slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက် ကပ်ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားနှင့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ နိုင်ငံတော်ဩဝါဒါ စရိယ၊ ရွှေကျင်နိကာယအဓိပတိ၊ သောဠသမရွှေကျင်းသာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ကြီး၏ သက်တော်

မုံရွာ၊ မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆-ခုနှစ်၊ သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို မတ်လ ၂ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော်ကြီးရှိ ပုညရှင်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိယ တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင််များ တက်ရောက်ကြသည်။

ဦးစွာ ပင့်သံဃာတော်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဧည့်ပရိတ်သတ်များ“နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြပြီး တိုင်းဒေသကြီး သာသနာရေးမှူးက အခမ်းအနားဖွင့်စာတမ်းအား ဖတ်ကြား လျှောက်ထား ၍အခမ်းအနားအား ဖွင့်လှစ်သည်။

ယင်းနောက် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ နိုင်ငံ တော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယအဓိပတိ၊ သောဠသမရွှေကျင်းသာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက် တည်ကြသည်။

ဆက်လက်၍ မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက် တိုက်အုပ်နာယက စစ် ကိုင်းတိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ရွှေကျင်) အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရ (ဝိနယဓရ)မှ သမ္မောဒနီယ ဩဝါဒကထာ မြွတ်ကြားချီးမြှင့်တော်မူသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခ ချုပ်များ၊ ကျောင်းအုပ်ကြီးများမှ သာသ နာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ် များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံ ဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂုလ် ၃ ဦးအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်နှင့် ဘွဲ့လက်မှတ်များအား ပေးအပ်သည်။

ဆက်လက်ပြီး စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယအဓိပတိ၊ သောဠသမရွှေကျင်းသာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ကြီးအား ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်မှ နဝကမ္မအလှူတော်ငွေ ကျပ်သိန်း – ၁၀၀ အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ပေးအပ်လှူဒါန်းသည်။

ယင်းနောက် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ နိုင်ငံ တော်ဩဝါဒါစရိယ၊ ရွှေကျင်နိ ကာယအဓိပတိ၊ သောဠသမရွှေကျင်းသာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည် ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး ပင့်သံဆရာတော်ကြီးများ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ လောင်း လှူခဲ့ကြသည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲတွင် အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁ ပါး၊ အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅ ပါး၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ၂ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာ တော်ကြီး ၅ ပါး၊ မဂ္ဂမဟာကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁ ပါး၊ မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄ ပါး၊ မဟာသဒ္ဓမ္မဇောတိကဓ ဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၃ ပါး၊ မဟာကမ္မဌာနာစရိယ ဘွဲ့တံ ဆိပ်တော်ရ ဆရာတော်ကြီး ၁ ပါး၊ ဂန္တဝါစကပဏ္တိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၃ ပါး၊ သဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၆ ပါး၊ ကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁ ပါး၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သိလရှင် ဆရာကြီး ၁ ပါး၊ မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ၂ ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး ၁ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦး၊ ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ၃ ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံ ဆိပ်တော်ရ သီလရှင်ဆရာကြီး ၁ ပါး၊ စုစုပေါင်း သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် တော်ရ ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၃ ဦးတို့အား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက် ကပ် ချီးမြှင့်အပ်နှင်းခဲ့သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ အဓိပတိ၊ သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ကြီး၏ သက်တော်(၈၉)နှစ်ပြည့် မွေးနေ့အလှူတော် ဆွမ်း ဆန်စိမ်းလောင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ အဓိပတိ၊ သောဠ သမရွှေကျင်းသာသနာပိုင် သီတဂူအဓိပတိ ဆရာ တော်ကြီးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ဖူးမျှော်ကြည်ညိုကြသည်။

ယင်းနောက် စစ်ကိုင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်အပါး ၁၀၀၀ အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်။

ဆက်လက်၍ သီတဂူအဓိပတိ ဆရာတော်ကြီးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ဖူးမျှော်ကြည်ညိုခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား ခဲ့ကြောင်း သိရသည်။

20260303 new 12

20260303 new 12

20260303 new 12

20260303 new 12

20260303 new 12

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက် မြတ်နားတော်တို့အား စစ်ကိုင်းမြို့အတွင်း လှည့်လည်ပူဇော်ခြင်းနှင့် စေတီတော်ကြီး သို့ပင့်ဆောင်ခြင်း အခမ်းအနား တက်ရောက်ခြင်းနှင့် မြို့ဖွံ့ဖြိုးရေးလုပ

မုံရွာ၊ ဖေဖော်ဝါရီ ၂၈

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စစ်ကိုင်းမြို့ အတွင်းလှည့်လည်ပူဇော်ခြင်းနှင့် စေတီတော်ကြီးသို့ ပင့်ဆောင်ခြင်း အခမ်းအနားကို ဖေ ဖော်ဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းတွင်း စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူဝိပဿနာ တက္ကသိုလ်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ နှင့်အလှူရှင်းများ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့် လှစ်ခဲ့ကြပြီး သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ် များက ငါးပါးသီးလခံယူဆောက်တည်ကြသည်။

ယင်းနောက် သီတဂူဆရာတော်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလှူရှင်များ က ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှု တော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စစ်ကိုင်းမြို့အတွင်း လှည့်လည်ပူဇော်ရန်အတွက် မော်တော် ယာဉ်ပေါ်သို့ ပင့်ဆောင်ခဲ့ကြသည်။

ဆက်လက်၍ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇ မဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူဝိပဿနာတက္ကသိုလ်မှ ကျော်ထက်လမ်းဆုံ၊ ကမ်းနားလမ်းနှင့် စစ်ကိုင်း-မုံရွာ ကားလမ်းတစ်လျှောက် စူဠာမဏိကောင်းမှုတော် စေတီတော် မြတ်ကြီးသို့ လှည့်လည်ပူဇော်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧရာဝတီမြစ်ကမ်း စစ်ကိုင်း-မင်းကွန်းကားလမ်း ရေတိုက်စားမှုကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေ ပြုသံကူကွန်ကရစ် ၆၄၀-ပေ ဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု သံကူကွန်ကရစ်လုပ်ငန်းများ ဆောင်ရွက် နေမှုလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည် ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည်းဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကမ်းပြိုကာကွယ် ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု သံကူကွန်ကရစ်လုပ် ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ ကြောင်း သိရသည်။

20260303 new 08

20260303 new 08

20260303 new 08

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.