၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ်၊ နမ့်ပငအသေးစား ရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
မုံရွာ ၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ ဟုမ္မလင်းတပ်နယ်မှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီး နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် နမ့်ပငအသေးစားရေအားလျှပ်စစ်စီမံကိန်း ယာယီရှင်းလင်းဆောင် သို့ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေး မှညွှန်ကြားရေးမှူး ဦးလင်းနိုင်အေးမှ နမ့်ပငအသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက် ရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွား မည့်လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ Powerf Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နမ့်ပငအသေးစားရေအား လျှပ်စစ်စီမံ ကိန်းကြီးပြီးစီးပါက ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည် ဖြစ်ပါ၍ သက်မှတ်ကာလ အတွင်းအရည်အသွေးပြည်မီစွာဖြင့် တည်ဆောက်ပြီးစီးရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာထားကာ ဝန်ထမ်းကောင်းပီသစွာဖြင့် လုပ်ဆောင်ရန်လိုအပ် ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တည်ဆောက်ရေးကုန်ကြမ်းများ အချိန်မီရရှိရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာများကို အလေးထားဆောင် ရွက်သွားကြရန် လိုအပ်ကြောင်းတို့အား အသေးစိတ်မှာကြားကာ တင်ပြချက်များအပေါ်လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နမ့်ပင အသေးစားရေ အားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း၌ ဆောင်ရွက်နေသည့် ပင်မတမံကွန် ကရစ်သွန်းလောင်းခြင်းလုပ်ငန်း၊ ရေယူအဆောက်အအုံဆောက်လုပ်မှုလုပ်ငန်းနှင့် ဓါတ်အားပေး စက်ရုံတည်ဆောက်မည့် မြေနေရာရှင်းလင်းနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင်တည်ရှိ၍ Concrete Gravity Dam တမံအမျိုး အစားဖြစ်ပြီး တပ်ဆင်စက်အင်အားမှာ ၆ မဂ္ဂါဝပ်ဖြစ်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား – ၃၄.၆၈ သန်းကီလိုဝပ်နာရီ ပျဉ်းမျှထုတ် လုပ်နိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကာ ယခုအချိန်တွင် လုပ်ငန်း အားလုံး၏ ၄၂.၂၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ခရိုင်စု ပေါင်းရုံး အဆောက်အဦ တည်ဆောက်ရေးရှင်းလင်းဆောင်သို့ ရောက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် တည်ဆောက်ရေးတာဝန်ခံများက ခရိုင်စုပေါင်းရုံး အဆောက်အဦ် တည် ဆောက်ပြီးစီးမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံ ညွှန်းမီအရည်အသွေးကောင်းမွန်စွာဖြင့် သက်မှတ်ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်ပြီး စီးရေး၊ လုပ်ငန်းများအပေါ်စေတနာထားကာ ဆောင်ရွက်သွားရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်း ရှင်းရေးတို့အား အသေးစိတ်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဟုမ္မလင်းခရိုင် စုပေါင်းရုံး အဆောက်အဦသစ် တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ခိုပဲဝရပ် ကွက်ရှိ ဓမ္မဝိစယဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရွှေပြည်အေးမြို့၊ လောင်းမင်းကျေးရွာ၊ ဇီးပင်သာကျေးရွာနှင့် နောင်ဆန်းကျင်ကျေးရွာများမှ ယာယီနေ ရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများနှင့် ကုညီကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ပွဲအခမ်း အနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယာယီ နေရပ်စွန့်ခွာပြည်သူများအတွက် ကျန်းမာရေး၊ စားဝတ်နေရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးနေမှုနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီဌာနမှ ထောက်ပံ့ပေးအပ်သည့် ရွှေပြည်အေးမြို့၊ လောင်းမင်းကျေးရွာ၊ ဇီးပင်သာကျေးရွာနှင့် နောင်ဆန်းကျင်ကျေး ရွာများမှ အိမ်ထောင်စု ၂၄၉ စု၊ လူဦးရေ ၉၅၆ ဦးအတွက် ၁ လစာ ဆန်ရိက္ခာဖိုးငွေကျပ် – ၈၆၀၄၀၀၀ (ရှစ်ဆယ်ခြောက်သိန်းလေးထောင်ကျပ်)အား ထောက်ပံ့ပေး အပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ယာယီနေရပ်စွန့်ခွာပြည်သူများထံ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိသားစုသုံး ပစ္စည်းများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ယာယီနေရပ်စွန့်ခွာပြည်သူများမှ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အနောက်ဘက် ကန်သာယာကန် ပတ်လမ်း နိုင်လွန်ကတ္တရာလမ်း၊ သာယာလှပရေးလုပ်ငန်းများနှင့် ပြည်ထောင်စုရင်ပြင်ဖွင့်ပွဲ အခမ်းအနား တက်ရောက်
