်နှစ်လျာထားချက် ပြည့်မီကျော်လွန်သည့် ဌာနအဖွဲ့ အစည်းများအနေဖြင့် ယခုဘဏ္ဍာနှစ်တွင်လည်း အရှိန်အဟုန်မပျက် ရသင့်ရထိုက်သည့် အခွန် အခများရရှိရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ပြည့်မီစွာကောက်ခံရရှိနိုင်ခြင်း မရှိသည့် ဌာနအဖွဲ့အစည်းများအနေဖြင့် လည်းမိမိဌာနအဖွဲ့အစည်း လျာထားချက်ပြည့်မီရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အထူးကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာ လှပရေး၊ MSMEs လုပ်ငန်းအခြေအနေများနှင့် အခွန်အခများ ပြည့်ဝစွာကောက်ခံရရှိရေး လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအ နေများ၊ အခွန်အခများ ပြည့်ဝစွာကောက်ခံရရှိရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ဒေသတည် ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရေးနှင့် အခွန်အခများ ပြည့်ဝစွာကောက်ခံရရှိရေး ဆောင်ရွက်နေသည့် လုပ်ငန်းများ နှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။










စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် “အသေးစားထုတ်ကုန်များ ဖန်တီးပေးနိုင် ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း” မုန့်လုပ်နည်းသင်တန်း ထူးချွန် သင်တန်းသား/သင်တန်းသူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်း အနား တက်
မုံရွာ ၊ ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ “အသေးစားထုတ်ကုန်များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း” မုန့်လုပ်နည်းသင်တန်း ထူးချွန်သင်တန်းသား/သင်တန်းသူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက် နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ထူးချွန်သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်အနက် စီးပွားရေးဦးတည်ချက်တွင် ပါဝင်သော သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊အငယ်စား၊ အလတ်စားစီပွားရေးလုပ်ငန်း (MSME)များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့် အလမ်းများဖော်ဆောင်ရေး ကို များစွာအထောက်အကူပြုမှာဖြစ်သကဲ့သို့ မြို့ပြနှင့်ကျေးလက်နေလူငယ်များထဲမှ ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းမရှိသည့် လူငယ်လူရွယ်များ၊ အမျိုးသမီးငယ်များ အိုးမကွာ အိမ်မကွာ မိသားစုဝင်ငွေတိုး စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်း လာစေပြီး ခေတ်မီစံပြကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွားလာ စေပြီး အမျိုးသမီးများနှင့် လူငယ်များအားအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် လူငယ်များဝင်ငွေတိုးလာစေကာ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများပြန် လည်ထူထောင်ပေးနိုင်စေမည် ဖြစ်ပါကြောင်း၊၎င်းအပြင် အသက်မွေးဝမ်း ကျောင်း အထောက် အကူပြုနည်းပညာများပံ့ပိုးခြင်းဖြင့် လုပ်ငန်းရှင်များ၏ ကုန်ထုတ်လုပ်မှုဖွံ့ ဖြိုးတိုးတက်လာခြင်း ဖြင့် ဘိန်းစိုက်ပျိုးသည့်မြို့နယ်များတွင် အစားထိုးအသေးစားကုန် ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်းတို့ကိုရရှိစေမှာ ဖြစ်ပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေ တိုးရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကိုယ်ပိုင်လုပ်ငန်းထူ ထောင်လိုသည့် သင်တန်းသား/သူများ၏ စိတ်အားထက်သန်မှု၊ ကျေးရွာစီမံကိန်း အကောင် အထည်ဖော်ရေး ကော်မတီဝင်များ၏ မိမိဒေသဖွံ့ဖြိုးရေး သက်ဆိုင်ရာဌာန စီမံကိန်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီဝင်များ၏ စနစ်တကျကြီးကြပ်ပေးမှုနှင့် ဒေသဆိုင်ရာအာဏာပိုင်များ၏ ဒေသနှင့်လိုက်လျောညီထွေသည့် ထုတ်ကုန်အမယ်ရနိုင်မည့် နေရာဒေသရွေးချယ်မှုသည် အရေးကြီးသဖြင့် တာဝန်ရှိသူအားလုံးမှ လုပ်ငန်းများအောင်မြင်အောင် ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးအဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးအောင်မောင်းက အသေးစား ထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အသေးစားထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းများမှ ထူးချွန်သင်တန်းသား/သင်တန်းသူများထံ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ထူးခွန်ဆုများအား ထောက်ပံ့ပေးအပ် ချီးမြှင့်ခဲ့ကြပြီး ထူးချွန်သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထူးချွန်သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ “အသေးစားထုတ်ကုန်များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင် ငွေတိုးရေးစီမံကိန်း” မုန့်လုပ်နည်းသင်တန်း ထူးချွန်သင်တန်းသား/သင်တန်းသူများအား ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တန်ဖိုးငွေကျပ်သိန်း-၁၀၀ တန်ဖိုးရှိ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုးထုတ်လုပ်နိုင်သည့် စက်ပစ္စည်းများအား မုံရွာမြို့နယ်၊ ရွာတုံကျေးရွာနှင့် စားသောက်ကုန်ဘေးအန္တရာယ် ကင်းရှင်းရေးဇုန်တို့မှ လုပ်ငန်းရှင် ၁၀ ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။








သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



