၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်နေမှုလုပ်ငန်းများနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ရှိ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
မုံရွာ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေး ရှင်းလင်း ဆောင်သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးညီညီဇော်က ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေး လုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ Power Pointဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လမ်းဦးစီးဌာနမှ တဝန်ရှိသူ များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) ချဉ်းကပ်လမ်း များဖောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အား ဆက်သွယ်ပေးမည့် ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက လေရှီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ရှိပြည်သူများအတွက် အိန္ဒိယနိုင်ငံ နယ်စပ်အထိ နှစ်နိုင်ငံကူးသန်းသွားလာမှုကို များစွာအထောက်အကူပြုသည့် လမ်းမကြီးပေါ်တွင် တည်ရှိသည့်တံတားကြီး တစ်စင်းဖြစ်ပါကြောင်း၊ ၎င်းအပြင်ဆွမ္မရာမြို့၊ ပန်ဆပ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့်ဒေသဖွံ့ဖြိုးရေး အတွက် များစွာအကျိုးပြုစေမည်ဖြစ်ပြီး ဒေသထွက်ကုန်များ ရောင်းဝယ်မှုအတွက်ပါ အကျိုးပြု စေမည်ဖြစ်ပါ၍ တည်ဆောက်ရေးလုပ်ငန်းများကို သက်မှတ်ကာလတွင်ပြီးစီးအောင် တည် ဆောက်ရန်လိုအပ်ပါကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်အောင် တည်ဆောက်ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးတို့ကိုလည်း သတိပြုဆောင်ရွက်ရန်လိုအပ်ပါကြောင်းတို့ကို အသေးစိတ်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချင်းတွင်းမြစ်ကူး တံတား(ထမံသီ) တံတားကြီး၏ ချဉ်းကပ်လမ်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် တံတားကြီး တည်ဆောက်နေမှုလုပ်ငန်းများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်းမြို့-လေရှီးမြို့-ပန်ဆပ်-ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ သံကူကွန် ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည် – ၈၀၁ မီတာ၊ အကျယ် – ၉.၄ မီတာ၊ တံတား အခန်းပေါင်း – ၁၅ ခန်း ၊ ရေလမ်းကင်းလွတ်အမြင့် ၄၀ ပေ(HFL)ဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အပြီး တည်ဆောက်နေခြင်းဖြစ်ပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် လေရှီးမြို့၊ အခြေခံပညာအထက်တန်း
ကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ကျောင်းသူများမှ ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြပြီး ဘင်ခရာတီးမှုတ်လေ့ကျင့်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးကာ ဘင်ခရာအဖွဲ့အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ် – ၁၀ သိန်း အား ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်း တွင် လေရှီးမြို့နယ် ပညာရေးမှူး၊ ကျောင်းအုပ်
ဆရာကြီးနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံရာ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများက ကျောင်း၏ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောင်း၏လိုအပ်ချက်များနှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေး အကြံပြုတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်း၏လိုအပ်ချက် တင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ကျောင်းအုပ် ဆရာကြီးထံ ကျောင်းအတွက်ထောက်ပံ့ငွေကျပ် – ၁၀ သိန်းအား ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် – ၁၀ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လေရှီးမြို့တွင် ၂၀၂၄-ခုနှစ်၊ ဇန်နဝါရီလ၌ ကျင်းပပြုလုပ်မည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အတွက် ရိုးရာကွင်း အတွင်းကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆွမ္မရာ(ဆွမ်ပရာ)မြို့၊ နှစ်ခြင်းအသင်းတော် ၇၅ နှစ်မြောက်၊ စိန်ရတု နှစ်ပတ်လည်နေ့အခမ်းအနား တက်ရောက်
မုံရွာ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် ဆွပ္မရာမြို့၊ ပြည်သူ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ၇၅ နှစ်မြောက် ဆွမ္မရာ(ဆွမ်ပရာ)နှစ်ခြင်း အသင်း တော် စိန်ရတုနေ့ အခမ်းအနားသို့ တက်ရောက်ကြရာ ရှေးဦးစွာ နှစ်ခြင်းအသင်းတော် သိက္ခာရ ဆရာတော်မှ ဆွမ္မရာနှစ်ခြင်းအသင်းတော် ဖြစ်ပုံလာပုံအကြောင်းအား ရှင်းလင်းပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ နာဂဒေသအား တောင်ပေါ်နှင့်မြေပြန့်တစ်ပြေးညီ ဖွံ့ဖြိုးတိုး တက်စေရေးအတွက် စီမံဆေင်ရွက်ပေးနေမှု အခြေအနေများ၊ ဘာသာ သာသနာဖွံ့ဖြိုး စည်ပင် ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူများနှင့်တိုင်းရင်းသားအားလုံး တစ်စည်းတစ်လုံးတည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများနှင့် နှစ်နိုင်ငံနယ်စပ်အနီးနေထိုင်သည့် ပြည်သူများဖြစ်ပါ၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အလေးနက်ထားကာ ထုတ်ပြန်ထားသည့် စည်းကမ်းဥပဒေများကို လေးစားလိုက်နာကာ နေထိုင်သွားလာကြရေးတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ၇၅ နှစ်မြောက် ဆွမ္မရာ(ဆွမ်ပရာ) နှစ်ခြင်းအသင်းတော် စိန်ရတုနေ့အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌမှ အမှတ်တရ လက်ဆောင်အား ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ် – ၅၀ သိန်းအား ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများထံ အသင်းတော်မှတာဝန် ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် ၇၅ နှစ်မြောက် ဆွမ္မရာနှစ်ခြင်းအသင်းတော် စိန်ရတုနေ့ အခမ်းအနား ကျင်းပရေးကော်မတီ အတွင်းရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တန်ခွန်မျိုးနွယ်စု(အမျိုးသား)၊ ကူကီးမျိုးနွယ်စု (အမျိုးသမီး)များမှ မြေဝိုင်းအကများဖွဲ့ဖြင့် ဧည့်ခံမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့နယ်၊ ပန်ဆပ်ကျေးရွာ၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းသို့ ရောက်ရှိကြသည်။
ရှေးဦးစွာ ဆရာတော်ထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ပစ္စည်း များနှင့် ဝတ္ထုငွေများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာ ရေးဆိုင်ရာများ လျှောက်ထားကာ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၏ လိုအပ်ချက်များကိုအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကာဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