မုံရွာ ၊ ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အနောက်ဘက် ကန်သာယာကန်ပတ်လမ်း နိုင်လွန် ကတ္တရာလမ်း၊ သာယာလှပရေးလုပ်ငန်းများနှင့် ပြည်ထောင်စုရင်ပြင်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကန်ဖွင့်ပွဲမုဒ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူထုစုပေါင်းလမ်းလျှေက်ပွဲတွင်ပါဝင်ဆင်နွှဲသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် တိုင်းဒေသကြီးမြို့တော်ဖြစ်သည့် မုံရွာမြို့၏ ဖွံ့ဖြိုးတိုးတက်ရေး နှင့်သာယာလှပ ရေးလုပ်ငန်းများအား အထူးအလေးထား ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် စနစ်ကျသည့်စံပြမြို့တစ်မြို့ဖြစ်အောင် မြို့တွင်းလမ်း၊တံတား နှင့်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူအများစိတ်ချမ်းမြေ့ ပျော်ရွှင်စွာအပန်းဖြေ အနားယူနိုင်ရေး၊ ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်နိုင်ရေးနှင့် မြို့သာယာလှပရေး လုပ်ငန်းများအား ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ပေးလျှက်ရှိပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအတွက် သာယာလှပစွာ အပန်းဖြေကာ ကျန်းမာ ကြံ့ခိုင်ရေးဆိုင်ရာများ ဆောင်ရွက်နိုင်ရေးအတွက် အနောက်ဘက်ကန်သာယာ၏ ဖွံ့ဖြိုးရေးလုပ် ငန်းများကိုလည်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ရာ ယခုမြင်တွေ့ရသည့်အတိုင်းသာယာလှပပြီး အပန်းဖြေခြင်းနှင့် ကိုယ်ကာယကျန်းမာရေးဆိုင်ရာများကိုဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း၊ မူလကန်ဟောင်းအား ပျမ်းမျှအနက် ၄ ပေတူး၍ နိုင်လွန်ကတ္တရာပတ်လမ်းများ ဖော်ဆောင်ခြင်း၊ မြို့လူထုအတွက် သောက်သုံးရေစစ်ကန်ဆောင်ရွက်ပေးခြင်း၊ ကန်ပတ်လည်နှင့် ရေလည်ကျွန်း များတွင် မြေထိန်းနံရံများ၊ စတီးလက်ရန်းများနှင့် လျှပ်စစ်အလှမီးတိုင်များ ဆောင်ရွက်ပေးခြင်း၊ အရိပ်ရပင်နှင့်ပန်းအလှပင်များစိုက်ပျိုး၍ သာယာလှပအောင် ဆောင်ရွက်ခြင်းတို့အပြင် အခြား ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်းဆုံးဆောင်ရွက်ပေးခဲ့ပါကြောင်း၊ပြည်ထောင်စုကျွန်း၏ ရင်ပြင်(၂)ဧကကိုလည်း နိုင်လွန်ကတ္တရာခင်းခြင်းနှင့် အားကစား၊ ဖျော်ဖြေရေးနှင့် စုပေါင်းလှုပ်ရှားမှုများ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကာ ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ အရှေ့ဘက်ကန်သာယာနှင့်အနောက်ဘက် ကန်သာယာ ကိုယခုကဲ့သို့သာယာလှပ ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့်အတွက် မြို့နေပြည်သူများအနေဖြင့် ကျန်းမာရေးလေ့ကျင့်ခန်းနှင့် အထွေထွေဆောင်ရွက်လိုမှုများကို အစုအဖွဲ့အလိုက်နှင့် တစ်ဦး ချင်းအတွက် ဆောင်ရွက်နိုင်ကြပြီဖြစ်ပါကြောင်း၊ ယခုလို မုံရွာမြို့လယ်ရှိ ရေကန်များအား ထပ်မံ တူးဖော်ကာ ရေသိုလှောင်ထားနိုင်ခဲ့ခြင်းကြောင့် သဘာဝဂေဟစနစ်အား ထိန်းသိမ်းနိုင်ကာ စိမ်းလန်းသည့်ပတ်ဝန်းကျင် စနစ်ကိုဖြစ်ပေါ်စေပြီး လေကောင်းလေသန့်ရရှိ၍ သာယာလှပသည့် သဘာဝပတ် ဝန်းကျင်ကောင်းများကိုလည်း ဖော်ဆောင်ပေးနိုင်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာမြို့နယ်၊ စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးထွန်းထွန်းက မုံရွာမြို့၊ အနောက်ဘက် ကန်သာယာကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်း၊ သာယာလှပရေး လုပ်ငန်းများနှင့် ပြည်ထောင်စုရင်ပြင်ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် အချက်အလက်များ အား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က မုံရွာမြို့၊ အနောက် ဘက် ကန်သာယာကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းနှင့် သာယာလှပရေးလုပ်ငန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အဆိုပါ မုံရွာမြို့၊ အနောက်ဘက် ကန်သာယာကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်း အရှည် – ၅၅၀၀ ပေ၊ အကျယ် – ၂၃ ပေ၊ ၃ လက်မခွဲထုဖြင့် ဆောင်ရွက်ခဲ့ပြီး ကန်ပတ် လမ်းတစ်လျှောက် စတီးလက်ရန်းများ၊ လျှပ်စစ်အလှမီးတိုင်များ၊ စိမ်းလန်းစို ပြေရေးလုပ်ငန်းများနှင့် သာယာလှပရေးလုပ်ငန်းများအား မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အရှေ့ဘက် ကန် သာယာရှိ ပြည်ထောင်စုရင်ပြင်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က မုံရွာမြို့၊ အရှေ့ဘက် ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးတို့က မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း-အလုံမှ ဘင်ခရာ/ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



