၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစု ပေါင်းလမ်းလျှောက်ပွဲ တက်ရောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုအားပေး
မုံရွာ ၊ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစုပေါင်းလမ်း လျှေက်ပွဲကို ဒီဇင်ဘာလ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအရှေ့ ဘက်ရှိ ဗိုလ်ချုပ်လမ်းပေါ်တွင် ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မြို့နေပြည်သူများနှင့် အားကစားကို ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများမှ မုံရွာမြို့၊ ပြည်သူအား ကစားကွင်းမှစတင်ကာ ဗိုလ်ချုပ်လမ်းတစ်လျှောက် ကန်သာယာ ရာပြည့်ကပ်ကျော်စေတီတော် မုဒ်ဦးအထိ၊ ထိုမှပြည်သူ့အားကစားကွင်းသို့ သက်မှတ်ထားသောလမ်းကြောင်းအတိုင်း တိုင်းဒေ သကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့်ရပ် ကွက်နေပြည်သူ အင်အား ၄၀၀၀ ကျော်ဖြင့် တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများသည် တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းသို့ ဝင်ရောက်ကြ ပြီး အဆိုပါအားကစားကွင်းကြီးရှိ မြက်ခင်းပြင်၌ စနစ်တကျနေရာယူကြကာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်မောင်မယ်များ၏ ကိုယ်ကာယလေ့ကျင့်ခန်း အမှတ်စဉ် (၁)အမှတ်စဉ်(၂)သရုပ်ပြသမှုနှင့်အတူ သွေးပူလေ့ကျင့်ခန်းအားကစားများ စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများအား ကံစမ်းမဲများဖွင့်ဖောက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကံစမ်းမဲများနှိုက်ပေးကာ ဆုမဲပေါက်သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး နံနက်စာများဖြင့် ဧည့်ခံနေမှုများကို လိုက် လံကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ဖွားနိုင်သည့် ရေနုတ်မြောင်းများအား ရေစီး ရေလာကောင်းမွန်စေရေးတို့အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ဆရာ/ဆရာမများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေး ခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၅ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၆၀၀ ကျော်ဖြင့် အခြေခံပညာကျောင်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။





၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
မုံရွာ ၊ ဒီဇင်ဘာ ၁
၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ဒီဇင်ဘာလ ၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ ဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများ၊ ဌာနပေါင်းစုံမှ ပြိုင်ပွဲဝင်အားကစားသမားများ၊ တာဝန်ရှိသူများနှင့် အရာ ထမ်း၊အမှုထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများအား နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ရေးဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်သလို ဌာနဆိုင်ရာ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ ကျန်းမာကြံ့ခိုင်၍ လုပ်ငန်းခွင်တွင်ပျော်ရွှင်သော ဝန်ထမ်း များဖြစ်လာစေရန်၊ ဌာနဆိုင်ရာဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေ ရန်၊ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျော့နည်းလာစေရန်နှင့် ဌာနဆိုင်ရာအချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိလာစေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲကြီးအား ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း၊ ဌာန အသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ယှဉ်ပြိုင်လျှင်အနိုင်ရမည်ဆိုသည့် အားက စားစိတ်ဓါတ်ဖြင့် အနိုင်မခံအရှုံးမပေး ဇွဲစိတ်ဓါတ်ကိုအရင်းခံပြီး တရားသောယှဉ်ပြိုင်ခြင်းဖြင့် သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်ကစားသွားကြရန်နှင့် မိမိတို့၏ဌာနဂုဏ်ကို အားကစားဖြင့်မြှင့်တင် ပေးကြရန် မှာကြားလိုပါကြောင်း၊ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ၊ နည်းပြများအနေဖြင့် မိမိတာဝန်ယူထားသည့် အသင်းများ စည်းကမ်းတကျရှိစေရေး၊ အနိုင်မခံမရှုံးမပေးစိတ်ဓါတ်ဖြင့် ယှဉ်ပြိုင်ကစားစေရေး၊ အခြားသော ဘေးအန္တရာယ်မရှိစေရေး အထူးဂရုစိုက်ကြပ်မတ်ပေးကြရန်နှင့် ယခုပြိုင်ပွဲများမှ ထူးချွန်သည့် အားကစားသမားကောင်းများပေါ် ထွက်လာပြီး တိုင်းဒေသကြီး၏ဂုဏ်နှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နိုင်ရန် ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန် လိုအပ်ပါကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် ဒိုင်လူကြီး များ၏ဆုံးဖြတ်ချက်အား လေးစားလိုက်နာကြရန်နှင့် အားကစားစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကြိုးစား ယှဉ်ပြိုင်ပြီး အရည်အချင်းပြည့်ဝသည့် မိမိဌာနဂုဏ်၊ တိုင်းဒေသကြီး၏ဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်း ပြောကြားကာ ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲကြီးအား ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက် လံနှုတ်ဆက်အားပေးကာ ပြိုင်ပွဲအားကစားသမားများက စစ်ကြောင်းပုံဖြင့် ကွင်းအတွင်းမှပြန် လည်ထွက်ခွာကြပြီး မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း-အလုံမှ ကျောင်း သား၊ကျောင်းသူများက ဘင်ခရာ/ပန်းပွားနှင့် Fitness Dance တို့ဖြင့် တီးခတ်ကပြဖျော်ဖြေကြသည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဘင်ခရာ/ပန်းပွား၊ Fitness Danceင ၊ အလံနှင့်ဆိုင်းဘုတ်ကိုင်အဖွဲ့များအား ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ချီးမြင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဖွင့်ပွဲစဉ် ဘောလုံးပြိုင်ပွဲ အဖြစ် စီးပွား/တိုင်းရင်းသား/ဉပဒေအသင်းနှင့် သယံဇာတရေးရာအသင်းတို့ ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲကြီးကို ဒီဇင် ဘာလ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် အားကစား ၈ နည်း ဖြင့် ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ပြီး ဝန်ကြီးဌာန ၁၀ ခုမှ ပြိုင်ပွဲဝင်အားကစားသမား ၇၀၀ ဦး ကျော် ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။









သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



