၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်စဉ် (၁၀/၂၀၂၃) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်
မုံရွာ ၊ ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမ နှစ်(ပထမနှစ်ဝက်)နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အမှတ် စဉ်(၁၀/၂၀၂၃) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့၊ နံနက်ပိုင်း တွင် မုံရွာပညာရေးဒီဂရီကောလိပ်ရှိ ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းပြည်၏အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်တို့ပညာပြည့်ဝနှလုံးလှကြပြီး နိုင်ငံတော်နှင့်လူမျိုးအကျိုးကို အားကြိုးမာန်တက်ထမ်းရွက်နိုင်ကြကာ နိုင်ငံတော်၏အလှ နိုင်ငံတော်၏ ဂုဏ်ကို ဖော်ဆောင်နိုင်ကြရန်နှင့် တပည့်များ၏ ပညာအရည်အသွေးမြင့်မားစေရန် ဆရာအရည်အသွေးလည်း မြင့်မားနေရမည်ဖြစ်ရာ ဆရာ၊ဆရာမများသည်လည်း အစဉ်အမြဲလေ့လာ နေကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သော တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့် မားတိုးတက်စေရေး ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေး အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်မှာ ကြားလိုပါကြောင်း၊ သင်တန်းကာလ အတွင်း ကျောင်းသား၊ကျောင်းသူ မောင်မယ်များအနေဖြင့် ဆရာ၊ဆရာမများ၏ သင်ကြားပို့ချ ချက်များအား စိတ်ဝင်တစားဖြင့် ကောင်းမွန်စွာလေ့လာသင်ယူသွားကြရန် မှာကြားလိုပါကြောင်း၊ ဆရာကောင်းတစ်ယောက်၏ ပညာအရည်အချင်းနှင့် စေတနာ၊ ဝါသနာ၊ အနစ်နာဟူ သောစိတ်စေတနာတို့အပေါ်တွင် တပည့်များ၏ဘဝ အကောင်းအဆိုးသည်လည်း တည်မီ လျှက်ရှိပါကြောင်း၊ တပည့်များ၏ ပညာရေးတွင်သာမက လူမှုဆိုင်ရာပြဿနာများ အခက်အခဲ အကြပ်အတည်းများကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်မည့် ဆရာများကို အရည်အချင်းပြည့်ဝစေရေးအတွက် လေ့ကျင့်သင်ကြားပေးနိုင်ရန် အထူးလိုအပ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူ မောင်မယ်များကို အထူးအလေးထားမှာကြားလိုတာကတော့ မုံရွာပညာရေးဒီဂရီကောလိပ်မှ သင်ကြားပို့ချပေးမည့် ပညာရေးဆိုင်ရာ ဘာသာရပ်များအပြင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကျဆုံးဖြစ်သည့် ကာယဗလ၊ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အားကစားပြိုင်ပွဲများတွင်လည်း ပါဝင်ဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း၊ သင်တန်းများပြီးဆုံး၍ နေရာဒေသအသီးသီးမှာရှိသည့် အခြေခံပညာကျောင်းများတွင် တာဝန် ထမ်းဆောင်ကြသည့်အခါ ကျောင်းတော်ကြီးမှရရှိလာသည့် ပညာရပ်များ၊ အတွေ့အကြုံများကို ကောင်းမွန်စွာပြန်လည်အသုံးချသွားကြရန် မှာကြားလိုပါကြောင်း၊ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူ မောင်မယ်များအားလုံးအနေဖြင့် နေ့စဉ်မပြတ်သင်ကြားသင်ယူမှုများ ဆောင် ရွက်ရာတွင် မိမိတို့နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ပြီး ရည်မှန်းချက်ထားကာ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာပညာရေးဒီဂရီကောလိပ်အတွက် ငွေကျပ်-၁၀ သိန်း၊ ပထမနှစ်(ပထမနှစ်ဝက်) ကျောင်းသား၊ကျောင်းသူများအတွက် ငွေကျပ် -၅၁၅၀၀၀၀ (ကျပ်ငါးဆယ်တစ်သိန်းငါးသောင်း)နှင့် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ် ပညာသင်တန်း(PPTT) အမှတ်စဉ်(၁၀/၂၀၂၃) ကျောင်းသား/ကျောင်းသူများ အတွက်ငွေကျပ်- ၂၃၀၀၀၀၀ (ကျပ်နှစ်ဆယ်သုံးသိန်း)တို့အား ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ကျောင်းသူများထံ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထက်မြန်မာပြည် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ မန္တလေးဇုံတွင် ပထမဆုရရှိခဲ့သည့် မုံရွာပညာ ရေးဒီဂရီကောလိပ်မှ အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေများ အားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပထမဆုရရှိခဲ့ သည့် အမျိုးသားပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုဆုငွေများအား လည်းကောင်း၊ တိုင်းဒေ သကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ပူးတွဲတတိယဆုရရှိသည့် အမျိုးသမီးဘော် လီဘောအသင်းအား ဂုဏ်ပြုဆုငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်က အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးရရှိခဲ့သည့် အားကစားသမားအား ဂုဏ်ပြုဆုငွေများအား လည်းကောင်း၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းက အမျိုးသားဘောလုံးပြိုင်ပွဲတွင် အလယ်တန်းအကောင်းဆုံးဆုရရှိသည့် အားကစားသမားအား ဂုဏ်ပြုဆုငွေများအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မင်းမင်းသိမ့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူများက တေး သီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ကပြဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအတွက် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့် ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။








စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
မုံရွာ ၊ ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်း အတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူများအား မသန်စွမ်းမှုအမျိုးအစားအလိုက် အခွင့်အရေးများရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေ သကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီအား တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာအဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်သကဲ့သို့ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ မူဝါဒများချမှတ်နိုင်ရန်အတွက် လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်မှုများအား ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း နေရာဒေသအသီးသီးတွင်ရှိကြသည့် မသန်စွမ်းသူများ၏ဘဝ ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် မြှင့်တင်အားပေး ဆောင်ရွက်နေကြသည့်ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်နေကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါ ကြောင်း၊ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ နည်းပညာစွမ်းအားကိုအသုံးပြုပြီး မသန်စွမ်းသူများဘ၀ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် Video Click အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သီချင်းဆိုပြိုင်ပွဲ၊ ဂိုးဘော ပြိုင်ပွဲ၊ ဘောလုံးကန်ပြိုင်ပွဲ၊ အမြင်အာရုံမသန်စွမ်းပြိုင်ပွဲ၊ ကိုယ်အင်္ဂါမသန်စွမ်း သံလုံးပစ် ပြိုင်ပွဲနှင့် အပ်ချည်ထိုးပြိုင်ပွဲများတွင် ပထမဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ဒုတိယဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက တတိယဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသ ကြီး ပညာရေးမှူးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးတို့က နှစ်သိမ့်ဆုရရှိကြသူများအား လည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များအား အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မသန်စွမ်းသီချင်းဆိုပြိုင်ပွဲများတွင် ဆုရရှိကြသူများက ဆုရတေးသီချင်းများ ဖြင့် ပြန်လည်သီဆိုဖျော်ဖြေကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။










သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



