slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့အတွင်း စမ်းသပ်သန်းခေါင် စာရင်း ကောက်ယူနေမှု လိုက်လံကြည့်ရှုစစ်ဆေး

 

မုံရွာ ၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့က မုံရွာမြို့၊ ရုံးကြီးရပ်ကွက်အတွင်း ကောက်ကွက် ၂ အား အဖွဲ့ ၅ ဖွဲ့ခွဲကာ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရပ်ကွက်နေပြည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။အဆိုပါ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှုအား ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မုံရွာမြို့နယ်အတွင်းရှိ ရုံးကြီးရပ်ကွက်တွင် ကောက်ကွက် ၂ ကွက်၊ သပြေတော ကျေးရွာတွင် ကောက်ကွက် ၁ ကွက်၊ ကော်လပြကျေးရွာတွင် ကောက်ကွက် ၂ ကွက်၊ ကျွဲရဲ(တ) ကျေးရွာတွင် ကောက်ကွက် ၂ ကွက်၊ ကျွဲရဲ(မ)ကျေးရွာတွင် ကောက်ကွက် ၃ ကွက် စုစုပေါင်း ကောက်ကွက် ၁၀ ကွက်ဖြင့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်းသိရသည်။0-02-06-9f71dcfc8cff7cbb7e5e40b3502e502b3d7c3d79cf5b80e93f721f55c67ed23a_8a2694d7348db529.jpg0-02-06-9f71dcfc8cff7cbb7e5e40b3502e502b3d7c3d79cf5b80e93f721f55c67ed23a_8a2694d7348db529.jpg 0-02-06-3e0fa5f773ddecbc82e536ec1aa194b3cf6fab2ec7cb7cad4ce62089d8176e3f_aa42ce9db84862d2.jpg

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ၉/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးတက်ရောက်

မုံရွာ ၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၉/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း      ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် အဆက်မပြတ် ဆွေးနွေးပူးပေါင်းဆောင်ရွက်ခြင်း၏ ရလဒ်အဖြစ် မုံရွာမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း ဖွင့်လှစ်ပေးနိုင်သကဲ့သို့ စစ်ကိုင်းမြို့တွင် လည်း MSMEs သင်တန်းအထည်ဆေးရေးနှင့် ပန်းပုံရိုက်သင်တန်းအား ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုလို သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာကာ ဒေသ ခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမှာဖြစ်ပါကြောင်း၊ ပွင့်လင်းရာသီရောက် ရှိပြီး ခရီးသွားရာသီ စတင်တော့မည်ဖြစ်သည့်အတွက် ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ နှင့် ဆက်စပ်လုပ်ငန်းများမှ ဝန်ဆောင်မှုကောင်းများပေးနိုင်ရေးအတွက် တာဝန်ရှိသူများမှ ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ထင်ရှားသည့် ဘုရား၊ ပုထိုး၊ စေတီများနှင့် ခရီးသွားဧည့်သည်များ အသွားအလာများသည့် ခရီးစဉ်ဒေသများ တွင် စေတီပုထိုး၊ ဘုရားသမိုင်းနှင့် ခရီးစဉ်ဒေသများအကြောင်းအား အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ပြုလုပ်ထားသည့် QR Code နှင့် Bill Board များ ထားရှိရေး ဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ၊ ခရီးသွားနှင့်ဆက်စပ်သည့် ဌာနဆိုင်ရာများအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ယင်းနောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်း ကော်မတီ ၈/၂၀၂၃ ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ် များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက် မှု၊ ခရီးသွားဒေသများ ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းပန်း ဆက်သွယ်ရေး၊ လုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြ ကြသည်။

 ထို့နောက်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

0-02-06-70d6a8b08486fa430b6471be3b54e436beead9a0ad8aad40a179c1d488aa5aae_2691e1d41cecbf0.jpg 0-02-06-39efd869e4b76c927736f03ddc79cd41dbdb63f91887994eaffe383c207e5ada_f01da7b81f2f2597.jpg

 

 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.